Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, February 22, 2014

အိန္ဒိယ နှစ်နိုင်ငံ နယ်စပ်မှတ်တိုင်းအနီး လူနှစ်ဦး မီးလောင်ကျွမ်း၍ သေဆုံး

တမူး၊ ဖေဖော်ဝါရီ ၂၂

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ကလေး - တမူး အဝေးပြေးကားလမ်းကြီးအနီး နှစ်နိုင်ငံ နယ်စပ်မှတ်တိုင်အကြားတွင် ယခုလ ၂၀ ရက်နေ့ မနက် ၈ နာရီခွဲ အချိန်ခန့်က လူနှစ်ဦး မီးလောင်ဒဏ်ရာများဖြင့် မှောက်လျက်သေဆုံးနေသည့်အတွက် ခမ်းပတ်နယ်မြေရဲစခန်းမှူး ရဲအုပ် ခင်မောင်အေးနှင့် အဖွဲ့မှ သွားရောက်စီစစ်ခဲ့ရကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးက မဇ္ဈိမသို့  ပြောသည်။

လူနှစ်ဦး မီးလောင်သေဆုံးနေသည့်နေရာမှာ တဘက်နိုင်ငံရှိ ဂျန်နိုဖိုင် ( Jangnon Phi ) ကျေးရွာအနီး မြန်မာ - အိန္ဒိယ နှစ်နိုင်ငံနယ်စပ် ကျောက်တိုင်အမှတ်( BP – 62 ) အကြားတွင်ဖြစ်ကြောင်း ရဲဌာန၏ မှတ်တမ်းများတွင် ဖော်ပြထားသည်။ သေဆုံးသူ လူနှစ် ဦးမှာ အမျိုးသားများဖြစ်ကြသည်။ ထိုသူနှစ်ဦးမှာ ယခုလ ၁၁ ရက်နေ့ မနက်ပိုင်းက တမူး - မိုးရေး နယ်စပ်ဖြတ်ကျော် အမှတ် (၂) ဂိတ်စခန်းမှ တစ်နေ့တာ နိုင်ငံဖြတ်ကျော်ခွင့်လက်မှတ်များကိုင်ဆောင်၍ မြန်မာနိုင်ငံအတွင်း သို့ ၀င်ရောက်၍ တဘက်နိုင် ငံသို့ပြန်လည်ထွက်သွားခြင်းမရှိဘဲ ပျောက်ဆုံးနေသည့် အိန္ဒိယနိုင်ငံသားနှစ်ဦးတို့ ဖြစ်နိုင်ဖွယ် ရာရှိကြောင်း ဂျန်နိုဖိုင် ( Jangnon Phi ) ကျေးရွာအုပ်ချုပ်ရေးမှူး ဦးလက်ခိုဘန်းက ခမ်းပတ်နယ်မြေရဲစခန်းမှူး ရဲအုပ် ခင် မောင်အေးနှင့် အဖွဲ့ထံ မှတ်ချက်ပြု ပြောပြခဲ့သည်ဟု သိရသည်။

အဆိုပါ မီးလောင်သေဆုံးလျက်ရှိသည့် အလောင်းနှစ်လောင်းရှိရာအရပ်သို့ တမူးခရိုင် အုပ်ချုပ်ရေးမှူး အဖွဲ့နှင့် အိန္ဒိယနိုင်ငံ SDPO (ခရိုင်ခွဲရဲဝန်) H. Balram Singh နှင့်အဖွဲ့မှ လာရောက်ကြည့်ရှု့၍ တဘက်နိုင်ငံမှ ပျောက်ဆုံးနေသော အိန္ဒိယနိုင်ငံ သား အမျိုးသားနှစ်ဦးဖြစ်နိုင်ကြောင်း အတည်ပြုချက်ရယူပြီး မီးလောင်ရုပ်ကြွင်းများကို မိုးရေးမြို့သို့ ယခုလ ၂၀ ရက်နေ့ မွန်း လွှဲ ၂ နာရီ ၄၅ မိနစ်အချိန်တွင် သယ်ယူသွားခဲ့ကြောင်း သိရသည်။

ယခုလ ၁၁ ရက်နေ့ မနက်က အိန္ဒိယနိုင်ငံ မိုဘိုင်းမြို့နေ Satadin da Singh ဆိုသူနှင့် ဥတရာပရာဒေရှ်ပြည်နယ်နေ Dalgiagid Singh ဆိုသူ အိန္ဒိယနိုင်ငံ သားနှစ်ဦးတို့သည် တစ်နေ့တာ နိုင်ငံကူး နယ်စပ်ဖြတ်ကျော် လက်မှတ်များဖြင့် မိုးရေး - တမူး အမှတ် (၂)နယ်စပ်ဂိတ်မှ မြန်မာနိုင်ငံအတွင်းသို့ သွားတိုက် ချေးချွတ်ဆေးများရောင်းချရန် ၀င်ရောက်ခဲ့ကြောင်း နယ်စပ်လုံခြုံရေး အဖွဲ့ဝင် လ၀ကမှူး တစ်ဦးက ပြောပြသဖြင့် သိရှိရသည်။

သတင်း၊ ကိုတိုးကြီး (facebook)


No comments:

Post a Comment