Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, February 23, 2014

ကျောင်းဆိုတာ ဆီဆိုင်လား၊ အလှပြင်ဆိုင်လား၊ ကိုယ်ကာယလေ့ကျင့်ခန်းမလား၊ တရားစခန်းလား

http://4.bp.blogspot.com/-d25B7iQ2dxg/UkZ8d7Nc26I/AAAAAAACH1Q/2Hsp9t-YHcA/s1600/6.jpg
လူတချို့က ကျောင်းတွေကိုဓာတ်ဆီဖြည့်တဲ့ စတေရှင်ဆီဆိုင်တွေလိုသဘောထားတယ်။ လိုရာခရီးကို သွားနိုင်ဖို့ ဆီလာလာဖြည့်ကြတယ်။ ဆီလိုရင်ဆီနည်းနေရင်လာဖြည့်တယ်။ ပြီးရင်လိုရာခရီးကို ဆက်သွားတယ်။ ငွေကလွဲရင်ဘာမှစိုက်မထုတ်ချင်ဘူး၊ အပင်ပန်းမခံချင်ဘူး။ အချိန်လည်း အကုန်မခံ ချင်ဘူး။ မြန်လေကောင်းလေပဲ။ ဆီကောင်းကောင်းဝယ်၊ ဈေးကောင်းနဲ့ရောင်းနေကြတယ်။ ဆီဖြည့်တဲ့ သူတွေနဲ့ ကားပိုင်ရှင်တွေနဲ့ အရောင်းအဝယ်ဖြစ်နေကြတယ်၊ ဟုတ်နေကြတယ်။
တချို့လူတွေက ကျောင်းတွေကို အလှပြင်ဆိုင်တွေလို ထင်ထင်နေကြတယ်၊ ထင်ထားတဲ့အတိုင်း လည်း နေထိုင်နေတတ်ကြတယ်။ ဆိုင်ထဲကိုဝင်လာတယ်။ ပြီးတော့ အခန့်သားအလှပြင်ခံတယ်။ မဂ္ဂဇင်းလေးဖတ်ပြီး အလှပြင်ခံတယ်။ ပြီးရင်ကြော့ကြော့လေး ပြန်ထွက်သွားတတ်ကြတယ်။ အဲသည် လိုကျောင်းတွေကို တစ်ပွဲတိုးတစ်ခါစဉ်းစားနဲ့ စဉ်းစားတတ်ကြတယ်။
တချို့လူတွေက ကျောင်းတွေကို ကိုယ်ကာယလေ့ကျင့်ရေးခန်းမလို သဘောထားတတ်ကြတယ်။ ဂျင် (gym) ကိုလာကစားတယ်၊ နည်းခံယူတယ်။ ဒါပေမဲ့ဂျင်ကိုလာတဲ့သူက ဆီဆိုင်လိုငွေပေးပြီး ဖြည့်လို့ မရသလို အလှပြင်ဆိုင်တွေလိုလည်း ကြော့ကြော့လေး အလှပြင်ပြီး ပြီးမသွားဘူး။ ငွေကြေးအသင့် အတင့် စိုက်ထုတ်ရသလို အချိန်တွေလည်း တော်တော်ပေးရတယ်။ ကိုယ်ကိုယ်တိုင်လည်း အင်တိုက် အားတိုက် ကစားပေးရတယ်။ အချိန်နဲ့အမျှ ပိုမိုခက်ခဲလာတယ်။ လေ့ကျင့်ရေးခန်းမထဲမှာ ဘယ် လောက်ပဲလုပ်ခဲ့ ကစားခဲ့အပြင်ဘက်မှာလည်း နေချင်သလိုနေ၊ စားချင်သလိုစားနေလို့ မရဘူး။ လိုက်လျောညီထွေရှိအောင် နေထိုင်ပြုမူရတယ်။ အလေ့အကျင့်ပျက်သွားလို့မရဘူး။
တကယ်တော့ကျောင်းဆိုတာ စာတစ်ခုတည်း သင်ပေးတဲ့နေရာမဟုတ်ဘူး။ လူမှုပေါင်းသင်းဆက်ဆံ ရေးတွေ၊ ခေါင်းဆောင်အရည်အချင်းတွေ၊ အကျင့်စရိုက်တွေကို သင်ပေးပြင်ပေးတဲ့နေရာတွေပါ။ လာတဲ့သူတွေ ပိုတော်ပိုတက်အောင်ပြုလုပ်ပေးရတဲ့ နေရာ၊ တော်တဲ့သူတွေဆိုရင် အခြားလူတွေ ထက်ပိုဆိုးလို့ သည်လူတွေကိုစိတ်ထားကိုပါ ပြုပြင်တည့်မတ်ပေးဖို့ လိုမှာဖြစ်ပါတယ်။ ဆရာတော် အရှင်ဇနကာဘိဝံသ မိန့်သလိုတော်တတ်တဲ့လူတွေဟာ စိတ်ရင်းစေတနာကောင်းဖို့ လိုတာကိုလည်း တိုက်တွန်းရပါမယ်။ စည်းကမ်းသေဝပ်လိုက်နာအောင်လည်း သင်ပေးလိုက်ရမယ့် နေရာပါ။
ကုမုဒြာသတင်းဂျာနယ်
အတွဲ(၃)၊ အမှတ်(၄၆)၊ ဖေဖော်ဝါရီ ၁၈၊ ၂၀၁၄

No comments:

Post a Comment