Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, February 28, 2014

မန္တလေးကျုံးတွင် နှစ်ရက်ဆက်တိုက် အလောင်းနှစ်လောင်းတွေ့

မန္တလေး၊ ဖေဖော်ဝါရီ ၂၇
မန္တလေးမြို့ဂုဏ်ဆောင် ရှေးဟောင်း ယဉ်ကျေးမှု နေရာများတွင် ထိပ်ဆုံးမှ ပါဝင်သော မန္တလေး ကျုံးအတွင်းနှင့် ကျုံးအနီးတွင် ဖေဖော်ဝါရီလ ၂၆ ရက်နှင့် ၂၇ ရက်နေ့ နှစ်ရက်ဆက်တိုက် အလောင်း နှစ်လောင်း တွေ့ရှိ ရကြောင်း သက်ဆိုင်ရာထံမှ သတင်းရရှိသည်။
မန္တလေးမြို့ အောင်မြေသာစံမြို့နယ် လမ်း၈၀၊ ၁၇x၁၈ လမ်းရှိ ကျုံးရေပြင်တွင် ဖေဖော်ဝါရီလ ၂၆ ရက်နေ့ ညနေ ၆ နာရီအချိန်က အသက် ၅၀ နှစ်အရွယ်ရှိ ဦးတင်မောင်အေးသည် ပြင်ပဒဏ်ရာ မရှိဘဲ ရေနစ် သေဆုံးနေကြောင်း အောင်မြေသာစံ မြို့နယ် အမှတ် (၂) ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ဦးတင်မောင်အေးသည် အောင်မြေသာစံ မြို့နယ်တွင် နေထိုင်သူဖြစ်ပြီး သေဆုံးသူသည် အဆိုပါနေ့ နံနက်ခင်းပိုင်းတွင် အိမ်မှထွက်သွား၍ လိုက်လံရှာဖွေနေသူ ဖြစ်ကြောင်း သေဆုံးသူ၏ အစ်မဖြစ်သူ ပြောပြချက်အရ သိရသည်ဟု မှုခင်းမှတ်တမ်းထဲတွင် ဖော်ပြထားသည်။
“အမရဌာနီ အရှေ့ရပ်ကွက်ထဲကလို့ သိရတယ်။ မနက်က နေအိမ်ကနေ ထွက်သွားတဲ့သူလို့လည်း ပြောတယ်” ဟု ကလျာဏ မိတ္တလူမူကူညီရေးအသင်းမှ တာဝန်ခံ ဦးခင်မောင်မြင့်က ပြောကြားသည်။
အဆိုပါ ကျုံးရေပြင်တွင် ပြင်ပဒဏ်ရာ မရှိဘဲ သေဆုံးမှုနှင့် ပတ်သက်ပြီး အောင်မြေသာစံမြို့နယ် အမှတ် (၂) မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးတွင် သေမှုသေခင်း အမှတ်စဉ် ၅/၂၀၁၄ အရ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ယင်းအပြင် ဖေဖော်ဝါရီ ၂၇ ရက်နေ့ ညနေ ၄ နာရီအချိန်ခန့်ကလည်း မန္တလေး ကျုံးဘေး တောင်ဘက် ပလက်ဖောင်းပေါ်တွင် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦး အာဟာရပြတ် သေဆုံးနေကြောင်း ကလျာဏမိတ္တ လူမူကူညီရေးအသင်းထံမှ သိရသည်။
The Voice Weekly

No comments:

Post a Comment