Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 26, 2014

ဖေ့စ်ဘွတ်မှာ Unfriend လုပ်သူကို သိနိုင်သည့် Application

Conficker

ဖေ့စ်ဘွတ်သုံးတဲ့သူတိုင်း သူငယ်ချင်းတွေကို ထပ်ထည့်နိုင်ပေမယ့် ကိုယ့်ကိုသူငယ်ချင်းမလုပ်တော့ သူ (Unfriend) တွေကိုတော့ အလွယ်တကူမသိနိုင်ပါဘူး။ ခင်မင်ရတဲ့သူတွေရဲ့ Post တွေကို မမြင်ရတော့ တဲ့အခါမှ ကိုယ်နဲ့သူ သူငယ်ချင်းမဟုတ်တော့မှန်း၊ ကိုယ့်ကို သူငယ်ချင်းမလုပ်တော့မှန်း (Unfriend) သိကြရတော့တာပါ။

အခု ဒီ App လေးကတော့ ကိုယ့်ကိုတစ်ယောက်ယောက်က Unfriend လုပ်သွားပြီဆိုတာနဲ့ အချက်ပေး (Notification) သွားမှာပဲဖြစ်ပါတယ်။ ဒီ App ကို သုံးချင်တယ်ဆိုရင်တော့ သုံးတဲ့ Browser က ပထမ ဆုံး Google Chorme ဖြစ်ရပါမယ်။ ဒီမှာအများဆုံးသုံးနေကျဖြစ်တဲ့ Mozilla Firefox ဆိုရင် ဒီ App က အလုပ်လုပ်မှာ မဟုတ်ပါဘူး။

Chrome Browser ရှိပြီးသားဆိုရင်တော့ Chrome Web Store ထဲကSearch Box မှာ "Unfriend Notify for Facebook" ဆိုတဲ့နာမည်ကို ရိုက်ချလိုက်ပြီး အခမဲ့သွားရောက် Download ဒါမှမဟုတ် Add ရယူနိုင်ပါတယ်။ ပြီးရင်တော့ ဒီ Add ဟာ Chrome Browser ရဲ့ Extension အနေနဲ့ ၀င်ရောက်သွား ပါလိမ့်မယ်။

ဒီ App ကို Download လုပ်ပြီး/မပြီး ကိုတော့ ကိုယ့် Facebook Timeline ထဲက Friends ကို နှိပ်ကြည့် လိုက်ရင် Friends ဆိုတဲ့စာသားရဲ့ဘေးမှာ Lost Friends (…) ဆိုပြီး ပေါ်လာပါလိမ့်မယ်။ (ပုံ- Screenshot- 01) ကွင်းထဲမှာတော့ ကိုယ့်ကို ဘယ်နှယောက်က Unfriend လုပ်သွားလဲဆိုတဲ့အရေအ တွက်ကို မြင်ရမှာပါ။ ပြီးတော့ သူငယ်ချင်းတစ်ယောက်က ကိုယ့်ကို Unfriend လုပ်သွားပြီဆိုရင် အသုံး ပြုသူကို Notification အနေနဲ့ ပြမှာဖြစ်ပါတယ်။

App ကို Download လုပ်ပြီးသွားပြီဆိုတာနဲ့ ညာဘက်ထောင့်အောက်ခြေမှာSetting Boxကလေး တစ်ခု ကျလာပါလိမ့်မယ်။ ဒီSetting ထဲမှာNoti ပြတာကို ဘယ်ဘက်၊ ညာဘက်၊ အထက်၊ အောက် မိမိနှစ် သက်ရာနေရာကို ရွေးချယ်နိုင်ပါတယ်။

Mizzima - News in Burmese

No comments:

Post a Comment