၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ (၂၃) ရက်နေ့ နေ့လည် (၃)နာရီ ခွဲ အချိန်ခန့်တွင်
မြိတ်မြို့ မြိတ်တောင် ရပ်ကွက် စက်ဝင်းရပ် ဒိုင်လမ်း နှင့် သဇင်ခွဲ
လမ်းထောင့် မုန့်ဆိုင်အရှေ့ ၌ စိတ်မနှံ့သူဟု ယူဆရသူ တစ်ဦးမှ လမ်းသွား
လမ်းလာများအား ပုဆိန်တစ်လက် ၊ ဓားရှည် တစ်လက် ဖြင့် လိုက်လံ
ခုတ်ထစ်မှုကြောင့် အမျိုးသမီး တစ်ဦးနှင့် သူငယ်တန်း ကျောင်းသား တစ်ဦး
သေဆုံးပြီး ဒုတိယတန်း ကျောင်းသား တစ်ဦး မြိတ်ဆေးရုံကြီးတွင် အတွင်း
လူနာအဖြစ် ကုသနေရကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မြိတ်မြို့ ဘုရားကိုင် မူလတန်း လွန်ကျောင်းမှ ကျောင်းဆင်းချိန်၌
မောင်ဖြိုးဝေယံ ၊(မိဘ) ဦးသန်းဝေ -ဒေါ်ထားနွယ်၊ အသက် (၈)နှစ်၊ ဒုတိယတန်း၊
နှင့် မောင်ဟိန်းမင်းအောင်၊ အသက် (၇)နှစ်၊ သူငယ်တန်း၊ (မိဘ) ဦးကြည်ရှိန်၊
ဒေါ်စောမြ ၊ ငုဝါ (၃) လမ်း စက်ဝင်းရပ် နေသူနှင့် ဒေါ်နှင်းနှင်းဝေ အသက် (၃၀) ၊
(ဘ) ဦးမြင့်ဆွေ ၊ ကျောင်းဈေးရောင်း တို့သည် နေအိမ်သို့ ပြန်လာစဉ်
စက်ဝင်းရပ် ဒိုင်လမ်းနှင့် သဇင်ခွဲလမ်းထောင့် အရောက်၌ စိတ်မနှံသူဟု ယူဆရသော
ကျော်နိုင် အသက် (၄၀)နှစ် ၊ အမှတ်(၄၄) သဇင်လမ်း စက်ဝင်းရပ် နေသူမှ ပုဆိန်
တစ်လက် ၊ ဓားရှည် တစ်လက် ကိုင်ဆောင်၍ လိုက်လံ ခုတ်ခဲ့ရာ
မောင်ဟိန်းမင်းအောင်နှင့် နှင့် ဒေါ်နှင်းနှင်းဝေ တို့မှာ ဦးခေါင်း ခုတ်ထစ်
ဒဏ်ရာများ ရရှိပြီး ဆေးရုံရောက်စဉ် သေဆုံး သွားပြီး မောင်ဖြိုးဝေယံမှာ
ဦးခေါင်း ခုတ်ထစ် ဒဏ်ရာဖြင့် ဆေးရုံ၌ အတွင်းလူနာ အဖြစ် ကုသခံနေရကြောင်း
သိရသည်။
ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ဓားခုတ် တရားခံဖြစ်သူ ကျော်နိုင်အား မြိတ်မြို့မ
ရဲစခန်းမှ (ပ) အမှတ် (၆၅/၂၀၁၄) ၊ ပြစ်မှု ပုဒ်မ ၃၂၆/ ၃၀၂ ဖြင့် အမှုဖွင့်
ဖမ်းဆီး အရေးယူ ထားကြောင်း သတင်းရရှိသည်။
မြိတ်ပုလဲမြေ
ဓာတ်ပုံ - (စွပ်ကျယ် အကျီ င်္နှင့် ပတ်တီးစည်းထားသူမှာ ဓားခုတ်သူ တရားခံ ဖြစ်သည်။ )
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, January 23, 2014
မြိတ်မြို့၌ စိတ်မနှံ့သူ တစ်ဦးမှ ပုဆိန်ဖြင့် ခုတ်၍ အမျိုးသမီး (၁)ဦးနှင့် ကျောင်းသား(၁)ဦးသေဆုံး၊ ကျောင်းသားတစ်ဦး အတွင်း လူနာ အဖြစ် ကုသနေရ
မြိတ်မြို့၌ စိတ်မနှံ့သူ တစ်ဦးမှ ပုဆိန်ဖြင့် ခုတ်၍ အမျိုးသမီး (၁)ဦးနှင့် ကျောင်းသား(၁)ဦးသေဆုံး၊ ကျောင်းသားတစ်ဦး အတွင်း လူနာ အဖြစ် ကုသနေရ
Reviewed by VC
on
January 23, 2014
Rating: 5
Reviewed by VC
on
January 23, 2014
Rating: 5
Subscribe to:
Post Comments (Atom)



No comments:
Post a Comment