Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 29, 2014

ဆီးဂိမ်းပွဲတော်နှင့် တိုက်ဆိုင်ခဲ့သောကြောင့် ရွှေပန်းထိမ်လုပ်ငန်းများ လုပ်ငန်းပိုမိုတွင်ကျယ်လာ

ပြည်တွင်းရှိ ရွှေပန်းထိမ်လုပ်ငန်းများသည် ဆီးဂီမ်းပွဲတော်နှင့် တိုက်ဆိုင်ခဲ့ခြင်း၊ ပွင့်လင်း လာသောဈေးကွက်များ ရောက်ရှိလာခြင်း တို့ကြောင့် ယခုနှစ်တွင် အပ်ထည်များနှစ် ဆခန့် မြင့်တက်လာပြီး လုပ်ငန်းများ ပိုမိုတွင်ကျယ် လာခဲ့ကြောင်း ယင်းလုပ်ငန်းများမှ သိရသည်။

ယခုနှစ်အတွင်း ပြည်ပမှ နိုင်ငံခြားသားများ ပိုမို လာရောက်ခဲ့သည့်အတွက် ဈေးကွက်ကျယ်ပြန့် လာပြီး နိုင်ငံခြား ခရီးသည်များကို ရောင်းချရန် အတွက် ရွှေဆိုင်များမှ အပ်ထည်များ ဆက်တိုက် ဝင်ရောက် လာခဲ့သောကြောင့် လုပ်ငန်းများ တိုးတက်လာကြောင်း နဝရတ်ေ၇ွှပန်းထိမ်မှ ဦးသန့်ဇင်ထွန်းက ပြော ကြားသည်။

“ပွင့်လင်းလာတော့ကျယ်ပြန့်လာတယ် အဲဒီသဘောပေါ့၊ ရွှေဈေး အရင်နှစ်တွေကထက်  ကျသွားတာ ကြောင့်လဲပါတယ်၊ ဆီးဂိမ်းနဲ့လဲ ဆုံလိုက်တော့ နိုင်ငံခြားသားတွေ ဆွဲဆောင်နိုင်ဖို့တွက် လုပ်ငန်းပိုဖြစ်လာတယ်၊ အရင်နှစ်တွေထက်စာရင်တော့ ပိုပြီးကောင်းမယ်လို့ ခန့်မှန်းရတယ်” ဟု ၎င်းကပြောသည်။

ပြည်တွင်းမှ လက်ရာကောင်းသော ရွှေလက်ဝတ်ရတနာဒီဇိုင်းများကို ပြည်ပသို့တင်ခြင်းများလည်း ရှိပြီး ပြည်ပမှ ထိုင်ဝမ်စက်များဖြင့် ပြုလုပ်သောလက်ရာသန့်သည့် ဒီဇိုင်းများလည်း ဝင်ရောက် ခင်းများလည်းရှိကြောင်း သိရသည်။
ယင်းသို့ ရွှေပန်းထိမ်လက်ရာများကို ပြုလုပ်ရာတွင် ရွှေဘယက်တစ်ခုကို လက်ခအနေဖြင့် ရွှေ ၄ ရွေးမှ ရွှေ တစ်ကျပ်သားနှစ်ကျပ်သားအထိ လက်ခပေးရကြောင်း၊ စိန်ဘယက်တစ်ခုလျှင် ကျပ်သိန်းရာချီထောင်ချီ ရှိသည့်အတွက် ထိုကဲ့သို့ လက်ခပေးရကြောင်း ယင်းဈေးကွက်အတွင်းမှ စုံစမ်းသိရသည်




Credit: Myanmar Spectrum

No comments:

Post a Comment