Wednesday, January 29, 2014၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့် (၂၇) ကြိမ်မြောက် Sea Game အားကစားပွဲတော်ကြီး၏ အမျိုးသားဘောလုံး အားကစားပြိုင်ပွဲ၊ အုပ်စုပွဲစဉ်တစ်ခုဖြစ်သည့် မြန်မာနှင့်ထိုင်းပြိုင်ပွဲတွင် ညာဘက်ခြေကျင်းဝတ်၌ အရွတ်လုံးဝစုတ်ပြဲသည့် ဒဏ်ရာရရှိခဲ့သော မြန်မာ့လက်ရွေးစင် ဘောလုံးသမား ကြည်လင်း၏ အားကစားသမား ကိုယ်အင်္ဂါထိခိုက်မှုအာမခံလျော်ကြေးငွေ ပေးအပ်ပွဲကို ယနေ့ (၂၉-၁-၁၄) ရက်နေ့ နံနက် (၁၁) နာရီတွင် နိုင်ငံသားစီးပွားရေး အာမခံ အများပိုင် လီမိတက် (ရုံးချုပ်) တွင် ပေးအပ်ခဲ့ပါသည်။
မြန်မာ့လက်ရွေးစင်ဘောလုံးသမားကြည်လင်းသည် မိခင်ကလပ်ဖြစ်သည့် ရန်ကုန်ယူနိုက်တက်ဘောလုံးအသင်းတွင် ကစားနေစဉ်အတွင်း (၃-၇-၁၃) ရက်နေ့တွင် နိုင်ငံသားစီးပွားရေးအများပိုင် လီမိတက်၌ "အားကစားသမားကိုယ်အင်္ဂါထိခိုက်မှုအာမခံ" ၅ ယူနစ်ကို ၀ယ်ယူထားရှိခဲ့ခြင်းအတွက် အကျိုးခံစားခွင့်ငွေ ကျပ် ၁၀၅၀၀၀၀ိ/- (ကျပ် ဆယ်သိန်းငါးသောင်းတိတိ) ကို ရရှိခဲ့ခြင်းဖြစ်ပါသည်။
အဆိုပါပေးအပ်ပွဲအခမ်းအနားတွင် နိုင်ငံသားစီးပွားရေး အာမခံ အများပိုင် လီမိတက်၏ ဦးဆောင်ညွှန်ကြားရေးမှူး ဦးသောင်းဟန်မှ လျော်ကြေးငွေကို ပေးအပ်ခဲ့ပါသည်။ အခမ်းအနားသို့ မြန်မာ့အလင်း၊ The Voice Daily, 7 Days, Trade Time, Yangon Time, MRTV 4 နှင့် Sky Net မှ သတင်းမီဒီယာသမားများတက်ရောက်၍ သတင်းရယူခဲ့ပါသည်။
CB Insurance







No comments:
Post a Comment