Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 29, 2014

ကျောင်းထိုင်ဘုန်းကြီးက ၁၃နှစ် အရွယ် မိန်းကလေးအား မုဒိမ်းကျင့်


၂၄.၁.၂၀၁၄ ရက်နေ့ ညနေ ၆း၃၀ နာရီ အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ တင်းတောင်းချောင်ကျေးရွာနေ (ဘ)ဦးဖိုးထောင်၏သမီး မစု ၊အသက် ၁၃ နှစ်သည် တောစွန်းကျေးရွာသို့ ဗီစီဒီ အခွေ သွားရောက်ငှားရမ်းပြီး နေအိမ်သို့ စက်ဘီးဖြင့် တစ်ဦးတည်းပြန်လာစဉ် အဓမ္မပြုကျင့် ခံရကြောင်း သစ်ထူးလွင် မှ သတင်းရရှိပါတယ်။
တောစွန်းကျေးရွာနှင့် တင်းတောင်းချောင် ကျေးရွာ အကြား ကွင်းထဲလမ်းတွင် သုံးခွမြို့နယ်၊ တင်းတောင်းချောင်ကျေးရွာ၊ ဓမ္မပါလ ကျောင်းတိုက် ကျောင်းထိုင်ဘုန်းကြီး ဦးကုဝေရ ၊သက်တော် ၄၀ နှစ်၊ ၀ါတော် ၂၀ နှင့် တောစွန်းကျေးရွာနေ (ဘ)ဦးထွန်းအောင်၏သား မောင်မျိုးဦး၊ အသက် ၃၃ နှစ် တို့နှစ်ဦးက အဓမ္မပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ စွပ်စွဲခံရသူ နှစ်ဦးက မစု၏ စက်ဘီးအား ရှေ့မှ တားဆီး ရပ်တန့်စေကာ မောင်မျိုးဦးက စက်ဘီးအား ဆွဲယူသွားပြီး၊ ဘုန်းကြီးဦးကုဝေရ က မစုအား အဓမ္မ လက်ကိုဆွဲ၍ အနီးရှိ ရေခမ်းခြောက်နေသည့် ချောင်းထဲသို့ ခေါ်ဆောင်သွားပြီး အလိုမတူ သားမယားအဖြစ် ပြုကျင့်ခဲ့သည့် အတွက် ဖခင်ဖြစ်သူ ဦးဖိုးထောင်က တင်းတောင်းချောင် ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အလန်းကုန်း ကျေးရွာ ရဲစခန်းတွင် ချက်ချင်း တိုင်တန်း ခဲ့တာဖြစ်ပါတယ်။
အဆိုပါ အမှုကို ၂၉.၁.၂၀၁၄ ရက်နေ့တွင် သုံးခွမြို့မ ရဲစခန်းတွင် အမှုဖွင့် တိုင်တန်းခဲ့ကြောင်း ၊ရဲစခန်းက ပြစ်မှုဆိုရာ ဥပဒေပုဒ်မ ၃၇၆ အရ အမှုဖွင့်ကာ စခန်းမှုးဦးစောဝင်းက အမှုကို လက်ခံ စစ်ဆေးနေကြောင်း သစ်ထူးလွင် မှ စုံစမ်းသိရှိရပါတယ်။
by Thit Htoo Lwin

No comments:

Post a Comment