Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 21, 2014

သစ်သားမှ ဒေါ်လာအဖြစ်သို့ ပြောင်းလဲပစ်သူ

ဒီပုံကိုကြည့်ရင် ကတ်ထူပုံးထဲ ထည့်ထားတဲ့ဒေါ်လာငွေစက္ကူတွေလို့ ပဲမြင်ကြမယ်လို့ ထင်ပါတယ်။ တကယ်တော့  ဒါဟာ သစ်သားနဲ့ ထုလုပ်ထားတဲ့ပန်းပုရုပ်တစ်ခုပါ။ တကယ့်ငွေစက္ကူအစစ်တွေလို့ ထင်မှတ်မှားရတဲ့လက်ရာမြောက်ပန်းပုလက်ရာပါ။ 

ရန်းဒေါရိုဇန်သာဟာ ကတ်ထူပုံးထဲမှာထည့်ထားတဲ့ဒေါ်လာတွေရဲ့ ပုံကိုပန်းပုထုပြီးနာမည်ကျော်ကြား ခဲ့ပါတယ်။အမှန်စစ်စစ်တော့ သစ်သားပန်းပုထုပြီးဆေးချယ်ထားတဲ့အနုပညာလက်ရာပါ။

"ကျနော့်မိန်းမက ပိုက်ဆံရှာခိုင်းတယ်ဗျာ။ဒါနဲ့ သူ့ ဖို့ ပိုက်ဆံတွေရှာပေးလိုက်တာပါ" လို့ အသက် ၆၆နှစ်ရှိပြီဖြစ်တဲ့ရန်းဒေါက ဟာသနှောပြီးပြောပါတယ်။ 

ရန်းဒေါကသူ့ အမျိုးသမီးကာရန်နဲ့ နယူးယော့၊စပရင်းမှာနေပါတယ်။၁၉၉၇ခုနှစ်မှာ သူ့ ရဲ့ သစ်သားပန်းပုအလုပ်နဲ့  ပန်းချီဆွဲခြင်းနှစ်ခုကိုပေါင်းစပ်ပြီး သမ္မာကျမ်းစာအုပ်ပွင့်နေပုံ ပန်းပုရုပ်ကို စတင်ဖန်တီးခဲ့ပါတယ်။သမ္မာကျမ်းစာရဲ့ အ၀ါရောင်စာမျက်နှာတွေကိုဆေးချယ်နေရင်း ဒီအလုပ်နဲ့ ပိုက်ဆံရနိုင်တယ်ဆိုတာအလင်းပွင့်သွားခဲ့ပါတယ်။

နောက်တော့ စာအိတ်ထဲကပိုက်ဆံတွေပုံကို ပန်းပုထုပြီးရောင်းချပါတယ်။ ဘေ့ဘော၊ စာအုပ်၊သတင်းစာစသဖြင့်အစုံ ဖန်တီးခဲ့ပေမယ့်လူတွေက သူ့ ရဲ့ ငွေစက္ကူသဏ္ဍာန် ထုလုပ်ထားတဲ့ပန်းပုရုပ်တွေကိုပိုမျက်စေ့ကျ ကြတယ်။ ပန်းပုရုပ်တစ်ခုပြီးစီးဖို့ သုံးလကနေလေးလကြာတတ်ပြီး
ဆေးချယ်ဖို့ အချိန်တစ်ဝက်၊ သစ်သားကိုထွင်းထုဖို့ အချိန်တစ်ဝက်ပေးရပါတယ်။

သူ့ အလုပ်အကြောင်းကိုပြောပြရာမှာ "အလုပ်နှစ်ခုကတော့ဆန့် ကျင်ဖက်ပါပဲ။ သစ်သားနဲ့ ပုံဖော် တဲ့နေရာ မှာတော့ နည်းနည်းလေးမှအမှားမခံပါဘူး။ဆေးချယ်တာကတော့သစ်သားကိုထွင်းတာနဲ့ ဆန့် ကျင်ဖက်ပါ။
ခင်ဗျားစိတ်တိုင်းမကျမချင်း ဆေးတစ်ခုအပေါ်မှာ နောက်ထပ်ဆေးတစ်ခုထပ်တင်နိုင်တယ်လို့ ပြောပါတယ်။

သူ့ အကြောင်းသတင်းမှာခေါင်းစဉ်တပ်တော့ သစ်သားမှ" အေးစက်မာကျောသောငွေစက္ကူများ "အဖြစ် သို့ ပြောင်းလဲပစ်တဲ့ပန်းပုဆရာတဲ့။အောက်မှာ ငွေစက္ကူအဖြစ်အဆင့်ဆင့်ပုံဖော်ထွင်းထုတဲ့ပုံတွေကို တင်ထားပေးပါတယ်။
 the melting pot 4 U








Source

No comments:

Post a Comment