Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 26, 2014

လွှတ်တော်တွင် အရေးကြီး ဥပဒေမူကြမ်းသုံးခု အတည်ပြုရန် စိစစ်နေဟုဆို



Sunday, January 26, 2014

ယခုကျင်းပလျက်ရှိသော ပြည်သူ့လွှတ်တော်တွင် ဥပဒေမူကြမ်းသုံးခု တင်ပြထားပြီး အတည်ပြုနိုင်ရန် စိစစ်နေကြောင်း ပြည်ထောင်စုလွှတ်တော် နာယက ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက စစ်ကိုင်းမြို့ မြို့တော်ခန်းမတွင် ဇန်နဝါရီလ ၂၅ ရက်နေ့က ပြုလုပ်သော လူထုတွေ့ဆုံပွဲ၌ ပြောကြား သည်။

ယင်းမူကြမ်းများမှာ စီမံကိန်းမူကြမ်း၊ အခွန်မူကြမ်းနှင့် ရသုံးခန့်မှန်းခြေ မူကြမ်းတို့ ဖြစ်သည်။ ယင်းအပြင် လွှတ်တော် အတွင်းတွင် ပါတီစွဲ၊ ဝါဒစွဲ၊ ဘာသာစွဲ မထားဘဲ ပူးပေါင်း ပါဝင် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ယင်းအပြင် တစ်ပါတီနှင့် တစ်ပါတီ ရန်သူကဲ့သို့ သဘောမထားဘဲ ယှဉ်ပြိုင်ဘက် မိတ်ဖက်များအဖြစ် သဘောထားကြရန်သာ ဖြစ်ကြောင်း၊ ပါတီထူထောင်ပြီး ယှဉ်ပြိုင်သည့်အခါ နိုင်ချင်ကြသော်လည်း နိုင်အောင် လုပ်သည့်အခါတွင် တရားသဖြင့် ယှဉ်ပြိုင်ရန်လည်း လိုအပ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

“ပါတီစွဲမထားဖို့၊ ဝါဒစွဲမထားဖို့၊ ဘာသာစွဲမထားဖို့ ဒီစကားက လွှတ်တော် ဥက္ကဋ္ဌကြီး အမြဲပြောနေတဲ့ စကားပါ။ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ တစ်ယောက်အနေနဲ့ ပြောတာထက် ပြည်ခိုင်ဖြိုးပါတီ နာယက တစ်ယောက်အနေနဲ့ ပြောတာလို့ ခံယူပါတယ်။ သူပြောတာကို လက်ခံပါတယ်” ဟု ယင်းတွေ့ဆုံပွဲ တက်ရောက်ခဲ့သူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ စစ်ကိုင်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်မောင်သိန်းက The Voice သို့ သုံးသပ်ပြောဆိုသည်။

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ပထမတွေ့ဆုံပွဲကို မြို့မိမြို့ဖများ၊ မြို့နယ် အထောက်အကူပြု အဖွဲ့များ၊ ပြည်ခိုင်ဖြိုး ပါတီဝင်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင်များ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီဝင်များ၊ အခြားဌာနဆိုင်ရာများနှင့် တွေ့ဆုံခြင်းကို နံနက် ၉ နာရီမှ နံနက် ၁၁ နာရီအထိ လည်းကောင်း၊ စစ်ကိုင်းခရိုင်အတွင်း ပြည်ခိုင်ဖြိုး ပါတီဝင်များနှင့် တွေ့ဆုံပွဲကို နံနက် ၁၁ နာရီမှ ၁၂ နာရီ ၃၀ မိနစ်ခန့်အထိ လည်းကောင်း စစ်ကိုင်းမြို့ မြို့တော် ခန်းမ၌ ပြုလုပ်ခဲ့သည်။

လူထုတွေ့ဆုံပွဲဟု ဆိုသော်လည်း ပြည်ခိုင်ဖြိုး ပါတီဝင်များသာ တက်ရောက်ပြီး မြို့လူထု တက်ရောက်ခွင့် မရကြောင်း စစ်ကိုင်းမြို့ခံတစ်ဦးက ပြောကြားသည်။

The Voice Weekly

No comments:

Post a Comment