Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 20, 2014

ဧပြီလမှာ သားဦးလေးမွေးဖွားမယ့် ချောရတနာ

ကိုယ်ဝန်၇လရှိနေပြီဖြစ်တဲ့ သရုပ် ဆောင်အကယ်ဒမီချောရတနာက ဧပြီလ ပထမ ပတ်ထဲမှာ မွေးဖွားဖို့ ဂျူးဒိတ်ပေး ထားကြောင်း သိရပြီး ဝိတိုရိ ယဆေးရုံက OG ဆရာမေ ဒါက်တာဒေါ်ခင်လေးကြွယ် နဲ့ ခွဲမွေးမယ် လို့ ချောရတနာက ပြောပါတယ်။ ခင်ပွန်းဖြစ်သူလိုချင် နေတဲ့ သားရတနာလေးဖြစ်တာကြောင့် ပျော်ရွှင်ရပြီး နောက် ထပ်လည်း သားသမီးထပ်ယူဦးမှာဖြစ် ကြောင်းပြောလာတဲ့ ချောရတနာက “ကိုကျော်လင်းက ယောက်ျားလေး ပိုလို ချင်တော့သူကပျော်နေတာပေါ့ ။ချောကျတော့လည်း ဘာ လေးပဲရရနောက်တစ်ယောက်လည်း ထပ်ယူ ဦးမှာဆိုတော့ ဘာလေးပဲရရဆိုတဲ့ စိတ်နဲ့နေနေတာ။ ဒါပေမဲ့ သူဖြစ်စေ ချင်တဲ့ ယောက်ျားလေးဖြစ်တော့ ပိုပြီးဝမ်းသာတာပေါ့။ ကလေး က အနည်းဆုံးနှစ်ယောက်လောက်တော့ လိုချင် တယ်” လို့ ပြောပါတယ် ။ ချောရတနာက အကယ်ဒမီရွှေစင် ရုပ်တုက ကြယ်ကို ရွှေတိဂုံဘုရားမှာ သွားလှူဖို့ အစီအစဉ်ရှိပြီး ဇန်နဝါရီ လမကုန်ခင်တော့ သွားလှူဖြစ်မယ် လို့ ပြောပါတယ်။ ကိုယ်အမြတ်တနိုးထားတဲ့အရာကို ဘုရားမှာ လှူဒါန်းချင်တဲ့ စိတ်ဖြစ်ပေါ်လာတာကြောင့် လှူဒါန်းခြင်းဖြစ်ပြီး ပုပ္ပါးမှာလည်းအကယ်ဒမီ ဆုကြေးငွေတွေကို လှူဒါန်းသွားမှာဖြစ်တယ်လို့ ချောရတနာက ပြောပါတယ်။

“ပုပ္ပါးမှာ ချောကိုယ်တိုင်တော့ သွားမလှူနိုင်တော့ဘူး။ ကိုယ်ဝန်က လရင့်နေတော့ ခရီးတွေ သိပ်မထွက်ခိုင်း တော့ဘူး။ အမေနဲ့ ညီမလေးရော၊ အစ်မရော သွား လှူ ပေးလိမ့်မယ်။ ပုပ္ပါးကဘုရားအတွက် ဆုကြေးငွေ သားတွေ သွားလှူမှာပါ။ ဆု ကြေးအကုန်လုံးတော့ မဟုတ်ဘူး။ အပိုင်းတွေ ခွဲပြီး လှူဖြစ်မှာပါ။ ‘ဥ’ ဇာတ်ကားရိုက်ေ တာ့ ပုပ္ပါးမှာရိုက်တာလေ။ ‘ဥ’ ရိုက်တဲ့ အချိန်တုန်းကလည်း အေးချမ်းတော့ မနက်ပိုင်းဆိုရင် ဘုရားတရား လည်း သေချာလုပ်ဖြစ်တယ်။ ကိုယ်လည်း ဒီဇာတ်ကားမှာ အမှား အယွင်းမရှိအောင် ဆု တောင်းခဲ့တယ်။ အကယ်ဒမီကို ဆုတောင်းခဲ့တာ မဟုတ်ဘူး။ အမှားအယွင်းမရှိပါစေနဲ့ ပရိသတ်ကြိုက် နှစ်သက်ပါစေဆိုပြီး ဆုတောင်းခဲ့တယ်။ အဲဒီဆုနဲ့ပြည့် တယ်။ အဲဒီအတွက် ပုပ္ပါးမှာရှိ တဲ့တောင်ပေါ်က ဘုရားမှာ သွားလှူချင်တာပါ” လို့ ပြောပါတယ်။ ချောရတနာ က ကလေးမွေးပြီးရင်တော့ ပရိသတ်နဲ့ အဆက် မပြတ်အောင် ဇာတ်ကားတွေ အနည်းအကျဉ်းတော့ ပြန်လည်ရိုက် ကူးမှာဖြစ်ပြီး အိမ်ထောင်တစ်ဖက်၊ ကလေးတစ်ဖက် နဲ့ဖြစ်သွားတဲ့ အတွက် အနုပညာ အလုပ်တွေ ကျဲသွားတဲ့ အပေါ် ပရိသတ်တွေကို နားလည်ပေးစေ ချင်ကြောင်း ပြောပါ တယ်။ အကယ်ဒမီရရှိသွားတဲ့အတွက် တာဝန်လည်း ပိုကြီးသွား ပြီး အနုပညာပေါ်မှာ အရင်က လေးနက် တာထက် ပိုလေး နက်ပြီး လုပ်ဆောင် သွားမှာဖြစ်ကြောင်းလည်း ချောရတနာ က ပြောပါ တယ်။ ချောရတနာက အကယ်ဒမီရရှိပြီးတဲ့နောက်ပိုင်းမှာ ကိုယ်ဝန်နဲ့ CB Bank ကြော်ငြာကိုလည်း ပထမဆုံး ရိုက်ဖြစ်ခဲ့ပါသေးတယ်။

ခိုင်ဝေလွင်၊
ဓာတ်ပုံ- ကိုနိုင် (ပေါ်ပြူလာ)

No comments:

Post a Comment