Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 30, 2014

ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ် သတင်းမှားအပေါ် အခြေခံ၍ ထုတ်ပြန်ခဲ့သော ကြေညာချက် မှားယွင်းကြောင်း ဗြိတိန်နိုင်ငံသံရုံးရဲ့ ထုတ်ပြန်ချက်

ရခိုင်ပြည်နယ်၊ မောင်တောမြို့ ဒုချီးရားတန်းကျေးရွာ ဖြစ်စဉ် သတင်းမှားအပေါ် အခြေခံ၍ ထုတ်ပြန်ခဲ့သော ကြေညာချက် မှားယွင်းကြောင်း ဗြိတိန်နိုင်ငံသံရုံးရဲ့ ထုတ်ပြန်ချက် ဖြစ်ပါတယ်။

အခုလို မှားယွင်းတဲ့သတင်းအချက်အလက်တွေကို ယုံကြည်ခဲ့တဲ့အတွက် မှားယွင်းကြောင်း ထုတ်ပြန်ပေးတဲ့အတွက်လည်း တာဝန်သိမှုနဲ့ တာဝန်ယူမှုကို အသိအမှတ်ပြု ကြိုဆိုရမှာ ဖြစ်ပါတယ်။ 

ဒီကြေညာချက်ထဲမှာ တောင်းဆိုထားတဲ့ သီးခြားလွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးကိစ္စကတော့ မြန်မာ နိုင်ငံခြားရေးဝန်ကြီးရှင်းပြထားတဲ့အတိုင်း ပြည်တွင်းရေးကိစ္စသာ ဖြစ်ပါတယ်။ ပြည်တွင်းမှာ ရှိတဲ့ တရားဥပဒေနဲ့အညီ ဆောင်ရွက်သွားရမှာပဲ ဖြစ်ပါတယ်။ တရားဥပဒေ စိုးမိုးရေးကို အလေးပေးဆောင်ရွက်နေတဲ့ အစိုးရအနေနဲ့ ဥပဒေအတိုင်း ဆောင်ရွက်သွားမှာပဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင် သွားရောက်မှာ ဖြစ်သလို ရခိုင်ပြည်နယ်ပဋိပက္ခစုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနဲ့လည်း သီးခြားအစီရင်ခံစာ ထုတ်ပြန်မှာ ဖြစ်ပါတယ်။ လတ်တလောမှာပဲ အီးယူကိုယ် စားလှယ်အဖွဲ့တွေ သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။ 

ဒီထုတ်ပြန်ကြေညာချက်မှာ (သတင်းမှန်၊ ဖြစ်ရပ်အမှန် ဖြစ်တဲ့)ရဲတပ်ကြပ်ကြပ်အောင်ကျော်သိန်းနဲ့ လုံခြုံရေးအဖွဲ့ကို ကြိုတင်စီစဉ်ပြီး အုပ်စုဖွဲ့အကြမ်းဘက်တိုက်ခိုက်တဲ့လုပ်ရပ်နဲ့ပတ်သက်ပြီး ထည့်သွင်း ဖော်ပြထားခြင်း မရှိတာဟာလည်း သတိပြုစရာ ဖြစ်နေပါတယ်။ 

Divided Rule လိုမျိုး ဘင်္ဂလီနဲ့ ရခိုင် လူ့အဖွဲ့အစည်းနှစ်ခုလုံးအပေါ် မျှမျှတတ ရပ်တည်ပေးခြင်း မရှိတာမျိုးတွေက ဒီနေ့ ၂၁ ရာစု ခေတ်မှာ မရှိသင့်တော့ဘူးလို့ ထင်မြင်ယူဆမိပါတယ်။ 

နောက်ဆုံး တစ်ချက်အနေနဲ့ကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရရှိခဲ့တာ နှစ်ပေါင်း(၆၀)ကျော်ပြီ ဆိုတာကို ဗြိတိန်နိုင်ငံအနေနဲ့ အမှတ်ရဖို့ လိုအပ်မယ် လို့ပဲ ယူဆပါတယ်။ 

Foreign Office news on Burma 

The British Embassy would like to clarify misreporting in the press that the British Foreign & Commonwealth Office has withdrawn the statement issued on 23 January with regard to the incident in Maungdaw. This report is incorrect. The UK government remains deeply concerned by the situation in Northern Rakhine State and we continue to call on the Burmese Government to launch an immediate, independent and transparent investigation.

[Source: https://www.facebook.com/fcoburma/posts/10151978718782865]

Hmuu Zaw

No comments:

Post a Comment