Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 5, 2014

အကယ်ဒမီ ချောရ တနာ၏ သားဦး ရတနာ လေးကို ဧပြီလတွင် ဝိတိုရိယ ဆေးရုံ၌ မွေးဖွားမည်

၂ဝ၁၃ ခုနှစ်အတွက် ပေးအပ်သော မြန်မာ့ရုပ်ရှင် ထူးချွန်ဆု ပေးပွဲတွင် ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး) ရိုက်ကူးသည့် ''ဥ'' ရုပ်ရှင် ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုး သမီး ဇာတ်ပို့ ဆုကို ဆွတ်ခူးရ ရှိခဲ့သည့် အကယ်ဒမီ ချောရတ နာသည် သူမ၏ သားဦး ရတ နာကို ဧပြီလ ပထမပတ် အတွင်း ရန်ကုန်မြို့ရှိ ဝိတိုရိယ ဆေးရုံကြီးတွင် မွေးဖွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။

''ချော အိမ်ထောင် ကျပြီးက တည်းက အနုပညာ အလုပ်လုပ်ကိုင်မှု နည်းသွားပါတယ်။ အခု ချောရဲ့ သားဦးလေးကို ဧပြီလမှာ ဝိတိုရိယ ဆေးရုံ မှာ မွေးဖွားပြီး ကလေးခြောက်လ ရပြီး နောက်ပိုင်းမှာ ချောအနုပညာ အလုပ်တွေကို ပြန်လည် လုပ်ဆောင်ဖို့ အစီအစဉ်တွေ ရှိပါတယ်။ ချော အကယ်ဒမီ ကို ချောတစ်ယောက်တည်း မဟုတ်ဘဲ ကိုယ်ဝန်နဲ့ နှစ်ယောက် တက်ယူခဲ့ရတာက ချောဘဝ အတွက် မမေ့နိုင်တဲ့ အမှတ်တရ တစ်ခု ဖြစ်ခဲ့ ပါတယ်။ ချော ပရိသတ်တွေနဲ့ အဆက်မပြတ်အောင် အနုပညာ အလုပ်တွေကို ပြန်လှုပ်ရှားသွားမှာပါ'' ဟု အကယ်ဒမီ ချောရတနာ က ပြောကြားခဲ့သည်။

ချောရတ နာသည် 'ဥ' ရုပ်ရှင် ဇာတ်ကားတွင် စိတ်ဝေ ဒနာရှင် အမျိုးသမီး အဖြစ် ပါဝင်သရုပ် ဆောင်ထားပြီး ဇာတ်လမ်း တစ်ခုလုံးကို ဇာတ်ရှိန် မြင့်မားစေ ရန် အကောင်းဆုံး ပံ့ပိုးပေး နိုင်ခဲ့သည့် အတွက် အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ ဆုကို ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment