Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 7, 2014

မင်္ဂလာဆောင်ကိတ်အဖုံးကို ဖရီးကစ်ကန်ချက်နဲ့ ဖွင့်ခဲ့တဲ့ ဂျပန်ဘက်ခမ်း


ဂျပန်ဘက်ခမ်းလို့ တင်စားနိုင်လောက်တဲ့အထိဖရီးကစ်ကန်ချက်တွေ
ကောင်းခဲ့တဲ့ နာကာမူရာဟာ ဆဲလ်တစ်အသင်းနဲ့အတူ
ပိုပြီးကျော်ကြားလာခဲ့သလို အခုနောက်ဆုံး ထွက်ပေါ်လာခဲ့တဲ့ ရုပ်သံဖိုင်အရ သူ့ရဲ့ပြစ်ဒဏ်ဘော ကန်ချက်တွေတောက်ပနေဆဲ ဖြစ်တယ်ဆိုတာ
တွေ့မြင်နိုင်ပါတယ်။ နာကာမူရာဟာ အလှဆင်ထားတဲ့ မင်္ဂလာကိတ်ကို အထိအခိုက်မရှိစေဘဲနဲ့ ဘောလုံးနဲ့လှမ်းကန်ပြီး အဖုံးဖွင့်ပေးခဲ့တာဖြစ်ပါတယ်။

မင်္ဂလာကိတ်ကို ဘောလုံးနဲ့ကန်တဲ့နေရာမှာ အလှမ်းဝေးသလို ရှေ့မှာလည်း မင်္ဂလာဆောင် အပြင်အဆင်တွေ ချိတ်ဆွဲထားတဲ့အတွက် Wall ကာထားသလို ဖြစ်နေပေမယ့် နာကာမူရာကတော့ အမှားအယွင်းမရှိခဲ့ပါဘူး။ (၂၀၁၂)တုန်းကလည်း လမ်းမကြီးပေါ် သွားနေတဲ့ ကားတစ်စင်းရဲ့ ပြတင်းပေါက်ထဲကို လမ်းကြားထဲကနေ ဘောလုံးကန်ထည့်နိုင်ခဲ့တာကို ရိုက်ကူးထားတဲ့ ဗီဒီယို လွှင့်တင်ခဲ့ပြီး မင်္ဂလာကိတ်မုန့်ကို အဖုံးဖွင့်နိုင်ခဲ့တဲ့ နာကာမူရာရဲ့ စွမ်းဆောင်ရည်ကို ဂျပန်ရုပ်သံတွေမှာ ထုတ်လွှင့်ခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment