Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 15, 2014

မိုးဝင်း၊ ဇော်ထက်အောင်၊ မင်းမင်းထွန်းနှင့် ရွှေလှိုင်ဝင်းတို့ လေးဦးကို နေပြည်တော်အသင်း ထွက်ခွာခွင့်ပြု

နေပြည်တော်အသင်းသည် အသင်းမှ လက်ရွေးစင်ဟောင်း ကစားသမားများဖြစ်သည့် မိုးဝင်း၊ ဇော်ထက်အောင်၊ မင်းမင်းထွန်းနှင့် ရွှေလှိုင်ဝင်းတို့လေးဦးကို အသင်းမှ ထွက်ခွာခွင့်ပြုလိုက်ကြောင်း သိရသည်။
 
နေပြည်တော်အသင်းသည် လာမည့်ရာသီတွင် အသင်းကို သွေးသစ်လောင်းရန် စီစဉ်နေပြီး လူငယ်ကစားသမားများကို ဦးစားပေး အသုံးပြုသွားမည်ဖြစ်သည်။ နေပြည်တော်အသင်းသည် ယင်းကစားသမားလေးဦးကို စာချုပ်သက်တမ်းပြည့်သွားသောကြောင့် သက်တမ်းမတိုးတော့ဘဲ ထွက်ခွာခွင့်ပြုခဲ့ခြင်းဖြစ်သည်။ နေပြည်တော်အသင်းသည် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) မှ ချမှတ်ထားသော စည်းမျဉ်းအရ ကစားသမားများကို စာချုပ်သစ် ပြန်လည်ချုပ်ဆိုမည်ဖြစ်ပြီး လူငယ်ကစားသမားများကို အဓိက ခေါ်ယူသွားမည်ဖြစ်သည်။
 
နေပြည်တော်အသင်းသည် လာမည့်ရာသီတွင် MNL ပြိုင်ပွဲအပြင် AFC Cup ပြိုင်ပွဲကို ပါဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

Credit: Eleven Media

No comments:

Post a Comment