- 03 January 2014 |
- By ရိုးရာလေး
ပြီးခဲ့တဲ့
ဒီဇင်ဘာ ခရစ်စမတ်နေ့က ဂျက်စတင်ဘီဘာဟာ သီချင်းမဆိုတော့ဘူး။ အနုပညာလောကမှ
အနားယူ မယ်ဆိုပြီး Retiring လုပ်တော့မှာ ဖြစ်ကြောင်း Twitter မှာ စတင်ပြီး
ကြေညာခဲ့ ပါတယ်။ယင်းသတင်း ထွက်ပြီး နောက် တစ်ကမ္ဘာလုံးက ဂျက်စတင်ဘီဘာ ပရိတ်သတ်များဆီကို သတင်းရိုက်ခက် သွားပြီး သီချင်းမဆိုတော့တဲ့ အပေါ် မေးခွန်းပေါင်း များစွာ ထွက်ပေါ်လာစေခဲ့ ပါတယ်။ နောက်တော့မှ ဂျက်စတင်ဘီဘာ ချစ်ပရိတ်သတ်များကို စနောက်ချင်း သဘောသာ ဖြစ်ကြောင်း ပြန် လည် ကြေညာခဲ့ ပါတယ်။ ပရိတ်သတ်များကို အရူးလုပ်ဖို့မဟုတ်ပဲ အပျော်သဘောနဲ့ စနောက်ခြင်း သဘောသာ ဖြစ်ကြောင်း ဆိုပါတယ်။
အရင်နှစ် ခရစ်စမတ်တုန်းကလည်း အဲ့လိုပဲ သူ့ရဲ့  လျှို့ ဝှက် ဓာတ်ပုံများ ပေါက်ကြားသလို လုပ်ခဲ့ပြီး ပရိတ်သတ် တွေကို စနောက်ခဲ့ပါသေးတယ်။ ဒီတော့ နောက်နှစ် ဒီဇင်ဘာ မှာလည်း အလားတူ စနောက်ခြင်းမျိုး ပြုလုပ်မယ်လို့ ပရိတ်သတ်များက ယုံကြည်နေပါပြီ။ ယခု အပတ်အတွင်းပဲ ဂျက်စတင်ဘီဘာ ပါဝင်တဲ့ ရုပ်ရှင် ဇာတ်ကား အသစ်တစ်ခု ထွက်ရှိပြီး သူ့ရဲ့  သီချင်းအယ်လ်ဘမ် အသစ်လည်း ထွက်ရှိပါတယ်။
ဒါကြောင့်မို့ ဂျက်စတင်ဘီဘာဟာ အနားမယူသေးပဲ ၂၀၁၄ မှာ အနုပညာလုပ်ငန်းများ ဆက်လက် လုပ်ကိုင် သွားအုံးမှာ ဖြစ်ကြောင်း သိရ ပါတယ်။
.
Ref: mashable
အောင်ခမ်း ( ရိုးရာလေး )
No comments:
Post a Comment