Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 19, 2014

အသတ်ခံရပြီ ဟု ယူဆရသည့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း

Coral Arakan News
ဘင်္ဂါလီများ ဖမ်းသွားသည့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း အား ယခုထက်ထိပြန် မရသေး
=================================

မောင်တော ၊ ၁၈ ဇွန်န၀ါရီလ ၂၀၁၄ ၊ Coral Arakan News ၊ [ သတင်း ]

ဇန်နဝါရီ ၁၃ ရက် မောင်တောမြို့နယ် ဒုချီးရာတန်း(ကုလားရွာ)တွင် ကုလားများက အကြောင်းမဲ့ တိုက်ခိုက် ကာ ဖမ်းဆီးခေါ်ဆောင်သွားသော ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း နှင့် ၄င်းနှင့် အတူပါသွားသည့် အမ်(၂၂) မောင်းပြန်သေနတ်တစ်လက်တို့ကို ပြန်မရသေးကြောင်း မောင်တောမြို့နယ်မှ ရဲအရာရှိတစ်ဦးက Coral Arakan News အား ပြောကြားသည်။ရဲတပ်ကြပ်ကြီးအား တိုက်ခိုက်ဖမ်းဆီးမှုနှင့် ဆက်စပ်သံသယရှိသူ ရှစ်ဦးကို ဖမ်းဆီးထားသည် ဟု ဆိုသည်။

ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ဦးဆောင်သော ရဲတပ်ဖွဲ့ဝင် ငါးဦးသည် ကျေးရွာအုပ်ချုပ်ရေးစာရေး ဦးသန်းထွန်းဦးနှင့် ဆယ်အိမ်မှူး ဦးအောင်သန်း၊ ဦးမောင်သိန်းလှ တို့နှင့်အတူ လှည့်ကင်းဆောင်ရွက်ကြရာတွင် ည ၉ နာရီခွဲ၌ ကင်းချောင်း(ရခိုင်ရွာ)မှတစ်ဆင့် ဒုချီးရာတန်း(ဘင်္ဂါလီရွာ)သို့ ရောက်ရှိခဲ့ရာ ရွာဝင်ဝတွင် မီးလှုံနေသော ဘင်္ဂါလီကုလားများ က မေးမြန်းသဖြင့် မိမိတို့မှာ ကင်းလှည့်လာသော ရဲများဖြစ်ကြောင်း ပြောပြပြီး ကုလားများ မြင်သာအောင် မိမိတို့ ၀တ်ဆင်ထားသော ယူနီဖောင်းများကို လက်နှိပ်ဓါတ်မီးဖြင့် ထိုးပြရာ ၊ ကုလားအချို့ ရွာထဲသို့ ၀င်သွားပြီးနောက် တုတ်ဓါးများ ကိုင်ဆောင် ထားသောကုလားများက ရွာဝမှ ထွက်လာကာ သူခိုး သူခိုး ၊ ဓါးပြ ဓါးပြ ဟု လူအင်အားဖြင့် ညာသံပေးလိုက်သဖြင့် ဆုတ်ခွာလာစဉ် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်းမှာ အမ်(၂၂)မောင်းပြန် သေနတ်တစ်လက်လည်း အတူ ရွာထဲတွင် ပိတ်မိ၍ ကျန်ခဲ့ ခြင်းဖြစ်သည်။

ပျောက်ဆုံးနေသည့် ရဲတပ်ကြပ်အား ရှာမတွေ့ သေးသော်လည်း သူ၏အဝတ်အစား အပိုင်းအစအချို့ တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

“တချို့ မီဒီယာတွေမှာ ရေးသားသလို မြန်မာအစိုးရ တပ်တွေနဲ့ ရခိုင်ရွာသားတွေက မောင်တောမြို့နယ်ထဲက ဘင်္ဂါလီတွေကို သတ်နေတာ၊ ဘင်္ဂါလီ အမျိုးသမီးတွေကို မုဒိမ်းကျင့်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ အခုဖြစ်နေတာက ဇန်နဝါရီ ၁၃ ရက် ညဘက်ကင်းလှည့်ရင်း ဘင်္ဂါလီရွာထဲမှာ အသတ်ခံရပြီလို့ ယူဆနေတဲ့ အခုထိ ရှာမတွေ့သေးတဲ့ ရဲတစ်ယောက်ကို စုံစမ်းနေခြင်း ဖြစ်ပါတယ်”ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဝင်းမြိုင်က ဖြေကြားထားသည်။

ဓါတ်ပုံ - အသတ်ခံရပြီ ဟု ယူဆရသည့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း

No comments:

Post a Comment