- ဘုရားကြီးဆရာတော်က - “ကဲ ဗိုလ်ချုပ် ဆရာတော်ကြီးများအား ဘာများ လျှောက်ထားလိုသလဲ” ဟု မေး၏။ ဗိုလ်ချုပ်အောင်ဆန်း၏လျှောက်ထားချက် ။ ။ “တပည့်တော် ဘာမျှလျှောက်ထားရန် ကိစ္စမရှိပါ။ သက်တော်ဝါတော် ကြီးရင့်တော်မူသော ဆရာတော်ကြီးများကို လာရောက်ဖူးမျှော် ကန်တော့ရန်လာခြင်းပါပဲ ဘုရား။ တပည့်တော်သည် ဗမာပြည်ကြီး၏ လွတ်လပ်ရေးရရန် ကိစ္စတွင် ဆရာတော်ကြီးများအား အကူအညီ ယူရန် လာခြင်းမဟုတ်ပါ။ တပည့်တော်မှာမိမိရဲ့ အခွင့်အရေးရလိုမှု ရည်ရွယ်ပြီး ဆွမ်းကျွေးခြင်း ၊ သင်္ကန်းကပ်လှုခြင်းလည်း မပြုနိုင်ပါ။ လှုရန်လည်း တပည့်တော်မှာ ငွေမရှိပါ။ အလွန်ဆင်းရဲပါတယ်ဘုရား ၊ လှုမယ်ဆိုလည်း သန့်သန့်ရှင်းရှင်းလှုမည့်ဒကာပါဘုရား။” “ဆရာတော်ဘုရားကြီးများဟာပရိယတ်ပဋိပတ်တရားနှင့် သာသနာ တော်ကြီး ကြီးပွားရန်သာတာဝန်ထားပြီး ရိုးရိုးကြီးတွေဆိုတာ တပည့်တော် ယုံကြည်ပါတယ်။ တစ်ခု သတိထားဖို့ကတော့ - နိုင်ငံရေးသမားများသည် အလွန်ပရိယာယ်များပါသည်ဘုရား။ ကောင်းသော ပရိယာယ်နှင့် တွေ့ကြုံလျှင် တော်ပါသေးသည်။ မကောင်းသော ပရိယာယ်နှင့်တွေ့ကြုံက ငါးပါးတွင်မက သံဃာစင်ပါ မှောက်တတ် ပါသည်ဘုရား” “ပရိယာယ်ဆိုတာ မြတ်စွာဘုရားတောင်ပင်ပရိယာယ်သုံးသင့်သော နေရာသုံးပါသည်။ ကောင်းသောပရိယာယ်ကို ဆိုလိုပါသည်။ ဘယ်လိုပရိယာယ်လဲဆိုလျှင်ညီတော်မင်းနန်ချွတ်ခန်းတွင် ဆရာတော်များသိတော်မူသည့်အတိုင်း ညီတော်မင်းနန္ဒအား ပထမမျောက်အိုမကြီးကို၎င်း၏ မိဖုရားနှင့်ယှဉ်ပြောပြီးနောက် နတ်သမီးကိုပြပြီးလျှင် ဤနတ်သမီးကို အသင်အလိုရှိပါသလောဟု မေးရာ အလိုရှိကြောင်း လျှောက်၏။ သင်အလိုရှိက နတ်သမီးကို ရစေသော ဂါထာကောင်း ငါဘုရားပေးမည်။အသင်ဤဂါထာတော်ကို လေ့ကျက်ပါလေ ဟု မြတ်စွာဘုရားသည် သူကျွတ်ထိုက်သော တရားကိုပေးရာ ထိုတရားနှင့်ပင်အရဟတ္တမဂ် ၊ အရဟတ္တဖိုလ် ရောက်သွားပါသည်။” “ဤပရိယာယ်ကား ကောင်းသောပရိယာယ်ပါဘုရား၊ မကောင်းသော ပရိယာယ်ကား နိုင်ငံရေးသမားတွေက ဆရာတော်ကြီးများအား အမျိုးမျိုးလှည့်ပတ်ပြီးသူတို့၏တက်လမ်း နိုင်ငံရေးငြမ်းဆင်ပြီး သွားမှာကို စိုးရိမ်သောကြောင့် လျှောက်ထားရခြင်းဖြစ်ပါသည်ဘုရား။” ( နယုန်လဆန်း ၅ ရက် ၊(၄-၄-၄၆) ရက်နေ့ ၊ နံနက် ၉ နာရီအချိန်တွင် ဖဆပလ အဖွဲ့ချုပ်ဥက္ကဌ ဗိုလ်ချုပ်အောင်ဆန်းနှင့်အတွင်းရေးမှုး ဦးကျော်ငြိမ်းတို့သည် ဆရာတော်ဘုရားကြီးများထံ အဖူးမြော်ရောက်စဉ် ဗိုလ်ချုပ်အောင်ဆန်း၏ လျှောက်ထားချက်ဖြစ်သည်။ ) စာကောက်နှုတ်ချက် - Ter Tee ၏https://www.facebook.com/ter.tee.5/posts/577478212326962 စာမျက်နှာမှ
ဗိုလ်ချုပ်အကို ဦးအောင်သန်းရေးတဲ့ အောင်ဆန်းမိသားစု စာအုပ်မှCREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, January 26, 2014
“ ဆရာတော်ကြီးများအား အမျိုးမျိုးလှည့်ပတ်ပြီး သူတို့၏တက်လမ်း နိုင်ငံရေး ငြမ်းဆင်ပြီး သွားမှာကို စိုးရိမ်သောကြောင့် ”
“ ဆရာတော်ကြီးများအား အမျိုးမျိုးလှည့်ပတ်ပြီး သူတို့၏တက်လမ်း နိုင်ငံရေး ငြမ်းဆင်ပြီး သွားမှာကို စိုးရိမ်သောကြောင့် ”
Reviewed by VC
on
January 26, 2014
Rating: 5
Reviewed by VC
on
January 26, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment