ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်တွင် ဇန်န၀ါရီလ ၁၅ ရက်နေ့ ည
၉နာရီခွဲအချိန်ခန့်က ယာဉ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ရာ ကားခေါင်းခန်းအတွင်း
ညပ်နေသည့်ယာဉ်မောင်းကို အချိန် ၁ နာရီခွဲခန့်ကြာအောင် ဆွဲထုတ်ခဲ့ရကြောင်း မျက်မြင်တွေ့ရှိ သူများထံမှ သိရှိရသည်။
“ကားနှစ်စီးအင်းစိန်ဘက်ကနေ ရှေ့ဆင့်နောက်ဆင့် မောင်းလာတာ၊
လှိုင်ရတနာဈေးနဲ့ မျက်နှင်ချင်းဆိုင် တည့်တည့် ကိုးသုံးလုံး
လေမှုတ်စက်အရောင်းဆိုင်ရှေ့ရောက်တဲ့အချိန်မှာ ရှေ့ကားကရပ်လိုက်တော့
နောက်ကလိုက်လာတဲ့ကားက အရှိန်မထိန်းနိုင်ဘဲ ရှေ့ကားကို ၀င်တိုက်မိတာ။ နောက်က
ကားခေါင်းခန်း တော်တော်ကျေမွပျက်စီးသွားတယ်။ ခေါင်းခန်းထဲမှာ ယာဉ်မောင်း
အပါအ၀င် သုံးယောက်ပါတယ်။ နောက်ခန်းထဲမှာအမျိုးသမီးနှစ်ယောက်ပါ
တယ်။ယာဉ်မောင်းက ခြေထောက် ညပ်ပြီး နှုတ် မရတော့ဘူး။
ကျန်နှစ်ယောက်မှာ ကားခေါင်းမှန်တွေကွဲပြီးမှန်စတွေမှန်လို့
တစ်ကိုယ်လုံးသွေးတွေ ပေကျံနေတာ တွေ့ရတယ်''ဟု ယာဉ်တိုက်မှုကို
သွားရောက်ကြည့်ရှု့ခဲ့သူ ကိုသိုက်က ပြောသည်။
ယာဉ်တိုက်မှုဖြစ်ပြီးခဏအကြာတွင် အရေးပေါ်ကားနှစ်စီး၊
မီးသတ်ကားတစ်စီးရောက်ရှိလာကြောင်း၊ ထို့နောက် ကရိန်းကား
ရောက်ရှိလာကြောင်း၊ကားခေါင်းခန်းထဲတွင် ခြေထောက်
ညပ်နေသောယာဉ်မောင်းကို
မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကယ်ဆယ်ရေး သမားများက သံဖြတ်လွှများသုံးကာ
ခြေထောက်ကို ညပ်နေသော အပိုင်းအစအချို့ကို ဖြတ်ထုတ်၍
ယာဉ်မောင်းကိုဆွဲထုတ်ခဲ့ ရသည်ဟု ၄င်းကဆက်ပြောသည်။
အဆိုပါယာဉ်တိုက်မှုဖြစ်စဉ်မှာ ၀င်းထိုက်အောင်
(၁၃)ရပ်ကွက်၊လှိုင်မြို့နယ်နေသူမောင်းနှင်လာသည့် ကင်တာ အမျိုးအစား
အဖြူရောင်ကိုယ်ပိုင်ကင်တာယာဉ်အမျိုးအစား ၃ခ/----မှ အင်းစိန်လမ်းမ ဘာတာ
မှတ်တိုင်အနီး အရောက်တွင် ၎င်းရှေ့မှသွားနေသော ၈င/----လိုက်ထရပ် ယာဉ်ကို
နောက်မှ ၀င်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းဒေသကြီးရဲ
တပ်ဖွဲ့မှူးရုံးမှ ထုတ်ပြန်ခဲ့သည်။
ယာဉ်တိုက်မှုကြောင့်ယာဉ် ၂
စီးပျက်စီးပြီး လိုက်ထရပ်ယာဉ်မောင်းတွင် နဖူးစုတ်ပြဲဒဏ်ရာရရှိခဲ့ပြီး
ကင်တာယာဉ်မောင်းတွင်
နဖူးစုတ်ပြဲ၊နားနှစ်ဖက်ပွန်းခြစ်၊၀ဲဒူးအောက်ဖူးရောင်စုတ်ပြဲဒဏ်ရာများရရှိကာ
ရန်ကုန်ဆေးရုံကြီးအတွင်းလူနာ (စိုးရိမ်ရ)များအဖြစ် ကုသနေရသည်ဟု
ရဲမှတ်တမ်း၌ ဖော်ပြထားသည်။
အဆိုဖြစ်စဉ်နှင့်ပတ်သက်ပြီး
ယာဉ်မဆင်မခြင်မောင်းနှင်ခဲ့သူ ကင်တာယာဉ်မောင်းကို အရေးယူပေးရန်
ယာဉ်ထိန်းတပ်ဖွဲ့စု ၁၆၊ လှိုင်မြို့နယ်မှ တာဝန်ရှိသူတစ်ဦးက
တရားလိုပြုလုပ်တိုင်ကြားပြီး လှိုင်မြို့နယ်ရဲစခန်းမှ ပြစ်မှုပုဒ်မ ၂၇၉/၃၃၈
တို့ဖြင့် အမှုဖွင့်ထား သည်။
ဇော်မျိုးဦး(မြစ်မခ) /မြန်မာခရိုနီကယ်
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, January 17, 2014
ယာဉ်မောင်းကို ကားခေါင်းခန်းမှ တစ်နာရီခွဲကြာဖျက်ဆီးထုတ်ယူခဲ့ရသည့် လှိုင်မြို့နယ်မှ ယာဉ်တိုက်မှု
ယာဉ်မောင်းကို ကားခေါင်းခန်းမှ တစ်နာရီခွဲကြာဖျက်ဆီးထုတ်ယူခဲ့ရသည့် လှိုင်မြို့နယ်မှ ယာဉ်တိုက်မှု
Reviewed by VC
on
January 17, 2014
Rating: 5
Reviewed by VC
on
January 17, 2014
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment