Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, January 7, 2014

ရင်သားကင်ဆာဝေဒနာမခံစားနိုင်၍လည်ပင်းဓားဖြင့်ဖြတ်၍သေဆုံး


Wednesday, January 8, 2014

ပဲခူးတိုင်းဒေသကြီး ညောင် လေးပင်မြို့ မြို့မ(၂)ရပ်ကွက် မဟာဘောဂ လမ်းတွင် ယနေ့ မွန်းလွဲ ၂ နာရီခွဲတွင် အမျိုးသမီး တစ်ဦး ခံစားနေရသော ရောဂါ ပြင်းထန်သဖြင့် စိတ်ဓာတ်ကျကာ မိမိလည်ပင်းကို ဓားဖြင့်ဖြတ်၍ သေဆုံးမှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ညောင်လေးပင် မြို့မရဲစခန်း၌ ဒုရဲအုပ်သိန်းအောင် တာဝန်မှူး ထမ်းဆောင်နေချိန် အမျိုးသမီးတစ်ဦး မိမိကိုယ်မိမိ လည်ပင်းကိုဓားဖြင့်လှီး၍ သေဆုံး သွားကြောင်း မြို့မ (၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးဦးဇာနည်လင်းက အကြောင်းကြားသဖြင့် စခန်းမှူး ဒုရဲမှူးသက်လွင်၊ နယ်ထိန်း ခေါင်းဆောင်ရဲအုပ်ဝင်းထွဋ်အောင်၊ တာဝန်မှူး ဒုရဲအုပ်သိန်းအောင်တို့ အဖွဲ့ သွားရောက်စစ်ဆေးရာ သေ ဆုံးသူမှာ မအေးအေးသိန်း အသက် (၄၂) နှစ်(ဘ)ဦးပါ မဟာဘောဂ လမ်း မြို့မ(၂)ရပ်ကွက်ညောင်လေး ပင်မြို့နေသူဖြစ်ကြောင်း၊ နေအိမ် အောက်ထပ်ဘေးမီးဖိုချောင်တွင် YESS တံဆိပ် ပန်းရောင်ခဲတံချွန် ဓား၊ အသွားနှစ်လက်မခန့် လက် ရိုးတပ်သုံးလက်မခန့်ရှိခေါက်ဓား ဖြင့် လည်ပင်းအောက် ပြတ်ရှဒဏ် ရာ အရှည်သုံးလက်မခန့်ဖြင့် မိမိ ကိုယ်ကို လည်ပင်းအား လှီးဖြတ် ၍သေဆုံးနေကြောင်း စစ်ဆေး တွေ့ရှိရသည်။

အသေးစိတ်အချက်အလက် အရ သေဆုံးသူ မအေးအေးသိန်း ၏ခင်ပွန်း ကိုထွန်းထွန်းနိုင်က ¤င်း ၏ဇနီးသည် လွန်ခဲ့သောခြောက် လခန့်က ရင်သားကင်ဆာဖြင့် ရင် သားမှာ ဖြတ်ထားရပြီး ဆေးကုသ နေရကြောင်း၊ ယခု ပန်းနာရင်ကျပ် ရောဂါပါ စွဲကပ်နေသောကြောင့် စိတ်ဓာတ်ကျရောဂါပါ စွဲကပ်၍ ယခုကဲ့သို့ မိမိကိုယ်မိမိဓားဖြင့် လည်ပင်းလှီးဖြတ်၍ သေဆုံးသွား ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ် ပေါက်သည်။

အလောင်းအားညောင်လေးပင် ဆေးရုံသို့ ပို့ဆောင်ကာ ဓမ္မတာ အတိုင်း သေဆုံးခြင်းဟုတ် မဟုတ် နှင့်သူတစ်ပါးပယောဂကြောင့် သေ ဆုံးခြင်းဟုတ်မဟုတ် စစ်ဆေး ဆောင်ရွက်လျက်ရှိပြီး ဒုရဲအုပ် သိန်းအောင်က တရားလိုပြုလုပ် တိုင်တန်းသဖြင့် ညောင်လေးပင် မြို့မရဲစခန်းက သေမှုသေခင်း အမှတ်စဉ် ၁/၂ဝ၁၄ ဖြင့် အမှုဖွင့် ကာ ဆက်လက်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

The Union Daily

No comments:

Post a Comment