Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, January 23, 2014

ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ထိပ်ဆုံးသုံးသင်းစာရင်းတွင် ပထမဆုံးအကြိမ်အဖြစ် မန်ယူအသင်း မပါဝင်နိုင်ခဲ့

အောင်သုတ

ဗြိတိန်အခြေစိုက် စီးပွားရေးဝန်ဆောင်မှုကုမ္ပဏီတစ်ခုဖြစ်သည့် Deloitte မှ နှစ်စဉ်ထုတ်ပြန်နေကျ ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဘောလုံးအသင်းများစာရင်းကို ကြေညာခဲ့ရာ ပရီးမီးယားလိဂ် လက်ရှိချန်ပီယံ မန်ယူအသင်းမှာ ပထမဆုံးအကြိမ်အဖြစ် ထိပ်ဆုံးသုံးသင်းစာရင်းတွင် ပါဝင်လာခဲ့ခြင်းမရှိကြောင်း ဗြိတိန်ထုတ်သတင်းစာ တယ်လီဂရပ်ဖ်က ဖော်ပြခဲ့သည်။

Deloitte သည် ယမန်နှစ်အတွက် အသင်းများရရှိသောအမြတ်ငွေများကို တွက်ချက်ကာ အချမ်းသာဆုံး အသင်းများစာရင်းကို ထုတ်ပြန်ခြင်းဖြစ်ပြီး မန်ယူအသင်းအနေဖြင့် ယမန်နှစ်ကရရှိသော အမြတ်ငွေများ လျော့ကျကာ အဆင့်(၄)နေရာတွင်သာ ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိပ်ဆုံးတွင် စပိန်ထိပ်သီးအသင်း တစ်သင်းဖြစ်သည့် ရီးယဲလ်မက်ဒရစ်အသင်းက စုစုပေါင်း အမြတ်ငွေ ယူရို ၅၁၈ ဒသမ ၉ သန်းဖြင့် ကိုးနှစ်ဆက်တိုက်ရပ်တည်နိုင်ခဲ့ပြီး ဒုတိယနေရာတွင် ရီးယဲလ်အသင်း၏အဓိကပြိုင်ဘက် လာလီဂါလက် ရှိချန်ပီယံ ဘာစီလိုနာအသင်းက အမြတ်ငွေ ယူရို ၄၈၂ ဒသမ ၆ သန်းဖြင့် ရပ်တည်နိုင်ခဲ့သည်။

မန်ယူအသင်း၏ တတိယနေရာကို ယမန်နှစ်ရာသီချန်ပီယံလိဂ်ဖလားအပါအ၀င် တစ်ရာသီအတွင်း ဖလားသုံးလုံး အထိရရှိခဲ့သော ဂျာမနီထိပ်သီးအသင်းကြီး ဘိုင်ယန်မြူးနစ်အသင်းက အမြတ်ငွေယူရို ၄၃၁ ဒသမ ၂ သန်းဖြင့် ရယူသွားခဲ့သည်။ မန်ယူအသင်းမှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရရှိခဲ့သော် လည်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင် အောင်မြင်မှုမရရှိခဲ့သောကြောင့် ၀င်ငွေလျော့ကျကာ အမြတ်ငွေနည်းပါး ခဲ့ပြီး ဘိုင်ယန်မြူးနစ်အသင်းထက် ယူရို ၇ ဒသမ ၄ သန်းလျော့ကျကာ အဆင့်(၄)နေရာတွင်သာ ရပ် တည်နိုင်ခဲ့သည်။

ယမန်နှစ်က အဆင့် (၁၀) နေရာတွင်သာရပ်တည်နိုင်ခဲ့သည့် ပြင်သစ်ချန်ပီယံပီအက်စ်ဂျီအသင်းမှာ ပြီး ခဲ့သည့်နှစ်အတွင်း အမြတ်ငွေ ၈၁ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကာ ယခုနှစ်တွင် ယူရို ၃၉၈ ဒသမ ၈ သန်းဖြင့် အဆင့်(၅)နေရာအထိ တက်လှမ်းလာနိုင်ခဲ့သည်။ မန်စီးတီးအသင်းအနေဖြင့် ငွေကြေး အမြောက်အမြားသုံးစွဲထားသော်လည်း အောင်မြင်မှုလောက်လောက်လားလားမရရှိသည့်အတွက် အဆင့်(၆)နေရာတွင်သာ ရပ်တည်နိုင်ပြီး ၎င်းနောက်တွင် ချယ်လ်ဆီး၊ အာဆင်နယ် စသည့်ပရီးမီးယား လိဂ်ထိပ်သီးအသင်းများ ရပ်တည်နေကြသည်။

စီးရီးအေချန်ပီယံ ဂျူဗင်တပ်စ်အသင်းမှာလည်း ယမန်နှစ်က အမြတ်ငွေများတိုးပွားလာခဲ့ပြီး ယူရို ၂၇၂ ဒသမ ၄ သန်းဖြင့် အဆင့်(၉)နေရာအထိ ရောက်ရှိလာခဲ့သည်။

နည်းပြဟောင်းဖာဂူဆန်၏ လက်ထက်တွင် မန်ယူအသင်းမှာ ရလဒ်ကောင်းများတောက်လျှောက်ရယူ နိုင်ခဲ့ပြီး ကမ္ဘာတစ်ဝန်းမှ စီးပွားရေးလုပ်ငန်းများနှင့် ပရိသတ်များ၏ အားပေးမှုများရရှိခဲ့ပြီး ၀င်ငွေများ တိုးပွားခဲ့သည်။ သို့သော် ယခုနှစ်ရာသီတွင် နည်းပြသစ် မိုယက်စ်လက်ထက်တွင် ရလဒ်များ ကျဆင်းခဲ့ သည့်အတွက် ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းကလည်း အသင်း၏ရှယ်ယာဈေးနှုန်းများ ထိုးကျခဲ့ပြီး ရာသီအကုန်တွင် ချန်ပီယံလိဂ်ဝင်ခွင့်ပါ လွဲချော်ခဲ့ပါက အသင်း၏ဘဏ္ဍာရေးအခြေအနေကို ပိုမိုထိခိုက် လာနိုင်ဖွယ်ရှိနေကြောင်း စီးပွားရေးပညာရှင်များက ဆိုသည်။

No comments:

Post a Comment