Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 12, 2014

တရုတ်သို့ တင်ပို့မည်ဟုယူဆရသည့် မြွေအကောင် ၉,၀၀၀ ကျော် ဖမ်းမိ

ဇော်ဇော်ထွေး|ဇန်န၀ါရီ ၁၃ ရက်၊ တနင်္လာနေ့၊ ၂၀၁၄ ခုနှစ်

တရုတ်သို့ တင်ပို့မည်ဟု ယူဆထားသည့် မြွေအကောင် ၉,၄၀၀ ပါ သေတ္တာ ၃၀၀ ကို ရှမ်းပြည်နယ် လွိုင်လင်ခရိုင်လဲချားမြို့တွင် ဇန်န၀ါရီ ၁၀ ရက်က ဖမ်းဆီးရမိခဲ့သည်ဟု လဲချားမြို့နယ် ရဲစခန်းမှ ရဲ ၀န်ထမ်းတစ်ဦးက ဇန်န၀ါရီ ၁၁ ရက်က မဇ္ဈိမကို ပြောသည်။

ရှမ်းပြည်နယ်၊ လဲချားမြို့ဝင်ဂိတ်သို့ မြွေများ တင်ဆောင်လာကြောင်း ကြိုတင်သတင်းအရ မြို့နယ် အုပ် ချုပ်ရေးနှင့် သစ်တောဌာနမှ တာဝန်ရှိသူများက ကြိုတင်စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

စောင့်ဆိုင်းနေစဉ်အတွင်း မန္တလေးတိုင်း၊ ချမ်းအေးသာစံမြို့နယ်နေ ကျော်ခိုင်မောင်းနှင်လာသည့် နစ် ဆန်း ၁၂ ဘီးယာဉ်အား ရပ်တန့်ရှာဖွေခဲ့ရာ ထိုယာဉ်ပေါ်မှ အလျား နှစ်ပေ၊ အနံတစ်ပေနှင့်အမြင့် ခြောက်လက်မ ခန့်ရှိ မြွေမျိုးစုံပါရှိသော သေတ္တာအလုံး ၃၀၀ ခန့်ကို တွေ့ရှိဖမ်းဆီးခဲ့ခြင်းလည်း ဖြစ် သည်။

လဲချားမြို့နယ် သစ်တောဦးစီးဌာနမှ တောအုပ်လှထွန်းဦးက “မြွေသေတ္တာနဲ့ ကားကိုတော့ ရဲစခန်းရှေ့ မှာပဲ သိမ်းဆည်းထားပါတယ်။ ၀န်ကြီးဌာနကိုလည်း တင်ပြထားပြီး အမိန့်ညွှန်ကြားချက် ကျလာတဲ့အ တိုင်း ဆောင်ရွက်သွားမှာပါ”ဟုပြောသည်။

ကနဦးစစ်ဆေးချက်များအရ မြွေများတင်ဆောင်လာသော မော်တော်ယာဉ်သည် ဇန်န၀ါရီ ၉ ရက်၊ ည ၁၂ နာရီက တောင်ကြီးမြို့နယ် အေးသာယာစက်မှုဇုန် မုခ်ဦးအနီး ညအိပ်ရပ်နားထားစဉ် ဆိုင်ကယ်တစ် စီးဖြင့် အမည်မသိလူတစ်ဦးက ကုန်တင်ရန်ရှိကြောင်းနှင့် အကောင်ရှည်များဖြစ်ကြောင်း ပြောဆိုငှားရမ်း ခဲ့သည်ကို ကနဦးအနေဖြင့် ရဲဌာနက စစ်ဆေးတွေ့ရှိထားသည်။

ထို့နောက် အသင့်ရပ်စောင့်နေသော နံပါတ်မပါ နစ်ဆန်း ၁၀ ဘီးယာဉ်ပေါ်မှ သေတ္တာများကို ကားဖင် ပိုင်းတေ့၍ အမည်မသိ အလုပ်သမား ၁၀ ဦးတို့က ကူးပြောင်းတင်ဆောင်ပေးခဲ့ပြီးနောက် တောင်ကြီးမှ လာရှိုးအထိ ကုန်သေတ္တာတစ်လုံးလျှင် သယ်ဆောင်ခငွေကျပ် ၆၀၀၀ နှုန်းဖြင့် ပို့ဆောင်ခဲ့သည်ဟု ကုန် တင်ယာဉ်မောင်းက ထွက်ဆိုထားသည်။

“မြွေတွေကတော့ မြွေပွေး၊ မြေဟောက်နဲ့ လင်းမြွေတွေပါ။ ဒါတွေကို လားရှိုးကနေတစ်ဆင့် တရုတ်ပြည် ထဲပို့မယ်လို့ ယူဆရတယ်။ လောလောဆယ်တော့ ကုန်တင်ယာဉ်မောင်းနှင့် စပါယ်ယာကိုပဲ ဖမ်းဆီး အရေးယူထားတယ်။ နောက် ဒီမြွေပိုင်ရှင်တွေကို ဆက်လက်ဖော်ထုတ်ဖို့ စစ်ဆေးနေပါတယ်” ဟု မြို့နယ်ရဲစခန်းမှ ဒု-တပ်ကြပ် ကိုထွန်းနိုင်ဦးက ပြောသည်။

လက်ရှိတွင် ကုန်တင်ယာဉ်မောင်းဖြစ်သူကို ရဲစခန်းအမှတ်စဉ် (ပ)၃/၂၀၁၄ဖြင့် အမှုဖွင့်ပြီး တောရိုင်း တိရစ္ဆာန်နှင့် သဘာဝအပင်များ ကာကွယ်ရေး ဥပဒေပုဒ်မ ၃၅ (က)ဖြင့် အရေးယူရန် စစ်ဆေးနေသည်။

Mizzima Burmese

No comments:

Post a Comment