Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 26, 2014

အစိုးရ စစ်တပ်နဲ့ တအာင်းတပ်မတော်တို့ တိုက်ပွဲ ဆက်လက်ဖြစ်ပွား

ရှမ်းပြည်နယ်ထဲမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေကြောင်း တအာင်း(ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) သတင်းထုတ် ပြန်ထားပါတယ်။

ဇန်န၀ါရီလ ၂၅ ရက်နေ့ တနေ့တည်းမှာ နမ့်ဆန်မြို့နယ်အတွင်း တိုက်ပွဲ ၂ ပွဲ ဖြစ်ခဲ့ပြီး အစိုးရတပ် ခမရ ၅၀၆ နဲ့ တအာင်းတပ်ရင်း ၂၅၆ တို့ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်ခဲ့တာလို့ ထုတ်ပြန်ချက်က ဆိုပါတယ်။

နမ့်ဆန်မြို့ နယ်ထဲက အနောက်ကင်း ကျေးရွာအုပ်စု၊ ဟိုလရွာနားမှာ တကြိမ်၊ ပန်စရီရွာနားမှာ တကြိမ် တိုက်ပွဲ ၂ ကြိမ် ဖြစ်ခဲ့တာပါ။ အစိုးရတပ်ဖက်က စစ်ကြောင်းမှူး ဗိုလ်မှူးတဦးအပါအ၀င် ၄ ဦး ကျဆုံး သွားတယ်လို့ ပလောင်တပ်ဘက်က ထုတ်ပြန်ချက်မှာ ထပ်မံ ဖော်ပြထားပါတယ်။

ပလောင်တိုင်းရင်းသားတပ်ဘက်က ထိခိုက်ကျဆုံးတာ ရှိမရှိကိုတော့ ဖော်ပြမထားပါဘူး။ ဒီဗွီဘီက ထပ်မံ သီးခြား စုံစမ်းရာမှာလည်း နှစ်ဘက် အကျအဆုံး သတင်းတွေကို အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

By ဒီဗွီဘီ


No comments:

Post a Comment