Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 22, 2014

မုံရွာတွင် အုပ်စုဖွဲ့ရမ်းကားသည့် လူငယ်တစ်စုကို ရဲက ဖမ်းဆီး


Wednesday, January 22, 2014

မုံရွာမြို့၊ အောင်ချမ်းသာယာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် လူငယ်တစ်စုက လမ်းသွားလမ်းလာ များကို အကြောင်းမဲ့လိုက်လံရိုက်နှက်နေသည့်အတွက် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီကာ အမှုဖွင့်အရေးယူခဲ့ သည်ဟု ရဲတပ်ဖွဲ့မှူး ရဲမှူးကြူအင်းက ဇန်န၀ါရီ ၂၁ ရက်တွင် မဇ္ဈိမကို ပြောသည်။

မုံရွာမြို့၊ ကွေ့ကြီးရပ်ကွက်နေ ကြေးနီတူးဖော်ရေး မိုင်းလုပ်သား ကိုငြိမ်းချမ်းမိုး အသက်(၂၇)နှစ်ဆိုသူနှင့် သူ၏သူငယ်ချင်း ကိုနောင် အသက်(၂၆)နှစ် ဆိုသူနှစ်ဦးတို့သည် ဗိုလ်ချုပ်လမ်းမကြီးအတိုင်း၊ နေအိမ် သို့ပြန်လာစဉ် ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင် အုပ်စုဖွဲ့လူငယ်တစ်စုက နှစ်တစ်လက်မ သစ်ချောင်းများဖြင့် ရန်ငြိုးရန်စမရှိဘဲ အကြောင်းမဲ့ ၀ိုင်းဝန်းရိုက်နှက်ခဲ့သည်ဟု မုံရွာမြို့မရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ် ဦးက ပြောသည်။

အုပ်စုဖွဲ့ ရမ်းကားနေသည့် လူငယ်များ၏ ၀ိုင်းဝန်းရိုက်နှက်မှုကြောင့် ကိုနောင်ဆိုသူသည် ဦးခေါင်း နောက်စေ့ပေါက်ပြဲဒဏ်ရာ၊ ဦးခေါင်း ၀ဲဘက်ချိုးစောင်း ဖူးယောင်ဒဏ်ရာ၊ ၀ဲဘက်လက် ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့သည့်အတွက် မုံရွာပြည်သူ့ဆေးရုံကြီးသို့ အတွင်းလူနာအဖြစ် အရေးပေါ်ပို့ဆောင်ခဲ့ပြီးနောက် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်၍ ဆေးကုသမှုခံယူနေရသည်ဟု မုံရွာမြို့မရဲစခန်းမှူး ဒု-ရဲမှူး ကျော် ကျော်ညွှန့်က အတည်ပြုပြောကြားသည်။

“အိမ်နီးနားချင်း အသိမိတ်ဆွေတစ်ဦးက ကိုနောင် အရိုက်ခံရတယ်ဆိုပြီးလာပြောမှသိရတာပါ”ဟု မုံရွာ မြို့၊ အင်းရွာသစ်ရပ်ကွက်နေ လူနာ၏ ဖခင်ဖြစ်သူ ဦးမျိုးမြင့်က အမှုစစ်ရဲအရာရှိထံ ပြောခဲ့သည်ဟု ၎င်း က ဆိုသည်။

ထို့ကြောင့် ရဲတပ်ဖွဲ့ဝင်များက ယခုလ ၁၉ ရက် ည ၁၂ နာရီက ဗိုလ်ချုပ်လမ်းပေါ်၌ အကြောင်းမဲ့ အုပ်စု ဖွဲ့၍ ၀ိုင်းဝန်းရိုက်နှက်ခဲ့သူများအား သွားရောက်ဖမ်းဆီးခဲ့ရာတွင် မောင်သီဟ အသက်(၁၈)နှစ်၊ မောင် ပေါက်စ(ခ) ဟိန်းမင်းလတ် အသက်(၁၈)နှစ်၊ မောင်သန်းအောင် အသက် (၁၈)နှစ်၊ မောင်ဖိုးဇော်(ခ) ဇော်ဇော်ဦးအသက်( ၂၂)နှစ်ဆိုသူနှင့် မောင်ဖြိုးစည်သူ အသက်(၁၈) နှစ်ဆိုသူ လူငယ်ငါးဦးဖြစ်သည်ဟု မှတ်တမ်းများတွင် ဖော်ပြထားသည်။
အရက်သောက်စားပြီး လမ်းသွားလမ်းလာများအား အကြောင်းမဲ့ အုပ်စုဖွဲ့၍ ဘေးအန္တရာယ်ဖြစ်စေသော သစ်သားတုတ်ချောင်းများကို ကိုင်ဆောင်ကာ လမ်းသွားလမ်းလာများကို လိုက်လံရိုက်နှက်နေသည့် အတွက် မောင်သီဟဆိုသူနှင့် သူ၏သူငယ်ချင်းတို့အား ဥပဒေအရ အရေးယူပေးရန် လူနာ၏ဖခင်ဖြစ်သူ ဦးမျိုးမြင့်က ရဲစခန်းသို့ တိုင်းလာသည့်အတွက် ရဲစခန်းက(ပ) ၂၄/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၂၆/ ၃၀၇ အရ အဖွင့်အရေးယူဆောင်ရွက်လျက်ရှိသည်

Mizzima - News in Burmese

No comments:

Post a Comment