Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 29, 2014

သက်မွန်မြင့်ရဲ့ သတို့သားလောင်း ဘယ်သူလဲ

သက်မွန်မြင့်ရဲ့ချစ်သူ ကိုစစ်နိုင်က ဗိသုကာပညာရှင်တဦးဖြစ်တယ်လို့ ဒီဇင်ဘာလထုတ် မနောမယ ကျန်းမာရေးနဲ့အလှအပ မဂ္ဂဇင်းမှာ ရေးထားပါတယ်။  


ကိုစစ်နိုင်ရဲ့ အဒေါ်ဖြစ်သူ မပုံ့က သက်မွန်မြင့်ရဲ့ ဒီဇိုင်နာ လို့ ဆိုတယ်။ ဒါကြောင့် အိမ်ပြင်တဲ့အလုပ်ရသွားတာ ဖြစ်ပါလိမ့်မယ်။

အဲသလို တွေ့ဆုံပြီး သုံးလခန့်အကြာမှာ ဇာတ်လမ်း အစရဲ့အစ ဖြစ်ပေါ်ခဲ့တာလို့ ဆိုတယ်။ အခု ချစ်သူသက်တမ်း ၂ နှစ် ကျော်လာပြီမို့ စေ့စပ်ပြီးပြီ၊ မကြာခင် လက်ထပ်ပါတော့မယ်။

ကိုစစ်နိုင်က လူကြီးဆန်ဆန်တွေးခေါ်နိုင်၊ ဖြေရှင်းနိုင်တယ်လို့ မင်းသမီးက ဆိုတယ်။ စိတ်ဓာတ်က မြင့်မြတ်တယ်၊ ဒါက အရေးကြီးတယ်လို့လည်း ဆိုတယ်။

ရုပ်ချောပြီး မိန်းကလေးတယောက်ကို တန်ဘိုးမထားဘူး ဆိုရင် မိန်းကလေးဘ၀ပျက်တာနဲ့ အတူတူပဲလို့ သက်မွန်မြင့်က ပြောဆိုကြောင်း မနောမယ   မဂ္ဂဇင်းမှာ ရေးထားပါတယ်။ ဆက်စပ်ဖတ်ကြည့်သင့်တာကတော့ သက်မွန်မြင့် စက်ရုပ်မဟုတ်ပါ  http://blog.irrawaddy.org/2014/01/blog-post_1830.html ဆိုတဲ့ ဒီဘလော့မှာရေးထားတဲ့ပို့စ်ပါပဲ။

မကြာသေးခင်ကတော့ သူတို့မောင်နှံက ချင်း၊ မြန်မာ၊ ဥရောပ ဝတ်စုံများနဲ့ နေရာအသီးသီးမှာ ဓာတ်ပုံရိုက်ကူးနေကြောင်း အွန်လိုင်းကတဆင့် ပရိသတ်ကို အသိပေးထားတာပါ။ 

ဒီလို ကြိုတင်ပြင်ဆင်နေပြီဆိုတာ့  မင်းသမီး မကြာခင် ဖိတ်စာဝေတော့မယ်လို့ ယူဆရပါတယ်။
 
ဓာတ်ပုံကို သက်မွန်မြင့်ရဲ့အွန်လိုင်းစာမျက်နှာကနေယူပါတယ်။

အလှရိုက်ပုံတွေနဲ့ အလုပ်များနေတဲ့ သက်မွန်မြင့်တို့စုံတွဲ http://blog.irrawaddy.org/2014/01/blog-post_6941.html


.

No comments:

Post a Comment