Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, December 30, 2013

ZawGyi-One နှင့် Alt ကီးမခံပဲ ပက်ဆင့်များအလွယ်ရေးနည်း



သူငယ်ချင်းများအားလုံး မင်္ဂလာပါ
ခုကျတော်ပြောပြမှာက ဒီနေ့ ဖေ့ဘွတ်ထဲက သူငယ်ချင်းတစ်ယောက်မေးထားလို့ပါ
ဒါက သိတဲ့သူတော်တော်များများရှိပါတယ် တစ်ချို့ကျတော့လည်း မာစတာသာတတ်နေတာ မသိတဲ့သူလည်းရှိသေးတာမို့ တင်ပေးလိုက်တာပါ သိပြီးသားလူတွေအတွက်တော့ ရယ်စရာတစ်ခုပေါ့
ကျတော်တို့ ပုံမှန် ဇော်ဂျီနဲ့သုံးနေတာကို ရိုးရိုးတန်းတန်းစာရိုက်ဖို့လောက်ပဲ သိထားကြတယ်
အဲ့လိုစာရိုက်တဲ့အချိန်မှာ မြန်မာစာတွေထဲမှာ
ပက်ဆင့်တွေပါပါလာတာကို သိကြမှာပါ
အဲ့လို စာပဲရိုက်ရိုက် ချက်ပဲချက်ချက် အဲ့ချိန်ကျ ရိုးရိုးလေးတွေရေးကြတာတွေ့ရတတ်တယ်

ဥပမာ

သိက္ခာ ဆိုတာကို မရေးတတ်ဘူး သိက်ခါ အဲ့လိုရေးတယ်

အဲ့လိုရေးတာတွေတွေ့တော့ ကျတော်တို့ မြန်မာစာမှာ မမြင်ဖူးတဲ့စာလုံးအသစ်လိုဖြစ်နေတော့
တစ်မျိုးဖြစ်နေတာပေါ့ မမှန်ဘူးလားဆိုတော့ မှန်ပါတယ် အဲ့လိုရေးလည်း ဖတ်လို့ရတာပဲ
ဒါပေမယ့် အမြင်မကောင်းဘူးပေါ့ဗျာ....

အဲ့တော့ ကျတော်တို့ နှစ်လုံးဆင့်တွေရေးကြမယ်ဆိုရင် စာစီစာရိုက်သမားများအတွက် ပြောခြင်းမဟုတ်ပါ
( စာစီစာရိုက်သမားများ ကျတော်ပြောတဲ့နည်းကိုမသုံးပါနဲ့ )
Powerpoint မှာ တော့အလုပ်လုပ်ပြီး Word မှာအလုပ်မလုပ်ပါဘူး
ဒီနည်းလေးက အလွယ်နည်းရယ် ကျတော်တို့ သူငယ်ချင်းအချင်းချင်းစကားပြောတဲ့အခါမှာပဲဖြစ်ဖြစ်
ချက်တင်တတ်တဲ့နေရာပဲဖြစ်ဖြစ်သုံးလို့ရတယ်

ကြာပါတယ် ကျတော်ပြောပြမယ်

ဥပမာ 

သိက္ခာ ရေးနည်းပြောပါ့မယ်

သိက ဒီအထိရေးလိုက်ပါ့မယ် ကို ကျတော်တို့က က အောက်မှာထည့်မှာဆိုတော့ သိက အဲ့ထိရေးလိုက်တာပါ...
ရေးတော့မယ်ဆိုရင် Ctrl ရယ် Alt ရယ် ဖိထားပြီးတော့ ဖြစ်တဲ့ C ကို နိုပ်လိုက်ပါ
ဒါဆို က ကကြီးအောက်ကိုရောက်သွားမှာဖြစ်ပါတယ်

သိက္ခာ  .... ရပြီ OK နော်

နောက်တစ်ခု ထက်လာမယ်

ကမ္ဘာ ရေးနည်းပြောပါ့မယ်

သိက္ခာရေးနည်းအတိုင်းပဲ ကမာ အဲ့ထိရေးလိုက်ပါ့မယ်
ပြီးတာနဲ့ Ctrl ရယ် Alt ရယ် ဖိထားပြီးတော့ ဖြစ်တဲ့ B ကို နိုပ်လိုက်ပါ...

အားလုံးနီးပါး အဲ့လိုရေးလို့ရပေမယ့် တစ်ချို့ကျမရပြန်ဘူး

ဥပမာ 

အဓိပ္ပာယ် ၊ သိပ္ပံ ဆိုတဲ့စာလုံးတွေကို နမူနာပြပါ့မယ်

အဲ့ထဲမှာပါတဲ့ "ပ" ကျတော့ သူက ရိုးရိုးရေးမရတော့ပြန်ဘူး
အဲ့ချိန်မှာ ကျတော်တို့က ဘာသုံးလဲ တစ်ချက်ကြည့်ပါ

အဓိပ ဒီအထိ ရိုးရိုးလေးရေးလိုက်ပါ...

ပြီးတာနဲ့ ကျတော်တို့က ဒီတိုင်းနိုပ်ပါ ( Ctrl ရယ် Alt ရယ် ညာဘက်ဒါမှမဟုတ် ဘယ်ဘက်ခြမ်းက Shift ရယ် ဖြစ်တဲ့ y ကို အကုန်တွဲပြီး နိုပ်ရမှာပါ )

ဒါဆို အဆင်ပြေပါပြီ

ကျတော်ပြောတဲ့နည်းက တော်တော်များများကို ရပါတယ်

ဗုဒ္ဓလည်း ခုနက ပြောခဲ့တဲ့ သိပ္ပံတို့  အဓိပ္ပာယ်တို့ အတိုင်းပဲ ရေးရမှာပါ....
အဆင်မပြေပါဘူး အောက်မှာ ကွန်မန်းလေးထားခဲ့ကြပါ...
တစ်ကယ်လို့ အဆင်မပြေဘူးဆို ကျတော့်ဆီမှာရှိနေတဲ့ ဇော်ဂျီကို တင်ပေးပါ့မယ်
အားလုံးစိတ်ချမ်းသာပါစေ...
http://www.leohero.com/2013/12/zawgyi-one-alt.htmlhttp://www.leohero.com/2013/12/zawgyi-one-alt.html

No comments:

Post a Comment