Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, December 26, 2013

တံတားမြို့ နယ်ခွဲတွင် လမ်းမီးတိုင်များကို EPC မှ လျှပ်စစ်မီးဖြတ်တောက်


ရန်ကုန်တိုင်း ဒေသကြီး၊ ကျောက်တန်းမြို့ နယ်၊ တံတားမြို့ နယ်ခွဲတွင် ၁၈- ၁၂- ၂၀၁၃ ရက်နေ့ကတည်းက လမ်းမီးများ ဖြတ်ထားသည်မှာ ယနေ့အချိန်ထိ ဖြစ်ပါသည်။ လမ်းမီးကြေး မပေးသောကြောင့် မြို့အတွင်းရှိ လမ်းမီးတိုင်များကို EPC မှ လျှပ်စစ်မီးဖြတ်တောက် ထားတာဖြစ်ကြောင်း ဒေသခံများက Myanmar News Now ကို ပြောပါသည်။

''ရွာမှာ လမ်းမီးမလာတာ မလွှတ်တာပေါ့နော်...တစ်ပတ်ရှိပြီ၊ အကြောင်းကတော့ ရပ်ကွက်လူကြီးတွေက လမ်းမီးကြေး မကောက်ပေးလို့ တဲ့  ရွာမှာ ၄ ရပ်ကွက်ရှိတယ် တစ်ရပ်ကွက်ကို တစ်လပျမ်းမျှခြင်း၊ ခုနှစ်သောင်းလောက် ကောက်ပေးရတယ်၊ ခုက ရပ်ကွက်လူကြီးတွေကမကောက်ပေးနိုင်တော့ဘူးလေ၊ တစ်အိမ်ကို တစ်လ ၅၀၀ နှုန်းလောက်ကောက်ရတာ
ကြာလာတော့လဲ ရွာကလူတွေက မပေးချင်တော့ဘူး၊ မပေးချင်တာကလဲ လမ်းမီးတိုင်မှာက မီးလုံးမှမရှိဘဲ၊ လမ်းမီးကြေး ဘယ်ပေးချင်ကြမှာလဲ ခုဆိုရင်သူခိုးတွေ လဲထနေတယ်၊
ညဘက် အလုပ်သမားလက်လုပ်လက်စား အလုပ်သမားတွေ အလုပ်သွား အလုပ်ပြန်
ကျောင်းသူ ကျောင်းသားတွေ ညဘက်ကျူရှင် ကနေအပြန် ညကြီးအချိန်မတော် သွားလာရတဲ့ ကျန်းမာရေး ၀န်ထမ်းတွေ မနက်ဆွမ်းစားကြွရတဲ့ သံဃာတော်တွေ၊ နောက်ပြီးတော့ မြွေဆိုးတွေကိုမကြာခဏ လူသွားလမ်းပေါ်မှာ တွေ့နေရသောကြောင့် ယခုကဲသို့ လမ်းမီးများ ဖြတ်တောက်ထားသောကြောင့် လမ်းသွားလမ်းလာများ မြွေဆိုးရန်နှင့် အသက်အန္တရာယ်ပါ စိုးရိမ်နေကြကြောင်း''  ဒေသခံ တဦးက ပြောပြပါသည်။

တံတားမြို့ နယ်ခွဲ လျှပ်စစ်ဌာန ဖုန်း နံပါတ်ကတော့ 05640444 လိုင်းခွဲ 1344 ဖြစ်ပါသည်။

by THITHTOOLWIN

No comments:

Post a Comment