Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, December 8, 2013

ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်းရှိ ကွန်ပျူတာနှင့် ဖုန်းအရောင်းဆိုင်မှ လက်တော့ကွန်ပျူတာခိုးယူသူအား CCTV မှတ်တမ်းအရ ဖေါ်ထုတ်ဖမ်းဆီးရမိ

ကျောက်တံတားမြို့နယ်၊ (၇)ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်းရှိ မီဒီယာလင့်ကွန်ပျူတာနှင့် ဖုန်းအရောင်းဆိုင်မှ Lenovo အမျိုးအစား လက်တော့ကွန်ပျူတာ (၁)လုံး တန်းဘိုးငွေကျပ် (၅)သိန်းခန့်အား ၁၆.၁၀.၂၀၁၃ရက်နေ့တွင် ပျောက်ဆုံးနေကြောင်းသိရှိရ၍ ဦးဝင်းနောင်မှ စုံစမ်းဖေါ်ထုတ်အရေးယူပေးရန် ကျောက်တံတားမြို့မရဲစခန်းသို့ လာရောက်တိုင်တန်းခဲ့သဖြင့် ကျောက်တံတားမြို့မရဲစခန်းမှ (ပ)၄၂၈/၂၀၁၃၊ ပုဒ်မ ၃၈၀ဖြင့် အမှုဖွင့်စုံစမ်းဆောင်ရွက်ခဲ့ပါသည်။

အဆိုပါအမှုနှင့်စပ်လျဉ်း၍ စုံစမ်းဆောင်ရွက်ခဲ့ရာ အခင်းဖြစ်ဆိုင်၏ CCTVမှတ်တမ်းများအားရယူ၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ အကူတပ်ဖွဲ့ခွဲ၊ လုံခြုံရေးတပ်ခွဲ (၂)မှဒုရဲမှူး အောင် ၀င်းခေါင်းဆောင်သောအဖွဲ့သည် မှတ်တမ်းတွင်ပါရှိသည့် မသင်္ကာသူများ၏ဓါတ်ပုံများအား မြို့နယ်များအတွင်း ဖြန့်ခွဲစုံစမ်းခဲ့ရာ ဆိုင်အတွင်းပစ္စည်းများဝယ်ဟန်ဆောင်၍ ခိုးမှု များဖြင့်ပြစ်ချက်ဟောင်းရှိသူ သန္တာဇော် (ဘ)ဦးခင်မောင်သိန်း၊ (၇၀)ရပ်ကွက်၊ ဒဂုံတောင်မြို့နယ်နေသူနှင့် မခင်မ(ခ)စံပယ်(ဘ)ဦးမြင့်မောင်၊ (၇၁)ရပ်ကွက်၊ ဒဂုံတောင်မြို့နယ်နေသူများဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့ရာမှကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်းရှိ၊ မီဒီယာလင့်
ကွန်ပျူတာနှင့်ဖုန်းအရောင်းဆိုင်မှ Lenovo လက်တော့ကွန်ပျူတာ (၁)လုံးအားခိုးယူရောင်းချထားကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့်ပြန်လည်သိမ်းဆည်းကာ သန္တာဇော်နှင့် မခင်မ(ခ)စံပယ်တို့ (၂)ဦးအား ကျောက်တံတားမြို့မရဲစခန်း၌ အရေးယူဆောင်ရွက်ထားရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

Post a Comment