Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, December 28, 2013

နံပါတ်ပူးရင်းဈေးပိုကြီးတယ်

5G – 9999 နံပါတ်ကို ငွေကျပ် ၅၂ သိန်းဖြင့် ဝယ်ယူ

ရန်ကုန် ဒီဇင်ဘာ ၂၈

ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန (ကညန) သည်နိုင်ငံတော်အတွက် ပြည်သူ့ဘဏ္ဍာ ငွေ ပိုမိုရရှိစေရန်နှင့် ပြည်ပမှ တင်သွင်းလာသော ယာဉ်ပိုင်ရှင်များ အနေဖြင့်လည်း မိမိကြိုက်နှစ်သက်ရာ အပူး ဂဏန်းများနှင့် ရွေးဂဏန်း နံပါတ်များကို ပွင့်လင်းမြင်သာစွာဖြင့် စိတ်ကြိုက် ဝယ်ယူခွင့်ရရှိစေရန် ဆောင်ရွက် ပေးလျက်ရှိသည်။

ကညန ရန်ကုန်(ရုံးချုပ်)ရှိ ဗဟို မော်တော်ယာဉ် မှတ်ပုံတင် ဌာနတွင်မူသေ နောက်ဆုံးမော်တော်ယာဉ် နံပါတ် များမှာ 3G-7269 နှင့် DD-3347 သို့ ရောက်ရှိပြီး 5G-9999 ဂဏန်းလေးလုံး အပူးနံပါတ်ကို ငွေကျပ် ၅၂ သိန်းဖြင့် ယာဉ်ပိုင်ရှင်တစ်ဦးက ဝယ်ယူသွားကြောင်း သိရသည်။

ဒီဇင်ဘာလအတွင်း ဂဏန်း လေးလုံး အပူးနံပါတ်များဖြစ်သော 3G-1111 နံပါတ်ကို ငွေကျပ် ၁၄ သိန်း၊ 3G-2222 နံပါတ်ကို ငွေကျပ် ၁၈ သိန်း၊ 3G-4444 နံပါတ်ကို ငွေကျပ် ၁၀ သိန်း၊ 3G-5555 နံပါတ်ကို ငွေကျပ် ၁၈ သိန်း၊ 3G-6666 နံပါတ်ကို ငွေကျပ် ၃၂ သိန်း၊ 3G- 8888 နံပါတ်ကို ငွေကျပ် ၃၈ သိန်း၊ 3G-9999 နံပါတ်ကို ငွေကျပ် သိန်း ၃၀၊ 4G-9999 နံပါတ်ကိုငွေကျပ် သိန်း ၄၀ တို့ဖြင့် ယာဉ်ပိုင်ရှင်များက ဝယ်ယူခဲ့ကြောင်း သိရ သည်။

No comments:

Post a Comment