Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, November 24, 2013

Sperm Bank ခေါ် သုတ်ပိုးဘဏ်


Sperm Bank ခေါ် သုတ်ပိုးဘဏ် တွေဟာ လူ့သုတ်ပိုး တွေကို စုဆောင်း သိမ်းဆည်း ထားပြီး အနာဂတ်မှာ အကြောင်း ကြောင်းကြောင့် ကလေး မရနိုင် ခဲ့ရင် သန္ဓေ ဆောင်နိုင်ဖို့ ကူညီပေး ပါတယ်။
သဘာဝ အတိုင်း သားသမီး မရရှိနိုင်တဲ့ လင်မယားတွေ အတွက်တော့ ကလေး လိုချင်ရင် တစ်ခုခုတော့ ရင်းရမှာ ပါပဲ။ ဆေးပညာမှာ အခု ဆိုရင် လူသားတွေမှာ မျိုးမအောင်တဲ့ ရောဂါအတွက် ထိရောက်တဲ့ ကုသနည်းတွေ ရှိနေပါပြီ။ ဒါ့အပြင် မိဘ တစ်ယောက် တည်းက ဖြစ်စေ၊ နှစ်ယောက်လုံးက ဖြစ်စေ ကလေး မရနိုင်ဘူး ဆိုရင်တောင် သာမန်အတိုင်း ကိုယ်ဝန် ဆောင်နိုင် ဖို့အတွက် နည်းလမ်းတွေ ရှိနေပါပြီ။ လက်ရှိ အသုံးပြု နေတဲ့ နည်းလမ်း ကတော့ ကလေး လိုချင်တဲ့ စုံတွဲတွေ ထဲက တစ်ယောက်ယောက်က သန္ဓေ မအောင်နိုင်တဲ့ အခြေအနေ မှာရှိရင် ကူညီ ဖြေရှင်းပေး ဖို့ရာအတွက် အရည်အသွေးမှီ မျိုးဗီဇ ဆဲလ်တွေကို စုဆောင်းတာပဲ ဖြစ်ပါတယ်။ ဒီလို စုဆောင်း ထားရှိတဲ့ နေရာမှာ အ လှုရှင်တွေ ဆီကနေ ကျန်းမာ သန်စွမ်းတဲ့ သုတ်ပိုးတွေကို သုတ်ပိုး ဘဏ်တွေက တဆင့် စုဆောင်းတာ ဖြစ်ပါတယ်။
ဒီဘဏ် တွေဟာ လူ့သုတ်ပိုး တွေကို စုဆောင်း သိမ်းဆည်း ထားပြီး အနာဂတ် လိုအပ်တဲ့ အချိန်မှာ အမျိုးသား ဖြစ်သူက ကလေး မရနိုင်ဘူး ဆိုရင်တောင် သန္ဓေ ဆောင်နိုင်ဖို့ အတွက် အသုံးပြု ပါတယ်။ တစ်နည်း အားဖြင့် cryobank (sperm bank) တွေဟာ အလှုရှင်တွေ ဆီကနေ လိုအပ်တဲ့ အချက်အလက် တွေကို စုဆောင်း ထားပြီး ကလေး ရရှိဖို့ အခက်အခဲ ဖြစ်နေတဲ့ စုံတွဲရဲ့ ခွင့်ပြုချက်နဲ့ ဆရာဝန်က အခြားက ရရှိတဲ့ သုတ်ပိုးကို အသုံးပြုပြီး သူတို့ ကိုယ်တိုင် ကလေး ရရှိနိုင်ဖို့ မျှော်လင့်ချက် အတွက် အသုံးပြု ပါတယ်။ ဒီလုပ်ငန်းစဉ်ဟာ ပြုလုပ်ဖို့ ရိုးရှင်း ပေ မယ့် တရားရုံးမှာ ရင်ဆိုင် ရတာတွေ၊ စိတ်ဓာတ်ပိုင်း ဆိုင်ရာ လက်တွေ့ လက်ခံ နိုင်မှုတွေ စသဖြင့် အခက်အခဲ တွေလည်း ရှိပါတယ်။ သုတ် ပိုးဘဏ် တွေဟာ သုတ်ပိုး စုဆောင်း ရရှိပြီ ဆိုရင် ဒီသုတ်ပိုးကို အလွန်အေးတဲ့ အပူချိန်မှာ အေးခဲ နေအောင် ပြုလုပ် ထားရှိပြီး အနာဂတ် မှာအသုံးပြု နိုင်ဖို့ ပြင်ဆင်ထား ပါတယ်။ ဒီနည်းပညာကို အသုံးပြုပြီး သုတ်ပိုးဘဏ် တစ်ခုဟာ လွန်ခဲ့တဲ့ နှစ်၂၀ခန့်က အလှုရှင် ဆီကနေ ရ ရှိထားတဲ့ သုတ်ပိုးကို အသုံးပြုဖို့ လူနာထံကို ပေးအပ် နိုင်ပါတယ်။ ဒီနည်းလမ်းတွေ အသုံးပြုပြီး donation centers တွေဟာ ကလေး မရနိုင် တဲ့ မိဘတွေကို သန်းပေါင်း များစွာသော သားသမီးတွေ ပေးစွမ်းနိုင် ခဲ့ပါတယ်။
သုတ်ပိုးဘဏ် တွေဟာ သုတ်ပိုးကို ကျန်းမာရေး ကောင်းမွန်တဲ့ အလှုရှင်တွေ ဆီကနေ ရယူပြီး သူတို့ရဲ့ ကျန်းမာရေး မှတ်တမ်းများကိုပါ စစ်ဆေးလေ့ ရှိပါတယ်။ အဆင်ပြေပြီ ဆိုရင်တော့ အလှုရှင်ဟာ သုတ်ပိုးဘဏ် တစ်ခုကို သွားပြီး ဘဏ်က ပေးတဲ့ container တစ်ခုမှာ သုတ် ပိုးကို ထည့်ပေးရမှာ ဖြစ်ပါတယ်။ ထို့နောက်ထို container ကိုဘဏ်ရဲ့ တာဝန်ရှိသူ တစ်ယောက်ထံ ပြန်လည် ပေးအပ် ရမှာပါ။ ပြီးနောက် ဘဏ်က အဆိုပါ သုတ်ပိုးကို ပိုမိုသေးငယ်တဲ့ ပုလင်း ဒါမှမဟုတ် container တစ်ခုထဲကို ပြောင်းထည့်ပြီး liquid nitrogen နဲ့ရောစပ် ပါတယ်။ nitrogen gas ကသုတ်ပိုးထဲမှာ ပါဝင်တဲ့ molecules နဲ့ cells တွေကို ချက်ချင်း အေးခဲ သွားစေပြီး သိုလှောင် ထားရှိတဲ့ နေရာမှာ အသုံးပြုဖို့ မလိုအပ် သေးခင် ထားရှိ ပါတယ်။ လှုဒါန်းထားတဲ့ သုတ်ပိုးကို အသုံး မပြုခင်၊ အသုံးပြု နေစဉ်နဲ့ အသုံးပြုပြီး အချိန်တွေမှာ ဆရာဝန် တစ် ယောက်ကို လှုဒါန်း ထားတဲ့ သုတ်ပိုးကို ဘယ်သူတွေ ရယူ အသုံးပြု ထားတယ် ဆိုတာ သိရှိနိုင်ရန် အတွက် အချက်အလက် တွေကို ရယူ စုဆောင်း ထားလေ့ ရှိပါတယ်။
ဒီလို လှုဒါန်းတဲ့ သုတ်ပိုးကို အသုံးပြု ခြင်းဟာ အခုဆိုရင် အသုံးများတဲ့ နည်းလမ်း တစ်ခု ဖြစ်လာပါပြီ။ နောင်အနာဂတ်မှာ ဆေးပညာ ပိုင်း တိုးတက် လာတာ နဲ့အမျှ မိဘတွေရဲ့ cells တွေကနေပဲ တိုက်ရိုက် သန္ဓေ အောင်စေဖို့ နည်းလမ်း သစ်တွေ ထွက်ပေါ်လာ နိုင်တာကြောင့် သုတ်ပိုးဘဏ် တွေကို လိုအပ်ချက် လျှော့ကျ လာမှာ ဖြစ်ပါတယ်။ လက်ရှိ မှာတော့ ဒီဘဏ်တွေ ဒီနည်းလမ်း တွေဟာ ကမ္ဘာပေါ် မှာရှိတဲ့ ကလေး လိုချင်တဲ့ မိဘတွေ အတွက် သန္ဓေ မအောင်နိုင်တဲ့ ပြဿနာကို ဖြေရှင်းဖို့ အတွက် အများကြီး အကူအညီ ပေးနေဆဲပဲ ဖြစ်ပါတယ်။ သုတ်ပိုး အလှုရှင် တစ်ယောက် ဖြစ်ဖို့ဆိုရင် လိုအပ်ချက်တွေ ရှိပါတယ်။ အလှုရှင်ဟာ အသက် ၁၈နှစ်နဲ့ ၃၅နှစ်ကြား မှာရှိတဲ့ ယောကျာင်္းလေး ဖြစ်ရပါမယ်။ ဒါ့အပြင် သင်ဟာ သုတ်ပိုးဘဏ်နဲ့ တစ်နာရီ လောက်ဝေးတဲ့ အကွာအဝေး အတွင်းမှာ နေထိုင်သူ ဖြစ်ရပါမယ်။ ဒါ့အပြင် အရပ် ၆ပေ အနည်းဆုံး ရှိရပါမယ်။ ပညာရေးမှာ အနည်းဆုံး အထက်တန်း အောင်ထားတဲ့ သူဖြစ်ဖို့ လိုအပ် ပါတယ်။ အလှုရှင်ရဲ့ သုတ်ပိုးကောင် အရေအတွက်ဟာ လိုအပ်တဲ့ အရည်အတွက် ပြည့်မှီဖို့ လိုအပ် ပါတယ်။ masturbation လုပ်ခြင်းဟာ sex လုပ်ခြင်းထက် သုတ်ပိုးကောင် အရေအတွက် တစ်ဝက်ခန့် နည်းပြီး ထုတ်ပေး ပါတယ်။ အလှုရှင် တွေရဲ့ ၅၀-၉၀ ရာခိုင်နှုန်းက ဒီလိုအပ်ချက်ကို မပြည့်မှီ တဲ့အတွက် ကျရှုံးကြ ပါတယ်။
Images from haaretz, 8sa, deredactie. Source: ehow.com
Joker(MYMC)
 http://myetshin.com/archives/1793

No comments:

Post a Comment