Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 20, 2013

လေဒီဂါဂါထက် မက်ဒေါနားက ၀င်ငွေပိုကောင်းကြောင်း Forbes မဂ္ဂဇင်းဖော်ပြ

နယူးယောက်(ရိုက်တာ)၊ နိုဝင်ဘာ ၂၀

နာမည်ကြီး ပေါ့ပ်ဘုရင်မ မက်ဒေါနားမှာ ၂၀၁၃ ခုနှစ်၏ ၀င်ငွေအမြင့်မားဆုံး အနုပညာရှင်စာရင်း၌ လေဒီ ဂါဂါနှင့် ဘွန်ဂျိုဗီတို့အား လွယ်ကူစွာကျော်ဖြတ် ခဲ့သည်ဟု နိုဝင်ဘာ ၁၉ ရက်က Forbes မဂ္ဂဇင်းကထုတ် ပြန်သောစာရင်းတွင် ဖော်ပြထားသည်။

မက်ဒေါနားသည် သူမ၏အောင်မြင်အကျော်ကြားဆုံး MDNA ဖျော်ဖြေရေးခရီးစဉ်မှ အမေရိကန်ဒေါ်လာ ၁၂၅ သန်းရရှိခဲ့သည့်အပြင် ဖျော်ဖြေပွဲများ၊ အ၀တ်အစားများနှင့် ရေမွှေးများရောင်းချခြင်းမှလည်း ၀င်ငွေ များစွာရရှိလျက်ရှိသည်။

“မက်ဒေါနားက 'Material Girl' လို့ အမည်ပေးထားတဲ့ ၀င်ငွေအကောင်းဆုံး သောအနုပညာရှင်စာရင်း မှာ ထိပ်ဆုံးကနေ ပြတ်ပြတ်သားသားဦးဆောင်နေပါတယ်” ဟု Forbes တွင်ရေးသားဖော်ပြထားသည်။

အသက်(၂၇)နှစ်အရွယ် လေဒီဂါဂါမှာ ၎င်းင်းစာရင်း၏ ဒုတိယနေရာတွင် အမေ ရိကန်ဒေါ်လာ သန်း ၈၀ ဖြင့်ရပ်တည်လျက်ရှိပြီး ဘွန်ဂျိုဗီမှာမူ တတိယနေရာ၌ အမေရိကန်ဒေါ်လာ ၇၉ သန်းဖြင့် ရပ်တည်လျက်ရှိ သည်။

အသက် (၅၅) နှစ်အရွယ် မက်ဒေါနားကဲ့သို့ပင် လေဒီဂါဂါနှင့် ဘွန်ဂျိုဗီတို့မှာလည်း ဖျော်ဖြေရေးခရီးစဉ် များမှ ၀င်ငွေများစွာရရှိနေဆဲဖြစ်သည်။ ဂါဂါအနေဖြင့် နောက်ဆုံးဖျော်ဖြေရေးခရီးစဉ်မှ အမေရိကန်ဒေါ် လာ ၁၆၈ သန်းရရှိခဲ့ပြီး ယင်းပမာဏမှာ မျှော်မှန်းထားသည်ထက်နည်းပါးသည်။ တင်ပါးဆုံဒဏ်ရာအား ခွဲစိတ်ကုသခဲ့ရသောကြောင့် ယခုကဲ့သို့ ၀င်ငွေနည်းသွားခြင်းဖြစ်သည်။ ဘွန်ဂျိုဗီမှာလည်း ၎င်း၏ဖျော်ဖြေ ပွဲများမှတစ်ဆင့် မြို့တစ်မြို့လျှင် ပျမ်းမျှသုံးသန်းကျော် ရရှိလျက်ရှိသည်။

Forbes အနေဖြင့် ၎င်းစာရင်းတွင် ၂၀၁၂ ခုနှစ်ဇွန်လမှ ၂၀၁၃ ခုနှစ် ဇွန်လအတွင်း ခန့်မှန်းဝင်ငွေအများ ဆုံးရရှိသော အနုပညာ ၂၅ ဦးအား ထည့်သွင်းဖော်ပြထားခြင်းဖြစ်သည်။ ခန့်မှန်းဝင်ငွေအား သိရှိရန် Pollstar ၏ကုန်သွယ်ရေးထုတ် ပြန်ကြေညာချက်များ၊ ကုန်သွယ်ရေးအသင်း၏ RIAA နှင့် Nielsen Soun dScan ၏ သတင်းအချက်အလက်များ၊ ရောင်းရငွေများအား စုံစမ်းသည့်စနစ်တို့မှ ရရှိသော အချက်အ လက်များကို အသုံးပြုထားသည်။ ထို့အတူရလဒ်များအတွက် ဂီတလုပ်ငန်းဆိုင်ရာရှေ့နေများ၊ မန်နေဂျာ များနှင့် အချို့သောဂီတပညာရှင်များထံမှလည်း အကြံဥာဏ်များရယူပြီးမှ ယခုကဲ့သို့ ထုတ်ပြန်ကြေ ညာခြင်းဖြစ်သည်။


Madonna tops Forbes highest-paid musician list
(AFP)
New York City — Business magazine Forbes named Madonna the highest-paid musician in the world, estimating her earnings at $125 million in the year to June.
Revenues from her MDNA concert tour plus sales of Madonna-related products and merchandise put the Material Girl, 55, well ahead of Lady Gaga at $80 million.
The Mother Monster's income would have been higher had a hip injury not forced her to abandon a global concert tour, Forbes said.
Veteran rocker Bon Jovi placed third at $79 million, followed by country star Toby Keith ($65 million) and British band Coldplay ($64 million).
 http://www.google.com/hostednews/afp/article/ALeqM5h_Pz33At3EqZMKg9AxYpQpLEZD0g?docId=b49f9c08-2199-4e7e-9836-4188cff59b76

No comments:

Post a Comment