Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, November 10, 2013

First Look: 2014 Honda Odyssey နှင့် Honda Odyssey Absolute

လှပခန့်ညားသည့် ဒီဇိုင်းပုံစံဖြင့် ၂၀၁၄ မော်ဒယ် Odyssey အသစ်အား ဂျပန်ပြည်တွင်း ဈေးကွက်အတွက် Honda မှ စတင်ထုတ်လုပ် ဖြန့်ချိလိုက်ပြီ ဖြစ်သည်။
မျိုးဆက် ၅ ခုမြောက် Odyssey သည် ယခင်မျိုးဆက်နှင့် အခြေခံ ဒီဇိုင်းပုံစံ ကွဲထွက်သွားခြင်း မရှိသော် လည်း ရွေ့လျှောတံခါး၊ မြင့်မားသည့်ခေါင်မိုးနှင့် ကားအတွင်းပိုင်း၌ ကွာလတီမြင့် ပစ္စည်းများ အသုံးပြု ထားခြင်း စ သည့် ထင်ရှားသည့် ပြောင်းလဲမှုအချို့ကိုမူ တွေ့ရှိနိုင်မည်ဖြစ်သည်။
ကနေဦး ကြည့်ရှုလေ့လာမှုအရတော့ ယခု မော်ဒယ်သစ် Odyssey ဟာ အမေရိကန်အခေါ် Mini Van ၊ အခြားနိုင်ငံများအခေါ် Multi-Purpose Vehicle (MVP) များထဲတွင် ထိပ်ဆုံးမှ ရပ်တည်ရန် ဦးတည်နေသယောင်ပင် ရှိနေသည်။
ဤ Odyssey အား B ၊ G နှင့် အထူးအဆင့်မြင့် Absolute ဟူ၍ Trim Level ၃ မျိုး ထုတ်လုပ်သွား မည်ဖြစ် သည်။ Trim ၃ ခုစလုံးအတွက် မြင်းကောင်ရေ ၁၇၃ ကောင်အားရှိ ၂.၄ လီတာ i-VTEC အင်ဂျင် အား တပ်ဆင်ပေးထားပြီး ၇ ချက်ထိုး CVT ဂီယာစနစ်အား အသုံးပြုထားသည်။
B နှင့် G မော်ဒယ်များ၏ အင်ဂျင်တွင် Port Fuel Injection စနစ်အား အသုံးပြုထားသဖြင့် ဆီစားသက် သာ သ လို အင်ဂျင်ရုန်းအား (Torque) လည်း ပိုမိုကောင်းမွန်မည်ဖြစ်သည်။ Absolute မော်ဒယ်၏ အင်ဂျင် တွင်မူ Direct Fuel Injection စနစ်အား အသုံးပြုထားသဖြင့် အထူးကောင်မွန်သည့် အမြန်နှုန်းအား ခံစားရရှိနိုင်မည် ဖြစ်သည်။
Odyssey နှင့် Odyssey Absolute တို့သည် Honda ၏ ထင်ရှားသည့် MVP များဖြစ်သည့် Elysion နှင့် Elysion Prestige တို့အား တိုက်ရိုက် အစားထိုးဖွယ် ရှိနေပြီး Elysion ၏ အထူးကောင်းမွန်သည့် အချက်များနှင့် ပါဝင်သည့် features များအား အမိအရ ရယူထည့်သွင်း ပေးထားသဖြင့် မိသားစုများ အနေဖြင့် ခရီးဝေးများအား သက်သောင့်သက်သာဖြင့် အဆင်ပြေပြေ သွားရောက်နိုင်မည် ဖြစ်သည်။
အထူးသဖြင့် Odyssey Absolute တွင် အသုံးပြုထားသည့် အင်ဂျင်မှာ အမေရိကန်နိုင်ငံရှိ Honda စက်ရုံထုတ် Accord များတွင် အသုံးပြုသည့် အင်ဂျင်နဲ့ ပုံစံတူ ဖြစ်နေသဖြင့် မြင့်မားသည့် စွမ်းဆောင်ရည် ၊ sporty ဖြစ်မှုနှင့် စိတ်ချမ်းမြေ့ဖွယ် ထိန်းချုပ် မောင်းနှင်မှုတို့ကို ရရှိနိုင်ဖွယ် ရှိနေသည်။
ဂီယာစနစ်တွင်လည်း CVT စနစ် အသစ်အား အသုံးပြုထားသော်လည်း Honda ၏ ယခင် CVT စနစ်များ အား သုံးစွဲသူများက နှစ်သက်ခြင်း မရှိခဲ့ပေ။ သို့သော်လည်း စာဖတ်သူတို့အနေဖြင့် Myanmar Consumer Guide မှ လက်တွေ့ စမ်းသပ်မောင်းနှင်မှု မတိုင်မီအထိတော့ ဆုံးဖြတ်ချက်ချ မစောရန် မေတ္တာရပ်ခံပါရစေ။
Odyssey အား ကမ္ဘာ့နိုင်ငံ အများစုတွင် ရောင်းချလျက်ရှိပြီ်း Honda ထုတ် ကားများထဲတွင် အရေးပါ သည့် ကားတစ်စီးဖြစ်သလို Multi-Purpose Vehicle အမျိုးအစားများထဲ၌လည်း နာမည်ကျော် ကားတစ်စီး ပင် ဖြစ်သည်။ လတ်တလောကာလတွင် Honda အနေဖြင့် Elysion အား မည်သို့မည် ပုံ ပြောင်း လဲထုတ်လုပ်မည်ကို မသိရှိရသေးပေ။ ယင်းအတွက်ကြောင့် ယခု Odyssey အသစ်၏ အခန်းကဏ္ဍမှာ ဂျပန်ပြည်တွင်း ဈေးကွက်သာမက ကမ္ဘာ့ကားဈေးကွက်အတွက်ပါ အရေးပါလာမည်ဖြစ်သည်။
Honda အနေဖြင့် အမေရိကန်ဈေးကွက်တွင် ရောင်းချနေသည့် Odyssey ၏ လိုအပ်ချက်များကိုလည်း အသေးစိတ် လေ့လာပြီး ယခု မျိုးဆက် ၅ ခု မြောက် Odyssey အသစ်တွင် ထည့်သွင်းပြင် ဆင် ထားသည်ဟု ယူဆရပါသည်။ ပုံစံဒီဇိုင်း ၊ စွမ်းဆောင်ရည်နှင့် လုပ်ဆောင်ချက်များ အရတော့ဖြင့် Odyssey အသစ်သည် MVP ကားများ၏ ဘုရင်အဖြစ် သရဖူဆောင်းနိုင်ရန် Toyota Vellfire/Estima နှင့်သာ ရင်ဆိုင်ရဖွယ် ရှိနေပါသည်။
Myanmar Consumer Guide

No comments:

Post a Comment