“ချစ်တဲ့ ပရိသတ်ကို သက်မွန်တို့ချစ်သူနှစ်ယောက်ပုံ တင်ပေးလိုက်ပါတယ်(သိချင်မလားလို့ပါ)၂၀၁၄မှာ လက်ထပ်ကြဖို့လည်းရည်ရွယ်ထားပါရှင်။
လက်ထပ်ပြီးရင်လည်း အနုပညာအလုပ်ကို ပဲ ဆက်ပြီးလုပ်သွားမှာပါ။ သက်မွန်ကိုဆက်ပြီး ချစ်ခင်စွာနဲ့ အာပေးကြပါနော်”လို့ ပရိသတ်အချစ်တော်သရုပ်ဆောင်အကယ်ဒမီသက်မွန်မြင့်အမည်နဲ့ Thet Mon Myint ဖေ့ဘုတ်မှာဖေါ်ပြလာလို့ ဒီဝါကျွတ်ဟာထူးခြားကြောင်းပရိသတ်တွေကြည်နူးစွာပြော
စမှတ်ရှိလို့ နေပါတယ်။
ဒီ ဝါကျွတ် မှာလည်း အနုပညာရှင်တွေထဲ လက်ထပ်မင်္ဂလာပွဲ ဆင်နွှဲကြမယ့် အသံတွေ
ကြားလာရပြန်သလို ပရိသတ် အချစ်တော် သရုပ်ဆောင် အကယ်ဒမီ မင်းသမီးလေး
သက်မွန်မြင့် တစ်ယောက်လည်း သတင်းကြီးနေ ပြန်ပါသေးတယ်။
ဘဝ
လက်တွဲဖော် ကို အနုပညာ လောကထဲက မဟုတ်ဘဲ အပြင်လောက ထဲက သူ ကိုပဲ
ရွေးချယ် မှာဖြစ်ပြီး ကိုယ့်ကိုယ် တကယ် ချစ်ပြီးကိုယ်က တကယ် ချစ်ရတဲ့
သူကိုပဲ ရွေးချယ်သွား မှာ ဖြစ်ကြောင်း ပြောတဲ့ သက်မွန်မြင့် က "တစ်ယောက်နဲ့
တစ်ယောက် ကတော့ တူမှာ မဟုတ်ဘူး။ စိတ်ချင်းလည်း တူမှာ မဟုတ်သလို
စရိုက်ချင်းလည်း တူမှာ မဟုတ်ဘူး။ ကိုယ်လက်ခံပေးနိုင်တဲ့ အရာ ရှိမယ်၊ လက်ခံ
မပေးနိုင်တဲ့ အရာလည်း ရှိမယ်။ ကိုယ် တကယ်ချစ်မှ မေတ္တာရှိမှ သာ သူ့အပေါ် မှာ
အနစ်နာခံတာတွေ၊ သည်းခံတာတွေ၊ အလျှော့ပေးတာတွေ ရှိလာမှာလေ။ တစ်ဖက် နဲ့တစ်ဖက်
အဆင်ပြေဖို့ ဆိုတာ နားလည်မှု၊ သည်းခံပေးမှု၊ ယုံကြည်ပေးမှု အဲဒါတွေလိုတယ်။
အနုပညာ အလုပ်ကလည်း လွယ်တဲ့ ကိစ္စ မဟုတ်ဘူး။ ဘယ်သူ ပဲဖြစ်ဖြစ် ကိုယ့်ရဲ့
ချစ်သူကို ပိုင်ဆိုင် ချင်ကြတယ်။ သဝန်တို ကြတယ်။ ဒါပေမဲ့ အလုပ်တစ်ခု အနေနဲ့
လုပ်တယ် ဆိုတာကို နားလည် ပေးဖို့လိုတာပေါ့။ အနုပညာရှင် တစ် ယောက် ကို
မေတ္တာ ထားမယ် ဆိုရင် ဒါ က အလိုလို နားလည်ဖို့ ကြိုးစားရမှာပေါ့" လို့
သက်မွန်မြင့် ပြောပါတယ်။
ဘဝ လက်တွဲဖော်က စဉ်းစား စိတ်ကူး
ယဉ်လို့ရတဲ့ အရာ မဟုတ်ဘဲ ကိုယ့်ရဲ့ကံ တရားပေါ် မှာပဲ မူတည်ပါတယ် ဆိုတဲ့
သက်မွန်မြင့်က.. "ဆယ်ကျော်သက် တုန်းကတော့ စိတ်ကူး ယဉ်တာပေါ့။ ကိုယ်က ဘယ်လို
လူမျိုးကို လိုချင်တယ်။ ဘယ်လိုပုံစံ ဆိုပြီး စိတ်ကူးယဉ်ခဲ့တာ ရှိတယ်။
ဒါပေမဲ့ အသက်တွေ ကြီးလာတော့ အဲဒီလို စိတ်ကူးယဉ်လို့ ရတာမျိုး မဟုတ်ဘူး
ဆိုတာ နားလည်လာတယ်။ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်တဲ့ ကိစ္စမဟုတ်ဘူး ဆိုတာ
သိလာတယ်။ ဒါကတော့ ကိုယ့်ရဲ့ ကံတရား၊ ကိုယ့်ရဲ့ဖူးစာပဲ ပေါ့။ ကိုယ်က ဘာမှ
ကြိုတင်ပြောလို့ ရတဲ့ ကိစ္စ မဟုတ်ဘူး။ သက်မွန်က အမျိုးမျိုးလည်း
ကြုံခဲ့ပြီးပြီ ဆိုတော့ ကံ ကြမ္မာကို သိပ်ပြီး ယုံမနေတော့ဘူး။ ဘာမှလည်း တွေး
မနေတော့ဘူး။ အဓိကက အလုပ်လုပ်မယ်။ စိတ်ထား ကောင်း ကောင်းထားမယ်။ အချိန်ကျ
လာတဲ့ အချိန်ကျရင် ဖြစ်သွားမှာပါ" လို့ ပြောပါတယ်။
ဖေဖော်ဝါရီလ
ထဲမှာ သက်မွန်မြင့် မင်္ဂလာပွဲကြီး ဆင်နွှဲမယ် ဆိုတဲ့ သတင်း စကား အပေါ်မှာတော့
တကယ်ဖြစ်လာတဲ့ အချိန်မှသာ တကယ်ပြောတာ ကောင်းပါတယ် လို့သက်မွန်မြင့် က
ပြန်လည် ဖြေကြား ပြခဲ့ပါတယ်။
ခိုင်ဝေလွင်
Popular Journal
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, November 17, 2013
ဒီဝါကျွတ်မှာ သီတင်းကြီးနေတဲ့ သက်မွန်မြင့်
ဒီဝါကျွတ်မှာ သီတင်းကြီးနေတဲ့ သက်မွန်မြင့်
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 17, 2013
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 17, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment