ပဒေသရာဇ် ရှမ်းမျိုးဆက်များ နေထိုင်ခဲ့သော
ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့ရှိ သီပေါဟော်နန်း အဆောက်အဦအား
တန်ဖိုးထားစေလိုကြောင်း ဟောနန်းတွင် နေထိုင်လျက်ရှိသော မိသားစုဝင် များမှ
ပြောသည်။ ထိုသို့ခွင့်ပြုပေးသည်ကိုအခွင့်ကောင်းယူ၍ ဒေသအတွင်းရှိလူငယ်များ
ဟော်နန်း အတွင်းပန်းခြံကဲ့သို့ ပြုမူနေထိုင်လာကြသဖြင့် စိတ်အနောက်အယှက်
ရှိလာရကြောင်းဟော်နန်းမိသားစုဝင် တစ်ဦးက ပြောသည်။
'' အန်တီတို့က
တကယ်ဆိုရင် ကိုယ့်အိမ်ပါ။ သမိုင်းကို အမှန်တန်ဖိုးထားတတ်တဲ့ လူတွေလေ့လာ
ပါစေတော့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ ခွင့်ပြုပေးခဲ့တာပါ၊ တချို့က
မင်္ဂလာဆောင်တွေအတွက် ဓာတ်ပုံလာရိုက်ကြတယ်၊ တချို့က အတွဲတွေ လာတာမျိုးရှိတယ်၊
ဒီလိုမျိုးဆိုတော့ ခရီးသွားတွေအတွက် အနှောင့်အယှက် ဖြစ်သလို
ဟော်နန်းအပေါ်မှာလည်း တန်ဖိုးမထားရာကျနေပါတယ်'' ဟုသီပေါဟော်နန်းမှ
မိသားစုဝင် ဒေါ်စ၀်စံဖုန်းက ပြောကြားသည်။
လက်ရှိ
သီပေါဟော်နန်းအဆောက်အဦမှာ(၁၉၂၄)ခုနှစ် အတွင်း (၈၇)ဆက်မြောက်သော သီပေါ
စော်ဘွားကြီးစ၀်အုံကြာ (MA)မှ ဆောက်လုပ်ခဲ့ခြင်းဖြစ်၍
ကိုလိုနီခေတ်ဗိသုကာလက်ရာနှင့်
ပဒေသရာဇ်ခေတ်သမိုင်းကြောင်းစပ်ဆက်မှုတို့ကြောင့်
နိုင်ငံခြားသားများအထူးစိတ်ဝင်တစား လာရောက်လေ့လာ ကြသောနေရာတစ်ခုဖြစ်ရာ
တန်ဖိုးထားသင့်ကြောင်း သီပေါမြို့ စာရေးဆရာတစ်ဦးက သုံးသပ်ပြောကြားသည်။
''လက်ရှိဟော်နန်းက
ဘုရားကျောင်းဆောင်ဘက်အခြမ်းနဲ့ အမိုးအချို့ ပျက်စီးနေတယ်၊ ဒါတွေကို
ပြန်ပြီး ပြုပြင်ဖို့လည်းလိုနေပါတယ်၊ သမိုင်းကြောင်းဆိုတာ
တန်ဖိုးထားတတ်သူတွေ အတွက်တော့ အဖိုးမဖြတ်နိုင် တဲ့အရာတစ်ခုပါ''
ဟုသီပေါမြို့စာရေးဆရာဦးကိုလတ်က ပြောကြားသည်။
ဆီးဂိမ်းစ်ရာသီတွင်
ကမ္ဘာလှည့်ခရီးသွားများ သီပေါဟော်နန်းသို့ အများအပြား လာရောက်နိုင်သည်ဖြစ်ရာ
ဒေသခံလူငယ်များအနေဖြင့် နားလည်မှုဖြင့် ကူညီစေလိုကြောင်း သီပေါမြို့၊
ဟော်နန်းမိသားစုဝင်များထံမှ သိရှိရသည်။
ခရီးသွားများအား
ကြည့်ရှုလေ့လာခွင့်ရရှိစေလိုကြောင်း မေတ္တာရပ်ခံခဲ့၍ နေ့စဉ် နံနက်(၉)နာရီမှ
နေ့လည် (၁၂)နာရီအတွင်းတစ်ကြိမ်၊ နေ့လည်(၃)နာရီမှ ညနေ (၆)နာရီအတွင်းတစ်ကြိမ်
တစ်ရက်လျှင် (၂)ကြိမ်နှုန်းဖြင့် အချိန်သတ်မှတ်၍ ဖွင့်လှစ် လက်ခံပေးလျက်
ရှိကြောင်းသိရှိရသည်။
သီပေါဟော်နန်းမှာကမ္ဘာလှည့်ခရီးသွားများလာရောက်
လေ့လာမှု များပြားလာသည့် အတွက် ပြီးခဲ့သည့်၂၀၁၂ ခုနှစ် သြဂုတ်လအတွင်း
ဟော်တယ် နှင့် ခရီးသွားလာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ လာ
ရောက်လေ့လာခဲ့သည်။
မြန်မာ့ခေတ်
စိုင်းကံသာ(လားရှိုး)
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, November 11, 2013
သီပေါမြို့ရှိ သမိုင်းဝင် ဟော်နန်းအဆောက်အဦကို တန်ဖိုးထားစေလိုကြောင်း မိသားစုဝင်များဆို
သီပေါမြို့ရှိ သမိုင်းဝင် ဟော်နန်းအဆောက်အဦကို တန်ဖိုးထားစေလိုကြောင်း မိသားစုဝင်များဆို
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 11, 2013
Rating: 5
Reviewed by သတင်းစုံပျော်ဝင်အိုးကြီး
on
November 11, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment