Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 27, 2013

ပရိသတ် အထင်လွဲစရာဖြစ်မယ့် ကာရိုက်တာမျိုး ရှောင်ရိုက်မှာပါလို့ ဆိုလာတဲ့ စိုးနန္ဒာကျော်


ခင်ဆွေသက်
The Sign Of Love ဇာတ်ကားမှ စတင်ကာ ပရိသတ်တွေ သတိထားမိခဲ့ကြသလို သူမရဲ့ ခင်မင်ဖော်ရွေလှတဲ့ စိတ်ထားဖြူဖြူကြောင့် လက်ရှိ ဇာတ်ကားတွေတော်တော်များများမှာလည်း သရုပ်ဆောင်လာရတာကို တွေ့ရပါတယ်။ သူမကတော့ စိုးနန္ဒာကျော်ပါ။ သူမနဲ့ရှုတင်တစ်ခုမှာ တွေ့ဆုံခိုက် ‘အခုရိုက်နေတဲ့ ကားလေးက ကျီးမနိုးပွဲ။ ဒီကားလေးထဲမှာ ညီမလေးက ဂျာနယ်လစ်တစ်ယောက်ပေါ့။ ကျီးမနိုးပွဲညမှာ လူသတ်မှုတွေ၊ လူပျောက်မှုတွေ ခဏခဏဖြစ်တယ်ပေါ့။ ဒီအမှုကို လိုက်ကြတဲ့အခါမှာ ညီမကလဲ ဒီအမှုကိုစိတ်ဝင်စားတယ်ဆိုပြီး ကျီးမနိုးပွဲညမှာ ပျောက်သွားတဲ့ကောင်မလေးတစ်ယောက်ကို ညီမရယ်၊ မအိချောရယ်၊ ကိုနေတိုးရယ် လိုက်ရှာကြတဲ့ပုံစံလေး သရုပ်ဆောင်ထားပါတယ်’လို့ပြောလာပါတယ်။ ဒီဇာတ်ကားလေးနဲ့ပတ်သတ်လို့သူမရဲ့ပြင်ဆင်မှုအပိုင်းကိုတော့ ‘ဂျာနယ်လစ်ဆိုတာ ညီမတစ်ခါမှ သရုပ်မဆောင်ဖူးတဲ့ ကာရိုက်တာတစ်ခုပေါ့။ ကိုညိုကလဲ သင်ပေးတယ်။ ပြီးတော့ ဂျာနယ်လစ်ဆိုပေမဲ့ အခန်းလဲရတယ်။ ကိုယ်လုပ်ရင်လုပ်နိုင်သလောက် ပရိသတ်သတိထားမိမဲ့ အနေအထားတစ်ခု၊ ပြီးတော့ ညီမအတွက်လဲ ဆန်းတော့ရွေးချယ်ဖြစ်တာပါ။ လာငှားတဲ့ဇာတ်တွေကတော့ ဒရာမာတွေများတယ်။ ညီမလေးကတော့ ကိုယ်သရုပ်မဆောင်ဖူးသေးတဲ့ ကာရိုက်တာအစုံကို သရုပ်ဆောင်ကြည့်ချင်ပါတယ။် ဂျာနယ်လစ်တစ်ယောက်အနေနဲ့ ဒီကားလေးထဲမှာ ညီမဂျင်းဘောင်းဘီနဲ့ တီရှပ်လေးတွေဝတ်ဖြစ်တယ်။ ဂျာနယ်လစ်တစ်ယောက်ရဲ့ ကာရိုက်တာဝင်အောင် အတတ်နိုင်ဆုံးကြိုးစားတယ်။ ဒီကားလေးကို စရိုက်တဲ့နေ့ကစပြီးစိတ်ထဲမှာ ကိုယ့်ကိုယ်ကိုယ့်ဂျာနယ်လစ်တစ်ယောက်လို့သတ်မှတ်ထားတယ်။ ငယ်ငယ်ကတည်းက ၀ါသနာပါသလို သတင်းထူးထူးဆန်းဆန်းတွေ လိုက်ရတာစိတ်ဝင်စားတဲ့ ကောင်မလေးတစ်ယောက်လို့စိတ်ထဲမှာသွင်းထားပါတယ်။’လို့ သူမက ပြောပါတယ်။
ကားရိုက်တွေမှာ သူမရဲ့ ဖက်ရှင်နဲ့ပတ်သတ်ပြီး ‘ကာရိုက်တာကို ကြည့်ပြီးအမေနဲ့တိုင်ပင်ဖြစ်တယ်။ အခုလတ်တလောမှာ ညီမ အနက်နဲ့အနီတွေကို ၀တ်ဖြစ်နေတယ်။ အနုပညာသမား တစ်ယောက်အနေနဲ့ အစုံတော့ဝတ်ရတာပေါ့နော်။ ညီမ ဗမာဝတ်စုံတွေလဲဝတ်ဖြစ်တယ်။ မြန်မာဝတ်စုံတွေဝတ်တဲ့အခါ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိသလို ခံစားမိတယ်။ အနုပညာရှင်တိုင်း ကြုံတွေ့ရတဲ့ ကောလဟာလနဲ့ပတ်သတ်ပြီးတော့လဲ ညီမဘယ်သွားသွား အဖေ၊ အမေနဲ့မောင်လေးပါတယ။် ကောလဟာလဆိုတာ ကိုယ်တကယ်မလုပ်ထားတဲ့အရာဆို ရှင်းစရာမလိုဘူးလို့ ညီမလေးထင်တယ်။ အချိန်တန်ရင်သူ့ဟာနဲ့သူ ကောလဟာလဆိုတဲ့ နေရာတစ်ခုမှာ ကျန်နေခဲ့မှာပါ။ အဓိက ကကိုယ်အနေမှန်ဖို့အရေးကြီးတယ်။ ကိုယ့်အလုပ်ပေါ်မှာ ကိုယ်အကောင်းဆုံးဖြစ်အောင်လုပ်ဖို့အရေးကြီးတယ်လို့ညီမကတော့မြင်ပါတယ်။ အဲဒီအတွက် ကိုယ့်ဟာကိုယ် အေးအေးဆေးဆေးနေတယ်။ ထွက်လာလို့ရှိရင်လဲ ညီမလေးကတော့ ဘာမှဖြစ်မှာမဟုတ်ဘူး။ ပြီးတော့ပရိသတ်အတွက် အထင်လွဲစရာဖြစ်မဲ့ ဇာတ်ရုပ်မျိုးတွေဆို ညီမအနေနဲ့ ရှောင်ဖြစ်မှာပါ’လို့ပြောပြပေးခဲ့ပါတယ်။

No comments:

Post a Comment