၂၇ ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ
(ဆီးဂိမ်း)အတွက် ဖွင့်ပွဲနဲ့ ပိတ်ပွဲ အခမ်းအနား တက်ရောက်
ကြည့်ရှုနိုင်ဖို့ ကြိုတင်လက်မှတ်တွေကို ရန်ကုန်၊ မန္တလေးနဲ့
နေပြည်တော် မြို့တွေမှာ သာမက အွန်လိုင်းစနစ်နဲ့လည်း
ဝယ်ယူနိုင်ပြီလို့ နိုင်ငံပိုင် သတင်းစာတွေမှာ
ဖော်ပြထားပါတယ်။ကိုယ်တိုင်ဝယ်ယူမယ်ဆိုရင် နိုင်ငံသားစိစစ်ရေးကတ်ပြားနဲ့အတူ
သတ်မှတ်နေရာတွေမှာ သွားရောက် ၀ယ်ယူနိုင်ပြီး အွန်လိုင်းကနေ
ဝယ်မယ်ဆိုရင်တော့ တရားဝင်ဝက်ဘ်ဆိုဒ်ဖြစ်တဲ့
www.27seagames2013.com မှာ Ticketing ဆိုတဲ့နေရာကို
ဝင်ရောက်ဝယ်ယူနိုင်တယ်လို့ ဆိုပါတယ်။
နေပြည်တော်က ၀ဏ္ဏသိဒ္ဓိအားကစားကွင်းမှာ ဒီဇင်ဘာ ၁၁
ရက်နေ့ ညနေ ၆ နာရီမှာ ကျင်းပမယ့် ဖွင့်ပွဲအခမ်းအနားနဲ့
ဒီဇင်ဘာ ၂၂ ရက် ညနေ ၆ နာရီမှာ ကျင်းပမယ့်
ပိတ်ပွဲအခမ်းအနားတွေအတွက် မြန်မာနိုင်ငံသားတွေအတွက်
အထူးတန်းလက်မှတ် ၁ စောင် ကျပ် ၅ ထောင်နှုန်းနဲ့
ရိုးရိုးတန်းလက်မှတ် ကျပ် ၃ ထောင်နှုန်းနဲ့
ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
နိုင်ငံခြားသားတွေကတော့ ပတ်စပို့မိတ္တူနဲ့ တကွ
အထူးတန်းအတွက် ဒေါ်လာ ၅၀၊ ရိုးရိုးတန်းအတွက် ဒေါ်လာ ၃၀
နှုန်းနဲ့ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
လက်မှတ်တွေကို နိုဝင်ဘာ ၁၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ
ဝယ်ယူနိုင်ပြီး လက်မှတ်ဝယ်ယူသူကိုယ်တိုင် တက်ရောက်
ကြည့်ရှု့ရမှာ ဖြစ်ပါတယ်။ လက်မှတ်တွေကို ၀ယ်ယူပြီးမှ
တခြားသူကို တဆင့်လွှဲပြောင်းခြင်း၊
ရောင်းချခြင်းတို့အတွက် လုံး၀၀င်ရောက်ခွင့် မပြုဘူးလို့လည်း
ဖော်ပြထားပါတယ်။
DVB
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, November 13, 2013
ဆီးဂိမ်း ဖွင့်ပွဲပိတ်ပွဲ လက်မှတ်များ ၀ယ်ယူနိုင်ပြီ
ဆီးဂိမ်း ဖွင့်ပွဲပိတ်ပွဲ လက်မှတ်များ ၀ယ်ယူနိုင်ပြီ
Reviewed by VC
on
November 13, 2013
Rating: 5
Reviewed by VC
on
November 13, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment