CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, November 25, 2013
မိတ္ထီလာတွင် ဖခင်အရင်းက သမီးနှစ်ဦးကို ဓားဖြင့်ထိုး၍ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသေဆုံး
မိတ္ထီလာ၊ နိုဝင်ဘာ ၂၄
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် သပြေဝကျေးရွာတွင် နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းခန့် က လင်မယားချင်း စကားများခဲ့သည်ကို အကြောင်းပြု၍ ဖခင်က မူလတန်း ကျောင်းသူအရွယ် သမီးနှစ်ဦးကို ဓားဖြင့်ထိုး၍ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သေဆုံးခဲ့မှု ဖြစ်ပွားခဲ့ကြောင်း သပြေဝကျေးရွာ ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၅ နာရီ ၃၀ မိနစ်ခန့် ယင်းကျေးရွာနေ အမဲသား ရောင်းချသူ ဦးမင်းဦး (ခ) ဒါဂျေ (၃၀) နှစ်သည် နေအိမ် ထုပ်တန်းတွင် ငါးမူးလုံး အစိမ်းရောင် နိုင်လွန်ကြိုးဖြင့် ကြိုးဆွဲချ သေဆုံးနေသည်ကို စစ်ဆေး တွေ့ရှိကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
ကြိုးဆွဲချ သေဆုံးသူ ဦးမင်းဦး၏ သမီးနှစ်ဦး ဖြစ်သော သင်းနုဝေ (၆) နှစ် သူငယ်တန်းသည် ဝဲဘက်ရင်အုံတွင် ဓားဖြင့် ထိုးသွင်းရာ တစ်ချက်ဖြင့် သေဆုံးလျက် ရှိပြီး မေမြတ်နိုဦး (၉) နှစ် တတိယတန်းသည် ဝဲဘက်ရင်အုံတွင် ဓားနှင့် ထိုးသွင်းရာ တစ်ချက် ရရှိထားသော်လည်း အသက်ရှင်နေသေး၍ မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံသို့ အမြန်ပို့ဆောင် ခဲ့ရကြောင်း၊ လွန်ခဲ့သည့် ၂ ရက်ခန့်က ဦးမင်းဦးသည် ဇနီးဖြစ်သူ ဒေါ်ခင်နွဲ့နှင့် စကားများရာမှ ရိုက်နှက်ခဲ့၍ ဒေါ်ခင်နွဲ့က သမီးနှစ်ဦးကို ခေါ်၍ အိမ်မှ ဆင်းသွားခဲ့ရာ ဦးမင်းဦးက သွားရောက်၍ ဇနီးဖြစ်သူကို အိမ်ပြန် ခေါ်ရာတွင် မလိုက်၍ သမီးငယ်နှစ်ဦးကို အိမ်သို့ခေါ်ပြီး ပြစ်မှု ကျူးလွန်ခဲ့ခြင်း ဖြစ်ကြောင်း၊ သေဆုံးသူ ဦးမင်းဦးသည် စိတ်ဆိုးသည့် အခါများတွင် မိသားစုကို သတ်မည်ဟု ကြိမ်းမောင်းမှုများ ရှိခဲ့ကြောင်း ရဲမှတ်တမ်းများတွင် ဖော်ပြထားချက်အရ သိရသည်၊၊
သေဆုံးသူ ဖခင်က သမီးနှစ်ဦးကို ဓားဖြင့် ထိုးပြီးချိန်၌ ၎င်းက ကိုယ့်ကိုယ်ကိုယ် ဓားဖြင့်ထိုး၍ သတ်သေခဲ့သော်လည်း ဒဏ်ရာ မပြင်းထန်၍ ထပ်မံကြိုးဆွဲချ သေဆုံးခဲ့ကြောင်း၊ ဓားဖြင့် ထိုးရာ၌ အသက်မသေသေးသော်လည်း မမေမြတ်နိုးဦးသည် မအော်ရဲ၍ ငြိမ်နေခဲ့ရပြီး ဖခင်သေဆုံးမှ ပတ်ဝန်းကျင်ကို အကူအညီ တောင်း၍ အနီးဝန်းကျင်က လူများသိသွားကာ ရဲတပ်ဖွဲ့ကို လာရောက် အကြောင်းကြားခဲ့ခြင်း ဖြစ်ကြောင်း၊ မေမြတ်နိုးဦး၏ အခြေအနေမှာ စိုးရိမ်ရ၍ ညတွင်းချင်းပင် မိတ္ထီလာမြို့ ပြည်သူ့ဆေးရုံမှ တစ်ဆင့် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ပေးခဲ့ရကြောင်း ယင်းအမှုကို စစ်ဆေးခဲ့သော မိတ္ထီလာမြို့ အမှတ် (၃) ရဲစခန်းမှ ဒုရဲအုပ်ထွန်းထွန်းက ရှင်းပြသည်။
အဆိုပါ အမှုနှင့် ပတ်သက်၍ ပြစ်မှု ကျူးလွန်သူ ဦးမင်းဦးကို မိတ္ထီလာမြို့ အမှတ် (၃) ရဲစခန်းတွင် (ပ) ၁၁၃/၂၀၁၃ ပြစ်မှုပုဒ်မ ၃၀၂/၃၂၆ ဖြင့် အမှုဖွင့် အရေးယူထားကြောင်း ယင်းရဲစခန်းမှ စုံစမ်းသိရှိရသည်။
The Voice Weekly
မိတ္ထီလာတွင် ဖခင်အရင်းက သမီးနှစ်ဦးကို ဓားဖြင့်ထိုး၍ ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချသေဆုံး
Reviewed by VC
on
November 25, 2013
Rating: 5
Reviewed by VC
on
November 25, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment