Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 5, 2013

တရုတ်ပြည်မှ တင်သွင်းလာသော အစားအစာများကို လုံးဝ (လုံးဝ) ဝယ်မစားကြပါနဲ့။


 ၁။ တရုတ်က သွင်းတဲ့ ဆိတ်သားခြောက် ဆိုရင် လုံးဝ ဝယ်စားဖို့ စိတ်မကူးပါနဲ့ တဲ့။ တရုပ်မှာ ဆိတ်သားဟာ တကယ့်ရှားပါးအစာပါ။ ဝက်သားကို ဓါတုဆေးတွေမထည့်ခင်မှာ အာသံ ဘက်က ဝယ်ပြီးလှောင်ထားတဲ့ ဆိတ်ကျင်ငယ်ရည်မှာ ၃၊၄ ရက်စိမ်ပြီး အခြောက်လှမ်းပြီးမှ အပူပေး ဆိတ်သားခြောက်ဖြစ်စေပါသတဲ့။

၂။ မြီးရှည်ဆိုတာ တရုပ်စကားနဲ့ခေါ်တဲ့ မုန့်ဟင်းခါးဖတ်ပါ။ ဆန်နဲ့လုပ်ထားတဲ့ မုန့်ဖတ် အလုံး အကြီး အသေးမှန်သမျှကို တရုပ်တွေက မြီးရှည်လို့ဘဲခေါ်ပါတယ်။ အဲဒီမုန့်ဖတ် ရယ်ဒီမိတ် တွေဟာ တချို့ မုန့်တီဆိုင်တွေက အပြုတ်ခံတယ်၊အလုံးလှတယ်၊ရောင်းပန်းလှပြီး အနံ့ အသက် မွှေး တယ်ဆိုပြီး သုံးကြပါသတဲ့။ အမှန်တော့ အဲဒီမြီးရှည်တွေဟာ ပလပ်စတစ်တွေပါတဲ့။ ကုန်တိုက်တွေ မှာတင်တဲ့ ရယ်ဒီမိတ်တွေကိုမှ သန့်တယ်ဆိုပြီး ကုန်တိုက်တွေမှာသာ ဈေးဝယ်လေ့ရှိတဲ့ လူတန်းစားသစ်တရပ် မြန်မာပြည်မှာ ပေါ်လာတာ မကြာသေးပါဘူး။ ချင့်ချိန်ဆင်ခြင်ပြီးမှသာ သုံးစွဲသင့်ပါတယ်။

 ၃။ ပင်လယ်ရေညှိဆို အခုတလော မြန်မာပြည်မှာ သိပ်ပေါ်ပြူလာဖြစ်တာဘဲဆိုပြီး ဟိုတလောက ဘန်ကောက်ကို ရှော့ပင်လာတဲ့ သားအမိတစ်စုက ပြောသွားပါတယ်။ ကိုရီးယားကားကြည့်ရင်း ပင်လယ်ရေညှိလေးဝါးရင်း ဆိုဘဲ။ ကောင်းပါတယ်။ မကောင်းတာကတော့ အဲဒီပင်လယ်ရေညှိကို ပလပ်စတစ်ကျွတ်ကျွတ်အိပ် ကို ပိုကျွတ်အောင် ဓါတုဆေးစိမ်ပြီး အစစ်နဲ့ ရောပြီး ထုတ်လုပ် ပါသတဲ့။ ခေတ်မှီတိုးတက်လာတာနဲ့အမျှ ပလပ်စတစ်လဲ ဗိုက်ထဲ အစာအဖြစ်ရောက်နေပါပြီ။

၎။ နောက်ဆုံးတခုကတော့ အများသိကြတဲ့ ပလပ်စတစ်ကြက်ဥပါ။ သိပြီးသား ဟိုးလေးတကျော် ဆိုတော့ အကျယ်ချဲ့မရေးတော့ပါ။ ဒါတွေအားလုံး တရုပ်ပြည်မှာ အချင်းချင်း လိမ်ရောင်းကြတဲ့ အပြင် ၊ နယ်စပ်ကနေ မြန်မာပြည်ထဲကိုပါ တင်သွင်း ရောင်းချပါသတဲ့။ (ကိုဇော်) မှတ်ချက် ။ ။ အထက်ဖော်ပြပါ အလွန်အန္တရာယ်ရှိသာ အစားအစာ အတုများ အပြင် ဆန် ၊ ပြားရည် ၊ နွားနို့ ၊ ကလေး သရေစာ မုန့်မျိုးစုံ နှင့် အခြားမြောက်များ လှစွာသော အစားအစာ အတုများ တရုပ်ပြည်၌ နေ့စဉ်ထွက်ရှိနေပြီး တရုပ်ပြည်တွင်း၌သာ မက ၊ နယ်စပ်ဂိတ်များမှ တဆင့်တင်သွင်းကာ မြန်မာပြည်တွင်းရှိ ဈေးဆိုင်များ၌လည်း ရောင်းချနေပါသောကြောင့် တရုပ်ပြည်မှ တင်သွင်းလာသော အစားအစာများကို လုံးဝ (လုံးဝ) ဝယ်မစားကြပါနဲ့။

Update News In Myanmar

No comments:

Post a Comment