Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, November 12, 2013

ထည့်သွင်း စစ်ဆေးခြင်း မရှိသေးသော နိုင်ငံရေးအကျဉ်းသား

Wednesday, 13 November 2013 01:26

အာဏာရှင်ဟောင်း ဦးနေ၀င်း၏မြေး ဦးအေးနေ၀င်းနှင့် ဦးကျော်နေ၀င်းတို့၏ မိသားစုက နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီသို့ လိပ်မူပြီး စာပေးပို့ထားကြောင်းကို နိုင်ငံရေး အကျဉ်းသား စိ စစ်ရေး ကော်မတီဝင် ဦးဘိုကြည်က အတည်ပြု ပြောကြားခဲ့ပြီး နောက်တစ်ကြိမ် လွတ်ငြိမ်းသက် သာခွင့်ပြုပါ က ပါဝင်နိုင်ရန် စိစစ်နေသော်လည်း မြောက်ကိုရီးယားနှင့် ဆက်ဆံရေးအား ဖော်ထုတ်ခဲ့သူ ဗိုလ်မှူးဝင်းနိုင်ကျော်အား ထည့်သွင်းစိစစ်ရန် အစိုးရဘက်က လက်ခံခြင်း မရှိသေးကြောင်း သတင်း ရရှိသည်။

ဦးဘိုကြည်က "နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီကို ဦးအေးနေ၀င်းနဲ့ ဦးကျော်နေ၀င်းတို့ရဲ့ မိသားစုတွေက စာပို့ထားတယ်။ သူတို့ကျတဲ့ ပုဒ်မက ၁၂၂ (၁) ဖြစ်တော့ ပုဒ်မအရ နိုင်ငံရေး အကျဉ်းသား ထဲမှာ အကျုံးဝင်တယ်။ နောက်တစ်ချက်က သူတို့ဟာ မျှတတဲ့ တရားစီရင်မှု မရခဲ့ကြဘူး။ သူတို့က ထောင် ထဲမှာ နေသားလည်း တော်တော်လေး ရှိသွားပြီ။ အဓိကကျတဲ့ ဒေါ်စန္ဒာဝင်းနဲ့ ဇွဲနေ၀င်းတို့ကို လွှတ်ပေးပြီးတော့ သူတို့နှစ်ယောက်ကို ဘာကြောင့် ချန်ထားတာလဲဆိုတာကို ကျွန်တော်တို့ကနေ အစိုးရဘက် ကို မေးခွန်းထုတ်ထားတာပါ" ဟု ပြောကြားခဲ့သည်။ ၎င်းကဆက်၍ နိုင်ငံရေး ပုဒ်မများကို တောင်းစဉ်က ဦးအေးနေ၀င်း၊ ဦးကျော်နေ၀င်း၊ ဗိုလ်မှူး ၀င်းနိုင်ကျော် စသည့်သူများ၏ စာရင်းများအား ထုတ်ပေးခဲ့ခြင်း မရှိသောကြောင့် မည်သည့်အတွက်ကြောင့် မပေးခဲ့သနည်း ဆိုသည်ကိုပါ မေးခွန်းထုတ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ထို့နောက် ဦးဘိုကြည်က မိသားစုများအနေနှင့် မိမိတို့ မိသားစုဝင် ခင်ပွန်း၊ ဇနီး၊ သားသမီးများ နိုင်ငံရေးအရ ပြစ်မှုပြစ်ဒဏ် ကျခံနေရသည်ဟု ယုံကြည်ပါက ၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းသို့ လည်းကောင်း၊ AAPP သို့ လည်းကောင်း၊ နိုင်ငံရေး အကျဉ်းသား ဟောင်းများအဖွဲ့သို့ လည်းကောင်း၊ သမ္မတရုံးသို့ လည်းကောင်း စာရင်းပေးပို့ပါရန် တိုက်တွန်းကြောင်းလည်း ပြောကြားခဲ့သည်။ ထို့နောက် ဦးအေးနေ၀င်းနှင့် ဦးကျော်နေ၀င်းတို့ အမှုအား စိစစ်နေကြောင်း ပြောကြားခဲ့ပြီး နောက်တစ်ခေါက်ပေးမည့် လွတ်ငြိမ်းသက် သာခွင့်တွင် ပါဝင်ခြင်း၊ မပါဝင်ခြင်းမှာ သမ္မတ၏ ဆုံးဖြတ်ချက်တွင်သာ မူတည်ကြောင်း ပြောကြား သည်။
ဗိုလ်မှူး ၀င်းနိုင်ကျော်အား ၂၀၀၉ ဒီဇင်ဘာလတွင် ဖမ်းဆီးခဲ့ပြီး မြောက်ကိုရီး ယားနှင့် မြန်မာ ပြုလုပ် လျှက်ရှိသည့် မြေအောက် လိုဏ်ခေါင်းများ၏ ဓာတ်ပုံများအား ပြည်ပနိုင်ငံများသို့ ထုတ်ဖော်ပြောဆိုသည်ဟု စွပ်စွဲကာ သေဒဏ် ချမှတ်ထားခြင်း ဖြစ်ကြောင်း သိရ . . .

ထို့အတူ မြောက်ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံ၏ ဆက်ဆံရေးအား ဖော်ထုတ်ခဲ့သဖြင့် ဖမ်းဆီး သေ ဒဏ်ပေးခံရသူ ဗိုလ်မှူးဝင်းနိုင်ကျော်အား အစိုးရဘက်က နိုင်ငံရေး အကျဉ်းသားအဖြစ် စိစစ်ခြင်းမပြုဘဲ ဖယ်ထုတ်ထားခဲ့ကြောင်း ၎င်း၏ဇနီးဖြစ်သူ ဒေါ်ခင်မိုးဆမ်းက ပြောကြားသည်။ ဗိုလ်မှူးဝင်းနိုင်ကျော်နှင့် ပတ်သက်၍ နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီဝင် ဦးဘိုကြည်က "ကျွန်တော်တို့ဘက်က ဗိုလ်မှူးဝင်းနိုင်ကျော် အပါအ၀င် သူ့အမှုတွဲတွေဖြစ်တဲ့ ကိုမြတ်သင်း၊ အောင်ကျော် လင်း၊ မောင်မောင်လွင် တို့ တစ်အုပ်စုလုံးကို ထည့်သွင်းထားပါတယ်။ သူတို့ကိစ္စနဲ့ ပတ်သက်ရင် ကျွန်တော်တို့ အစိုးရဘက်နဲ့ ညှိရမယ်။ ကာကွယ်ရေး ဦးစီးချုပ်နဲ့ကို ညှိရမှာပါ။ ဒါကတော့ သမ္မတ လုပ်ရမှာပါ။ ကော်မ တီထဲ မှာတော့ ပြည်ထဲရေး ဒုဝန်ကြီးနဲ့ ကျွန်တော်တို့ အကျေအလည် ညှိရမှာဖြစ်ပါတယ်"ဟု ပြောကြားသည်။ ဦးဘိုကြည်က ဆက်လက်ပြီး ဗိုလ်မှူးဝင်းနိုင်ကျော်တို့ အမှုတွဲနှင့် ပတ်သက်ပြီး ၎င်းတို့အနေနှင့် အဘယ်ကြောင့် လွှတ်ပေးသင့်သည်ကို ပြောရမှာ ဖြစ်သလို အစိုးရဘက်မှလည်း ဘာကြောင့် မလွှတ်သည်ကို ပြောမှာဖြစ်ကြောင်းကိုလည်း အသိပေး ပြောကြားလိုက်သည်။

ဗိုလ်မှူး ၀င်းနိုင်ကျော်၏ ဇနီးဖြစ်သူ ဒေါ်ခင်မိုးဆမ်းက ၎င်း၏ ခင်ပွန်းကို ၁၉၅၀ အရေးပေါ် ပုဒ်မ ၃ နှင့် သေ ဒဏ်ချမှတ်ထားခြင်းဖြစ်ပြီး ဗိုလ်မှူးဝင်းနိုင်ကျော်တို့ အမှုတွဲအား အဖွဲ့အစည်းများဘက်က တင်ပြခဲ့သော် လည်း အစိုးရဘက်က ထည့်သွင်း စိစစ်ခြင်းမရှိသေးကြောင်း ပြောကြားခဲ့သည်။ ဗိုလ်မှူး ၀င်းနိုင်ကျော်သည် အကျဉ်းထောင်အတွင်း နှလုံးရောဂါနှင့် သွေးတိုးရောဂါကို ခံစားနေရကြောင်းလည်း ပြောကြားခဲ့ပြီး ၎င်းအနေနှင့် သမ္မတထံ စာတိုက်မှ အကြိမ်ကြိမ် စာပေးပို့ခဲ့သည်ဟုလည်း ပြောဆိုလိုက်သည်။

ဗိုလ်မှူးဝင်းနိုင်ကျော်နှင့် ပတ်သက်ပြီး သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် က "ဗိုလ်မှူး ၀င်းနိုင်ကျော်နဲ့ ပတ်သက်ပြီး ကျွန်တော် တောက်လျှောက် ကြိုးစားနေပါတယ်။ အစည်းအဝေး တိုင်းမှာ သူ့ကိစ္စကို ဦးစားပေး ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူ့အမှုက ၁၉၅၀ ပြည့် အရေးပေါ် ဥ ပဒေနဲ့ ထောင်ချထားတာ ပါတယ်လေ။ ဒါနိုင်ငံရေးပြစ်မှု ဖြစ်ပါတယ်။ သူ ဘယ်ကလာတယ်၊ ဘာလုပ် တယ်၊ သူဘယ်သူလဲ သိဖို့ ကျွန်တော့် အလုပ်မဟုတ်ဘူး။ ကျွန်တော်တို့က ပုဒ်မကိုပဲ ကြည့်တယ်" ဟု ပြောကြား လိုက်သည်။

နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီဝင် ဦးဘိုကြည်က အစိုးရအနေနှင့် နိုင်ငံရေး အကျဉ်းသား စာရင်း လုံးဝမရှိသလို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ထားချက်လည်း မရှိကြောင်းနှင့် လွှတ် သည့်အခါတွင်လည်း နိုင်ငံရေး အကျဉ်းသားအဖြစ် ခြွင်းချက်မရှိ ပြန်လွှတ်ပေးခြင်း မဟုတ်သောကြောင့် နိုင် စစ်ကော်မတီတွင် ပါဝင်သည့် အဖွဲ့များအနေနှင့် မကျေနပ်မှုများလည်း ရှိနေသည်ဟု သိရ သည်။ ထောက်လှမ်းရေး တပ်မှ ထောင်ဒဏ် ကျခံရသူ ၂၂ ဦးမှာ နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော် မတီ၏ အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့် ကိုက်ညီမှုမရှိသဖြင့် နိုင်ငံရေး အကျဉ်းသားစာရင်း၌ ထည့်သွင်းခြင်း မရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေး ကော်မတီဝင် ဦးရဲအောင်က ပြောကြားသည်။

ဦးအေးနေ၀င်း၊ ဦးကျော်နေ၀င်း၊ ဦးဇွဲနေ၀င်း၊ ၎င်းတို့၏ဖခင် ဦးအေးဇော်ဝင်းတို့အား ၂၀၀၂ ခုနှစ်က နိုင်ငံတော်အား သစ္စာဖောက်မှု ပုဒ်မ ၁၂၂/၁ နှင့် တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချမှတ်ခဲ့ပြီး မိခင်ဒေါ်စန္ဒာဝင်းနှင့် အဘိုးဖြစ်သူ ဦးနေ၀င်းတို့အား နေအိမ် အကျယ်ချုပ်အဖြစ် သတ်မှတ်ခဲ့သည်။ ၂၀၀၈ ခုနှစ်က ဒေါ်စန္ဒာဝင်းမှာ နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်ခဲ့ပြီး ဦးဇွဲနေ၀င်းနှင့် ဦးအေးဇော်ဝင်းတို့မှာ ၂၀၁၁ ခုနှစ်တွင် ပြန်လည် လွတ်မြောက်လာခဲ့ကာ အကျဉ်းထောင်အတွင်း ဦးအေးနေ၀င်းနှင့် ဦးကျော်နေ၀င်းတို့နှစ်ဦးသာ ကျန်နေခဲ့သည်။ ဗိုလ်မှူး ၀င်းနိုင်ကျော်အား ၂၀၀၉ ဒီဇင်ဘာလတွင် ဖမ်းဆီးခဲ့ပြီး မြောက်ကိုရီးယားနှင့် မြန်မာ ပြုလုပ်လျှက်ရှိသည့် မြေအောက် လိုဏ်ခေါင်းများ၏ ဓာတ်ပုံများအား ပြည်ပနိုင်ငံများသို့ ထုတ်ဖော်ပြောဆိုသည်ဟု စွပ်စွဲကာ သေဒဏ် ချမှတ်ထားခြင်း ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment