လက်နက် တစ်စုံတစ်ရာမပါ နှုတ်စကားဖြင့် ထိန်းကျောင်း၍ လူသတ်မှု ကျူးလွန်သူ
တစ်ဦးအား ရဲစခန်းသို့ ပို့ဆောင် ပေးခဲ့ရသည်ဟု ဒလမြို့နယ်၊ခက်ပြေရပ်ကွက်
ဥက္ကဋ္ဌ ဦးစိုးအောင်က မြန်မာ့သံတော် ဆင့်သို့ ယနေ့ ပြောကြားသည်။
၎င်းက
““သေဆုံးသူ မလုံးတုံး က ၅၁ နှစ်၊ နောက်အိမ်ထောင် ၀င်းထွဋ်(ခ) ရဲအောင်နဲ့
ပေါင်းသင်း နေတာ ငါးနှစ်ခန့် ရှိပြီ။ သူတို့က အရင်က ရွှေယမုံဦး သံထည်
သင်္ဘောကြီးမှာ အစောင့် လုပ်ခဲ့တာ။ နောက်တော့ ဗိုလ်တထောင် ဘက်က
အုတ်ခဲကြိုးတွေကို လက်ခတ်လှေနဲ့ ဒလဘက် ကမ်းကိုသယ်ပြီး အရောင်းအ၀ယ်
လုပ်ကြတယ်။ သူတို့ လင်မယားက မကြာခဏ စကားများ ရန်ဖြစ်သလို၊ ယောက်ျားရဲ့
အထုအထောင်းလည်း အတော်ခံရတဲ့ မိန်းမပါ။ ၀င်းထွဋ်က အသက် ၃၅ နှစ်လောက် ရှိတယ်။
သူ့သမီးက သူ့အမေလည်း ပျောက်နေ တယ်။ သူ့ပထွေးလည်း ပျောက်နေတယ်လို့ ရုံးကို
လာတိုင်ထား ပါတယ်။ နောက် အောက်တိုဘာ ၂ ရက်နေ့ ကတော့ သမီးဖြစ်သူ
မရွှေသိန်းသူနဲ့ အတူ ၀င်းထွဋ်ယောက်ဖ ကိုနေလင်းနဲ့ ဇနီး မကြည်ကြည်ထွေးတို့
ရုံးရောက်လာပြီး လွန်ခဲ့တဲ့ ၁၅ ရက်လောက်က ၀င်းထွဋ်တို့ လင်မယား၊
ဆိပ်ကမ်းမြို့နယ် ဗိုလ်တထောင် အမှတ် ၆ ဘောတံတား ကမ်းစပ်လှေပေါ်မှာ
အရက်သောက်ရင်း စကားများ ရန်ဖြစ်ရာမှ ၀င်းထွဋ်က ဒေါ်လုံးတုံး ဦးခေါင်းကို
လှေပေါင်နဲ့ ဆောင့်ရာကနေ သေဆုံးသွားလို့ သန်လျင် ရေနံချက် စက်ရုံအနီး
ရန်ကုန်မြစ်ထဲမှာ ဒေါ် လုံးတုံး အလောင်းကို ရေထဲ မျှောချ ပစ်လိုက်တယ်လို့
ဝင်းထွဋ်က ယောက်ဖဖြစ်သူ နေလင်းနဲ့ နှမ မကြည်ကြည်ထွေးတို့ လာရောက်
ပြောသွားတယ်””ဟု ပြောသည်။ …
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သမီးဖြစ်သူ
မရွှေသိန်းသူက““ကျွန်မ အမေကို သတ်ပြီး အလောင်းဖျောက် ထားမှုနဲ့ ပတ်သက်ပြီး
ဝင်းထွဋ်ကို အမှုဖွင့် ထားတယ်။ အမေ့ကို ပစ်ပယ်လို့ မရဘူး၊ ပထွေးကိုတော့ အိမ်
ပေါ်တက် မခံဘူး။ အမေ့ရဲ့လိုအပ် ချက်မှန်သမျှ ကျွန်မတို့ ညီအစ်မ သုံးယောက်က
ဖြည့်စွက်ပေးတယ်။ တစ်လကို လေးငါးရက်တော့ အမေက အိမ်ကို အမြဲတမ်း အ၀င်အထွက်
ရှိတယ်။ မလာတာကြာတော့ စိတ် ပူတာပေါ့။ ဒါနဲ့ကြိတ် စုံစမ်းရင်း ခုလို သိတာနဲ့
တစ်ပြိုင်နက် လာပြီး အကြောင်းကြားတာပါ””ဟုပြောသည်။
ယင်းအမှုအား
ဒလမြို့မ ရဲစခန်းက (ပ)၄၄၅/၁၃ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၀၂/၅၀၁ ဖြင့် အမှု
ဖွင့်ပြီး အမှုစစ် အရာရှိအဖြစ် ဒုရဲမှူး ခင်မောင်လွင် (စခန်းမှူး)ကဆောင်
ရွက်သည်။
ဒုရဲမှူး ခင်မောင်လွင်က ““သူ့ သမီးက အမေပျောက်တာကို
ကြိတ်စုံစမ်းတယ်။ နောက်လူပျောက်အမှု ဖွင့်ထားတယ်။ ခုတော့ ၀င်းထွဋ်ကို
တွေ့တာနဲ့ ရဲလုပ်ငန်းစဉ် အတိုင်း ဥပဒေရုံး အကြံပြုချက် အတိုင်း ဆက်
ပြီးဆောင်ရွက်မှာပါ။ အရက်သောက်တဲ့ အခါမှာ အသိစိတ်တွေ ပျောက်ပြီး မသိစိတ်က
ဆောင်ရွက် တတ်ကြတယ်။ ခုလည်း ၀င်းထွဋ်က သူမဟုတ် သလိုပါဘဲ။ အရင်းအတိုင်း
ပြောပြတယ်။ ကြိုတင် ဖြောင့်ချက် ကတော့ ကာယကံရှင် ရဲ့ဆန္ဒပေါ့လေ။
ကျွန်တော်တို့ ကတော့ ရဲလုပ်ငန်း ပြီးစီးအောင် ဆောင်ရွက်ရမှာ ပေါ့လေ””ဟု
ပြောသည်။
စိန်မျက်ခုံး
မြန်မာ့သံတော် ဆင့်
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Friday, November 8, 2013
လက်နက်မပါဘဲ နှုတ်စကားဖြင့် ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးပေးသူ
လက်နက်မပါဘဲ နှုတ်စကားဖြင့် ပြစ်မှုကျူးလွန်သူအား ဖမ်းဆီးပေးသူ
Reviewed by VC
on
November 08, 2013
Rating: 5
Reviewed by VC
on
November 08, 2013
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment