Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 7, 2013

သုံးနှစ်ကြာမှ စိုင်းစိုင်းခမ်းလှိုင်နဲ့ ဇာတ်ကားပြန်ရိုက်ဖြစ်ခဲ့တဲ့ ၀တ်မှုန်ရွှေရည်ပြောတဲ့ ‘ဆည်းဆာသစ်ပင်’ အကြောင်း

wut-hmone-shwe-yee
အနုပညာနဲ့ ပတ်သတ်ရင် ကြော်ငြာဘက်မှာရော သရုပ်ဆောင်ဘက်မှာပါ အောင်မြင်မှုအထွတ်အထိပ်ကို ရောက်ရှိနေသူလေးကတော့ ၀တ်မှုန်ရွှေရည် ပါ။ ဒီဝါကျွတ်မှာ သူမရဲ့ အချစ်ရေးတွေနဲ့ အနုပညာလှုပ်ရှားမှုတွေကို နှိုင်းယှဉ်ကြည့်ရင်း လက်ရှိရိုက်နေတဲ့ ဇာတ်ကားနဲ့ကလည်း တစ်ချိန်က သူမရဲ့ ချစ်သူဖြစ်ခဲ့ဖူးတဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ဖြစ်နေတာကြောင့် သူမရဲ့ စိတ်ခံစားချက်အချို့ကို တူးဆွရင်း မေးမြန်းဖြစ်ခဲ့ပါတယ်။ ‘အခုရိုက်နေတဲ့ ကားလေးက ဆည်းဆာသစ်ပင်တဲ့ ။ မင်းသားက စိုင်းစိုင်းခမ်းလှိုင်၊ ဒါရိုက်တာကကိုပေါက်ပေါ့။ ဒီဇာတ်ကားလေးထဲမှာ ကစ်က ခဂ္ဂါအဖြစ်နဲ့ ရှေ့မှာကြိုဖြစ်မဲ့အရာတွေကို ကြိုတင်သိမြင်နေတဲ့ သူတစ်ယောက် အနေနဲ့သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားလေးက လူငယ်ဇာတ်ကား လေးလဲဖြစ်တယ်။ နောက်တစ်ခုက ဆရာတာရာမင်းဝေရဲ့ ၀တ္ထုလေး လဲဖြစ်တော့ ဆန်းတယ်ပေါ့နော်။ ပြီးတော့ ကိုစိုင်းနဲ့ မဆုံဖြစ်တာကလဲ ၃နှစ်လောက်ရှိပြီ။ အခုမှ ပြန်ဆုံဖြစ်တာ ၊ ကြားထဲမှာတော့ ကြော်ငြာ၂ ခုလောက်ပဲရိုက်ဖြစ်ပါတယ်။ ပြီးတော့ ဒီဇာတ်ကားလေးကို အောင်မြင်မယ် လို့လဲ ကစ်တို့ယုံကြည်တယ်။ အဓိက ကဒီကားထဲမှာ အ၀တ်အစားပိုင်းကို သေချာလေးညှိပြီးဝတ်ဖြစ်တယ်။ ခဂ္ဂါရဲ့ ကာရိုက်တာကိုလဲ ၀င်အောင်ကြိုးစားပြီးတော့ ကစ်သရုပ်ဆောင်ထားပါတယ်။’လို့ သူမက ပြောပါတယ်။
ပညာပေးဇာတ်ကားတွေ အရိုက်များရခြင်းနဲ့ပတ်သတ်ပြီးတော့လဲ ‘ကစ်က ပုံမှန်ကားတွေရိုက်တာထက် ပရိသတ်အတွက်မက်ဆေ့ပေးနိုင်တဲ့ ကားမျိုးလေးတွေဆို ရိုက်ရတာ ကိုယ်လဲအကျိုးရှိတယ်။ ပရိသတ်လဲ အကျိုးရှိတယ်။ အဲဒီလိုကားလေးထွက်ဖို့ရှိပါသေးတယ်။ အဲဒီကားလေးဆို ၁၅၊ ၁၆ နှစ် အရွယ် ၁၀ကျော်သက်ကောင်မလေးတစ်ယောက် မိဘထိန်းသိမ်းမှုမကောင်းခဲ့လို့ စိတ်ဒဏ်ရာရပြီး ပျက်စီးနေတဲ့ ၊ ဆိုးချင်တိုင်းဆိုးနေတဲ့ ကောင်မလေးပုံစံမျိုး သရုပ်ဆောင်ထားတာရှိပါသေးတယ်။ အဲဒီကားထဲမှာဆို ကောင်မလေးက ဆေးလိပ်တွေသောက်ပြီး လုပ်ချင်ရာလုပ်တဲ့ကောင်မလေးပုံစံပေါ့။ Problem Child ဖြစ်နေတဲ့ ဇာတ်လမ်းပုံစံမျိုး’ လို့ သူမက ဆိုပါတယ်။
ဆင်ဆာလွတ်လပ်ခွင့်အပေါ် ရိုက်လာကြတဲ့ ဇာတ်ကားများနဲ့ပတ်သတ်ပြီး ယူဆချက်အမျိုးမျိုး၊ ခံယူချက်အမျိုးမျိုးရှိနေကြတယ်လို့ သူမက ပြောပါတယ်။ ‘ရိုက်တဲ့ သူကလဲ သူ့ရည်ရွယ်ချက်၊ သူ့ခံယူချက်၊ သူ့ယုံကြည်ချက် နဲ့သူရိုက်တယ်။ မရိုက်တဲ့သူကလဲ သူ့အတွေးနဲ့သူမရိုက်ဘူး။ တစ်ယောက်နဲ့တစ်ယောက်ခံယူချက်ခြင်းမတူတဲ့အတွက် ကစ်အနေနဲ့က ဘယ်သူကောင်းတယ် မကောင်းဘူး ဆိုတဲ့ ဝေဖန်ချက်မျိုးမပေးချင်ပါဘူး။ ဒါပေမဲ့ဆင်ဆာလွတ်လပ်ခွင့်အပေါ်မှာ ဇာတ်လမ်းသဘောအရလို အပ်လို့ရိုက်တာမျိုးဆိုရင်တော့ ပိုကောင်းတာပေါ့နော်။ အနုပညာရှင်တစ်ယောက်ဖြစ်နေတဲ့အတွက် စောင့်စည်းထိန်းသိမ်း မှုများနဲ့ပတ်သတ်ပြီးတော့လဲ ဒီအလုပ်ကိုလုပ်ခဲ့တဲ့အတွက် သာမာန်လူထက်တော့လွတ်လပ်ခွင့်နည်းသွားတယ်။ ဘာလို့လဲဆိုတော့ ဒီအလုပ်က စိတ်ရော၊ လူရောအရမ်းကို မလွတ်လပ်ဘူး။
စိတ်ရော၊ လူရော အရမ်းကို ထိန်းချုပ်ရတယ်။ ဒါကတော့ ဒီအလုပ်လုပ် တဲ့အတွက် ဒါကိုကြုံရမှာပဲ။ ကစ်က စိတ်ကိုဘယ်လိုထားလိုက်လဲဆိုတော့ ကိုယ်ဒီအလုပ်ကိုလုပ်နေတဲ့အချိန်တိုင်းဟာ ရှုတင်ကို ကိုယ့်အိမ်လို သဘောထားလိုက်တယ်။ ပျော်အောင်နေတယ်။ စိတ်ကိုအလုပ်ကို ထည့်ပြီးပျော်အောင်နေခဲ့ပါတယ်။ ကြော်ငြာဖက်မှာရော၊ သရုပ်ဆောင်ဘက်မှာပါ အောင်မြင်နေတဲ့မင်းသမီးတစ်ယောက်ဖြစ်နေတဲ့ အပေါ်မှာ ကစ်ကကစ်လုပ်တဲ့အလုပ်တိုင်းကို တန်ဖိုးထားတယ်။ ကုန်ပစ္စည်းကြော်ငြာခြင်းတူတာတောင်မှ ပုံစံမတူအောင်ကစ်အနေနဲ့ ကြိုးစားပြီးလုပ်ပါတယ်။ ဇာတ်ကားဆိုလဲ ကိုယ်သရုပ်ဆောင်ရမဲ့ ကာရိုက်တာနဲ့ ကိုယ်ကိုတိုင်နဲ့ အံဝင်ခွင်ကျဖြစ်အောင် အတတ်နိုင်ဆုံးကြိုးစားပြီးသရုပ်ဆောင်ပါတယ်’ လို့သူမကပြောပါတယ်။ အသစ်တွေတက်လာတာနဲ့ပတ်သတ်ပြီး ကစ်အတွက်နယ်မြေကျဉ်း သွားလားလို့မေးကြည့်တော့ ‘အဲဒီလိုမခံစားရပါဘူး။ ဘာလို့လဲဆိုတော့ ဒီအလုပ်ဆိုတာ တစ်ယောက်တည်းလုပ်လို့မရဘူးလေ။ မင်းသမီးတစ်ယောက်တည်းနဲ့ရပ်တည်လို့မရသလို၊ မင်းသားတစ်ယောက်တည်းနဲ့လဲရပ်တည်လို့မရဘူးလေ။ ပင်လယ်သမုဒ္ဒရာလိုအကျယ်ကြီးပါပဲ။ ကိုယ့်အတွက်နယ်မြေ ကျဉ်းသွားတယ်လို့မခံစားရပါဘူး။ ကောင်းပါတယ်။ ဒီအလုပ်က အားလုံးကောင်းမှ လဲကားကောင်းတစ်ကားထွက်တာလေ။အဲဒီလိုပဲခံယူထားတယ်’လို့ သူမကပြောပါတယ်။

Trend Myanmar

No comments:

Post a Comment