- 07 November 2013 |
- By ရိုးရာလေး
Virgin Galactic လို့ အာကာသ ခရီးသွားလာရေး လုပ်ငန်းဟာ ၂၀၁၅ ခုနှစ်မှာ
ပထမဆုံး ခရီးစဉ် စတင်မှာ ဖြစ်ပြီး လေဒီဂါဂါက ကြိုတင် ဘိုကင် ယူပြီးထားသူ
ဖြစ်ပါတယ်။ သူမရဲ့  ဘိုကင်က ခရီးသည် အနေနဲ့တင် မဟုတ် တာ့ပဲ
သီဆိုဖျော်ဖြေမယ့် သူတစ်ဦးလည်း ဖြစ်လာမှာပါ။ ဆွဲအား သုည အမှတ်မှာပဲ ရှိတဲ့
ကမ္ဘာ့အပြင်မှာ ကိုးရို့ ကားရားနဲ့ Performance ပြ မယ့် လေဒီဂါဂါရဲ့ 
ပုံစံကို အားလုံးပဲ ခန့်မှန်းလို့ တွေးရင် ရင်ခုန်နေကြမှာ အမှန်ပါပဲ။
သူမလိုပဲ နောက်ထပ် ဘယ် Celebrity တွေများ သွားဆိုအုံးမလဲ ဆိုတာ
စောင့်ဆိုင်း နားစွင့်လျက် ရှိကြပါတယ်။ခရီးသွားစရိတ်လည်း မသေးပါဘူး။ ဒီတော့ လေဒီဂါဂါက အာကာသမှာ သီချင်းဆိုတဲ့ ကမ္ဘာ့ ပထမဆုံး အနုပညာရှင် တစ်ဦး အဖြစ် စံချိန်တင် သွားမှာ ဖြစ် ပါတယ်။ ခရီးစဉ်အတွက် ကြိုတင် ဘိုကင်ပေး လိုက်ချင် သူများ အောက်ပါလခ့်မှာ ဝင်ရောက် လေ့လာ နိုင်ပါတယ်။
www.virgingalactic.com

No comments:
Post a Comment