Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 18, 2013

ကမ္ဘာပေါ်က အကောင်းဆုံး တက္ကသိုလ်(၁၀)ခု

          လူငယ်တွေအနေနဲ့ နိုင်ငံရပ်ခြားသွားရောက် ပညာသင်ကြားရာမှာ ရွေးချယ်လို့ကောင်းမယ့် ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် (၁၀)ခုကို ဖော်ပြချင်ပါတယ်။ ဒီစာရင်းကို ၂၀၁၃ ခုနှစ်အတွင်း စစ်တမ်းများအရ ပြုလုပ်ထားတာဖြစ်ပါတယ်။
(၁)     Massachusetts Institute of Technology (MIT)
1861 ခုနှစ်မှာ William Barton Rogers ကစတင်ထည်ထောင်ခဲ့ပြီး United States ရဲ့ Cambridge မက်ဆာချူးဆက်ပြည်နယ်မှာ တည်ရှိပါတယ်။ ပရိုက်ဗိတ် ကျောင်းတစ်ခုဖြစ်ပြီး physical sciences နဲ့ engineering ပညာများကို အဓိကထား သင်ကြားပေးပါတယ်။

(၂)     Harvard University
၁၆၃၆ ခုနှစ် စက်တင်ဘာလ (၈)ရက် နေ့က စတင်တည်ထောင်ခဲ့ပြီး တည်ထောင်သူကတော့ John Harvard ဖြစ်ပါတယ်။ သမိုင်းအစဉ်အလာရှိတဲ့ ကျောင်းတော်ကြီးတစ်ခုဖြစ်ပြီး လူသိအလွန်များပါတယ်။ ယူနိုက်တက်စတိတ်၊ မက်ဆာချူးဆက်ပြည်နယ်ရဲ့ Cambridgeနယ်မှာ တည်ရှိပါတယ်။
(၃)     University of Cambridge
  ၁၂၀၉ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာဖြစ်ပြီး United Kingdom , England နိုင်ငံရဲ့ Cambridge မြို့မှာ တည်ရှိပါတယ်။ အင်္ဂလိပ်စာအသုံးပြုတဲ့ ဒုတိယ သက်တမ်းအရင့်ဆုံး ကျောင်းတော်ကြီးဖြစ်ပြီး ကမ္ဘာပေါ်မှာ အသက်ရှင်ကျန်ရစ်တဲ့ တတိယ သက်တမ်းရင့် ကျောင်းတော်တစ်ခုလည်းပဲ ဖြစ်ပါတယ်။
(၄)     University College London (UCL)
United Kingdom ရဲ့ လန်ဒန်မြို့မှာ တည်ရှိပါတယ်။ သက်တမ်းအရင့်ဆုံးနဲ့ လန်ဒန်ရဲ့ ဖက်ဒရယ် ယူနီတွေထဲမှာ အကြီးဆုံးမဲဆန္ဒတွေ ပါဝင်နေတဲ့ တက္ကသိုလ်တစ်ခုလည်းဖြစ်ပါတယ်။
(၅)     Imperial College London
သိပ္ပံ ၊ အင်ဂျင်နီယာ ၊ ဆေးပညာနဲ့ စီးပွားရေးပညာတွေ အဓိကသင်ကြားပေးပြီး UK , London မှာ တည်ရှိပါတယ်။
(၆)     University of Oxford
ကောလိပ်ကျောင်းဆိုင်ရာ သုတေသနပြုသူများအတွက် ဖြစ်ပြီး UK , England , Oxford ပြည်နယ်မှာ တည်ရှိပါတယ်။
(၇)     Standford University
အမေရိကန် ပုဂ္ဂလိကပိုင် ကျောင်းဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်မှာ တည်ရှိပါတယ်။ ၁၈၈၅ခုနှစ်၊ နိုဝင်ဘာလ (၁၁)ရက်နေ့မှာ စတင်တည်ထောင်ထားတာဖြစ်ပါတယ်။ ဧရိယာ ၁၈၀ ဧက ကျယ်ဝန်းပါတယ်။
(၈)     Yale University
အမေရိကန်ရဲ့ New Heaven အရပ်မှာတည်ရှိပါတယ်။ ကမ္ဘာပေါ်မှာရှိတဲ့ ဂုဏ်သတင်းကြီးသော တက္ကသိုလ်တွေထဲက တစ်ခုအဖြစ် သတ်မှတ်ခံရပါတယ်။ ၁၇၀၁ ခုနှစ်ကတည်းက စတင်ထည်ထောင်ခဲ့ပြီး ပုဂ္ဂလိကကျောင်းတစ်ကျောင်း ဖြစ်ပါတယ်။
(၉)     University of Chicago
အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှာတည်ရှိပြီး အမျိုးအစား များပြားလှတဲ့ ဘွဲ့ထူးဂုဏ်ထူးတွေ နှစ်စဉ် အပ်နှင်းလျက်ရှိပါတယ်။
(၁၀)   Princeton University and California University of Technology (Caltech)
ဒီနှစ်မှာတော့ ဒီတက္ကသိုလ် နှစ်ခုက နံပါတ်(၁၀)နေရာကို ပူးတွဲရပါတယ်။ Princeton Uni ကတော့ နယူးဂျာစီပြည်နယ် ၊ အမေရိကန်မှာ တည်ရှိပြီး ၁၇၄၆ ခုနှစ်ကတည်းက စတင်တည်ထောင်တာ ဖြစ်ပါတယ်။ California University of Technology ကတော့ Pasadena , United States မှာတည်ရှိပါတယ်။
Ref:telegraph.co.uk and google
http://www.trend.com.mm/2013/11/18/education-697

No comments:

Post a Comment