Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, November 27, 2013

Belgium မှာလူနာကို ဆေးပညာ အကူအညီနဲ့ သေစေခြင်းဟာ ဥပဒေ အရ တရားဝင် ပါတယ်။ ဆိုလိုတာ ကတော့ မိ မိကိုယ်ကို အဆုံးစီရင် ချင်တဲ့သူ တွေကို နိုင်ငံတော်က ကူညီပေး တာပါ။

Belgium မှာလူနာကို ဆေးပညာ အကူအညီနဲ့ သေစေခြင်းဟာ ဥပဒေ အရ တရားဝင် ပါတယ်။ ဆိုလိုတာ ကတော့ မိ မိကိုယ်ကို အဆုံးစီရင် ချင်တဲ့သူ တွေကို နိုင်ငံတော်က ကူညီပေး တာပါ။
ကိုယ့်ကိုကိုယ် အဆုံး စီရင်တယ် ဆိုတာ အများအား ဖြင့်တော့ သေလုမြောပါး ဖြစ်နေတဲ့ လူနာ တွေနဲ့ မလိုအပ်ဘဲ နာကျင်ခြင်းကို ခံစားနေ ရတဲ့ ဝေဒနာရှင် တွေအတွက် ဖြစ်ပါတယ်။ ဒါပေမယ့် စိတ်ဒဏ်ရာ ရှိနေပြီး ဘ၀ကို အဆုံးသတ် ချင်သူ တွေလည်း တဖြည်းဖြည်း များလာ နေပါပြီ။ နောက်ဆုံး ဖြစ်သွားတဲ့ ဖြစ်ရပ် ကတော့ ဒီနှစ်ဦးပိုင်းက ဖြစ်ပျက်ခဲ့ တာပါ။ Nathan Verhelst လို့ခေါ်တဲ့ အမျိုးသား တစ်ဦးဟာ ငယ် စဉ်က သူ့အစ်ကို တွေရဲ့ အဓမ္မ ပြုကျင့်ခြင်းကို ခံခဲ့ရတဲ့ နောက်ပိုင်းမှာ Post-traumatic Stress Disorder (PTSD) လို့ခေါ်တဲ့ စိတ်ဖိစီးမှု ဒဏ် ရာ ရရှိနေ ခဲ့ပြီး သူ့ရဲ့ လိင်အင်္ဂါပြောင်း ခွဲစိတ်မှု အပြီးမှာ သူ့ကိုယ်သူ “မိစ္ဆာကောင်ကြီး” လိုခံစားရ တာကြောင့် ဆေးအကူအညီနဲ့ သေစေရန် တောင်းဆို ခဲ့တာ ဖြစ်ပါတယ်။ Verhelst ဟာအမျိုးသမီး တစ်ဦးလို ကြီးပြင်း လာခဲ့ပြီး လိင်ပြောင်း ခွဲစိတ်မှု ပြုလုပ်ရာမှာ ဆရာဝန် တွေက အ မျိုးသား လိင်အင်္ဂါကို ပြုလုပ် တပ်ဆင် ပေးရာမှာ အခက်အခဲ များစွာနဲ့ ကြုံခဲ့ရ ပါတယ်။ ခွဲစိတ် ဆရာဝန် တွေက သူ့အတွက် အင်္ဂါတစ်ခု ပြု လုပ်ပေး ခဲ့ပေမယ့် သူ့ခန္ဓာကိုယ်နဲ့ ဓာတ်မတည့်ဘဲ ခန္ဓာကိုယ်က ငြင်းပယ် ခဲ့ပါတယ်။ ဒါကြောင့် သူအသက်ရှင် နေချင်စိတ် ကုန်ခန်းသွား ပြီလို့ သူ့သူငယ်ချင်း တွေနဲ့ သူ့ဆရာဝန် တွေကို ပြောခဲ့တာပါ။
ဒါဟာ ဆေးပညာ အကူအညီနဲ့ လူသေစေ ခြင်းကို လွန်ခဲ့တဲ့ ဆယ်နှစ်ခန့်က တရားဝင် ပြုလုပ်ပြီး ကတည်းက ဘယ်လ်ဂျီယံ နိုင်ငံရဲ့ အထင် ကရ အဖြစ်ဆုံး ဖြစ်ရပ် ဖြစ်ကောင်း ဖြစ်နိုင် ပါတယ်။ အကြောင်း ကတော့ သေဆေး မထိုးမီ တစ်ရက်အလို Brussels မြို့မှာ Verhelst ကိုသ တင်းစာကြီး တစ်စောင်က တွေ့ဆုံ မေးမြန်း ခဲ့လို့ပါပဲ။ စိတ်ဒုက္ခတွေ ခံစားနေ ရသူတွေ ဆေးထိုး သေစေခြင်းနဲ့ ပတ်သက်တဲ့ အထင်ကရ ဖြစ် ရပ်တွေ အများကြီး ရှိခဲ့ဖူး ပါတယ်။ ကလေးဘဝ တုန်းက ရရှိခဲ့တဲ့ စိတ်ဒဏ်ရာ ဟောင်းကို ထပ်ခါတလဲလဲ အမှတ်ရ နေတဲ့ အစားအ သောက် ပျက်ရောဂါ (Anorexia) ဝေဒနာရှင် အမျိုးသမီး တစ်ဦး ကလည်း ဆေးထိုး သေစေဖို့ တောင်းဆိုခဲ့ ဖူးပါတယ်။ နားမကြား ရတဲ့အမြွာ နှစ်ဦးဟာ သူတို့မှာ မျက်စိကွယ် စေနိုင်လောက်တဲ့ မွေးရာပါ ရောဂါတစ်ခု ရှိနေတာကို သိရှိပြီး နောက်မှာလည်း ဒီလိုပဲ ဆေးထိုး သေစေ လိုကြောင်း တောင်းဆိုခဲ့ ကြပါတယ်။

Euthanasia for psychological conditions

ဒီလူတွေရဲ့ တူညီတဲ့ အချက်ကတော့ သူတို့မှာ ရုပ်ပိုင်းဆိုင်ရာ သာမက စိတ်ပိုင်း ဆိုင်ရာ ဝေဒနာ တွေကိုပါ ခံစားနေ ရတာပါ။ ဘယ်လ်ဂျီယံ ဥပဒေအရ ဆေးထိုး သေစေတာကို ခွင့်ပြုဖို့ အတွက် အနည်းဆုံး ဆရာဝန်နှစ်ဦး တိုင်ပင်သဘော တူရမှာ ဖြစ်ပါတယ်။ Verhelst လိုမျိုး စိတ် ပိုင်းဆိုင်ရာ ဝေဒနာ အတွက် ဆိုရင်တော့ ဆရာဝန် သုံးဦး တိုင်ပင်ပြီး သဘောတူမှ ခွင့်ပြုမှာပါ။ လူနာရဲ့ ရောဂါ အခြေအနေကို အချိန် အ တော်ကြာ စောင့်ကြည့်ပြီးမှ ဆေးထိုး သေစေခြင်းကို ခွင့်ပြုရတာ ဖြစ်ပါတယ်။ မိမိကိုယ်ကို သေကြောင်း ကြံခြင်းဟာ ဥပဒေကြောင်းအရ တ ရား မဝင်တဲ့ နိုင်ငံတွေ မှာဆို သေကြောင်း ကြံကြသူ တွေဟာ အထီးကျန်ဆန် နေကြပြီး လောကကြီးနဲ့ အဆက်အသွယ် ဖြတ်နေတတ် ကြပါ တယ်။ Verhelst ကတော့ သူငယ်ချင်း အသိုင်းအဝိုင်း အခိုင်အမာ ရှိပြီး သူတို့ဟာ နောက်ဆုံး ပါတီကို စီစဉ် ပေးခဲ့ကြပြီး သူ့ကို ပြန်စဉ်း စားဖို့ စည်းရုံး ခဲ့ကြပါ သေးတယ်။ သူ့ရဲ့ ရင်းနှီးတဲ့ သူငယ်ချင်း တစ်ဦး ဖြစ်တဲ့ Marisol Mesot ကတော့ ဘယ်အရာကမှ သူ့ကို ဒီလောကမှာ ပြန် နေချင်စိတ် ဖြစ်စေ တော့မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ သူဟာ နေ့စဉ်နေ့တိုင်း နိုးလာတာနဲ့ “မိစ္ဆာကောင်ကြီး” လိုခံစားနေ ရတာပါ။

Euthanasia for psychological conditions

အခုတော့ ကနေဒါ နိုင်ငံ ကွီဘက်နယ် မှာလည်း ဘယ်လ်ဂျီယံက ဥပဒေလိုမျိုး အလားတူ ဥပဒေကို ရေးဆွဲဖို့ စဉ်းစားနေ ကြပါပြီ။ သေလု မြောပါး ဝေဒနာကို ခံစား နေရသူ တွေအတွက်ရော စိတ်ဒုက္ခ ခံစားနေ ကြရသူတွေ အတွက်ပါ ဆေးပညာ အကူအညီဖြင့် သေစေခြင်းကို ခွင့် ပြုတော့မှာ ဖြစ်ပါတယ်။ အကယ်၍ ဒီနယ်က ဥပဒေကို ပြဌာန်း လိုက်မယ် ဆိုရင် လူဇင်ဘတ်၊ နယ်သာလန်၊ ဆွစ်ဇာလန်၊ အမေရိကန်ပြည် က ဝါရှင်တန်၊ အိုရီဂွန် ပြည်နယ်တို့လို ကမ္ဘာပေါ်မှာ ဆေးပညာ အကူအညီဖြင့် သေစေခြင်းကို ခွင့်ပြုတဲ့ အနည်းငယ် မျှသာ ရှိတဲ့ နယ်မြေတွေ ထဲက တစ်ခုဖြစ် လာတော့မှာ ဖြစ်ပါတယ်။ ဒါဟာ ပုဂ္ဂိုလ်ရေး လွတ်လပ်မှုကို အရင်က တစ်ခါမှ မမျှော်လင့် ထားခဲ့ဖူးတဲ့ ပုံစံတစ်ခု အဖြစ် ကျွန် တော်တို့ရဲ့ အနာဂတ်မှာ ပြယုဂ်တစ်ခု ဖြစ်လာ နိုင်ပါတယ်။

Euthanasia for psychological conditions
Images from flanderstoday, top-10-list, wikimedia. Source: io9.com
http://myetshin.com/archives/1898

No comments:

Post a Comment