Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 10, 2013

အမေရိကန် အခြေစိုက် Metlife အာမခံလုပ်ငန်း ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခွင့်ရရှိ


အမေရိကန်နိုင်ငံရှိ Metlife အာမခံလုပ်ငန်း ရုံးချုပ်ကို တွေ့ရစဉ် (photo:mbaskool)

 
အမေရိကန် အခြေစိုက် Metlife အာမခံ လုပ်ငန်းသည် မြန်မာနိုင်ငံတွင် လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ကိုယ်စားလှယ်ရုံး ဖွင့်လှစ်ခွင့် ရရှိခဲ့ကြောင်း သတင်းရရှိသည်။ Metlife Asia Pacific Limited အမည်ဖြင့် မြန်မာနိုင်ငံသို့ ၀င်ရောက်လာခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ အောက်တိုဘာ ၇ ရက်တွင် ယာယီဖွဲ့စည်း မှတ်ပုံတင်ခွင့် ပြုခဲ့ကြောင်း သိရသည်။ Metlife သည် နိုင်ငံပေါင်း ၆၀ ကျော် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ၎င်း၏ အာမခံလုပ်ငန်း ၀န်ဆောင်မှုကို အသုံးပြုသူပေါင်း သန်း ၉၀ ခန့်ရှိသည်။ ကမ္ဘာ့ထိပ်တန်း အာမခံ လုပ်ငန်းများတွင် ရှစ်ခုမြောက် အကြီးဆုံး အာမခံလုပ်ငန်း တစ်ခုဖြစ်သော Metlife ကို ၁၈၆၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး နယူးယောက်မြို့တွင် အခြေစိုက်ထားသည်။

အမေရိကန်၊ ဂျပန်၊ လက်တင်အမေရိက၊ အာရှပစိဖိတ်ဒေသ၊ ဥရောပနှင့် အရှေ့အလယ်ပိုင်း နိုင်ငံတို့တွင် ဈေးကွက်ဦးဆောင်နေသည့် အာမခံလုပ်ငန်း တစ်ခုဖြစ်ပြီး ၂၀၁၀ ပြည့်နှစ် စာရင်းများအရ ၀င်ငွေ အမေရိကန်ဒေါ်လာ ၅၂ ဒသမ ၇၁၇ ဘီလျံ ရရှိခဲ့သည်။

ကမ္ဘာ့နိုင်ငံ အများအပြားတွင် ၀န်ထမ်းပေါင်း ခြောက်သောင်းကျော်ဖြင့် လုပ်ငန်းလည်ပတ်နေသော Metlife သည် အာရှပစိဖိတ် ဒေသရှိ သြစတြေးလျ၊ ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ဟောင်ကောင်၊ အိန္ဒိယ၊ ဂျပန်၊ နီပေါ၊ ပါကစ္စတန်၊ တောင်ကိုရီးယား နိုင်ငံတို့တွင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ထို့အတူ ဥရောပတွင် ဘယ်လ်ဂျီယံ၊ ဘူလ်ဂေးရီးယား၊ ဆိုက်ပရပ်စ်၊ ချက်၊ ပြင်သစ်၊ ဂရိ၊ ဟန်ဂေရီ၊ အိုင်ယာလန်၊ အီတလီ၊ လက်ဗီးယား၊ လစ်သူရေးနီးယား၊ ပိုလန်၊ ပေါ်တူဂီ၊ ရိုမေးနီးယား၊ ရုရှား၊ ဆားဘီးယား၊ စပိန်၊ တူရကီ၊ ယူကရိန်း၊ ဗြိတိန်နိုင်ငံတို့တွင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အမေရိက နိုင်ငံများဖြစ်သော အာဂျင်တီးနား၊ ဘရာဇီးလ်၊ ချီလီ၊ ကိုလံဘီယာ၊ ဒိုမိနီကန်၊ မက္ကဆီကို၊ ဥရုဂွေး နိုင်ငံတို့နှင့် အရှေ့အလယ်ပိုင်းမှ ဘာရိန်း၊ အီဂျစ်၊ ဂျော်ဒန်၊ ကူဝိတ်၊ လက်ဘနွန်၊ အိုမန်၊ ကာတာ၊ ဆော်ဒီအာရေးဗျနှင့် ယူအေအီး နိုင်ငံတို့တွင်လည်း အာမခံလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ဈေးကွက်တန်ဖိုး အမေရိကန်ဒေါ်လာ ၄၄ ဘီလျံခန့်ရှိသော Metlife သည် အရှေ့တောင်အာရှ နိုင်ငံတစ်နိုင်ငံ ဖြစ်သော မြန်မာနိုင်ငံသို့ ဈေးကွက်ချဲ့ထွင် ၀င်ရောက်လာခြင်း ဖြစ်သည်။ နိုင်ငံတကာ အာမခံလုပ်ငန်းများ အနေဖြင့် မြန်မာနိုင်ငံတွင် ကိုယ်စားလှယ်ရုံး အဖြစ်သာ ဖွင့်လှစ်နိုင်သည်။ ယခင်က ဂျပန် အာမခံ လုပ်ငန်းများသာ ကိုယ်စားလှယ်ရုံးများ လာရောက် ဖွင့်လှစ်ထားပြီး ပြီးခဲ့သည့် ဇူလိုင်လအတွင်း ဟောင်ကောင် အခြေစိုက် AIA အာမခံလုပ်ငန်း စတင်ဝင်ရောက်ခဲ့သည်။

Eleven Media Group

No comments:

Post a Comment