Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, October 31, 2013

အချိန်ပိုခိုင်းတဲ့ အလုပ်ရှင်တွေကို အရေးယူဖို့ လွှတ်တော်မှာဆွေးနွေး


Friday, November 1, 2013

နေပြည်တော်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေး အတွင်းမှာ အစိုးရကနေ သတ်မှတ်ထားတဲ့ အလုပ်ချိန်ထက်ပိုပြီး အချိန်ပိုခိုင်းတဲ့ အလုပ်ရှင်တွေကို အရေးယူသွားမှာ ဖြစ်တယ်လို့ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူမှုဖူလုံရေး ဒုဝန်ကြီးဦးထင်အောင်က
အောက်တိုဘာ ၃၀ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

အလုပ်သမားအရေးနဲ့ ပတ်သက်ပြီး လွန်ခဲ့တဲ့ ဆဌမအကြိမ် ပြည်ထောင်စု
လွှတ်တော်မှာ ပြည်ထောင်စုလွတ် တော်နာယက ဦးခင်အောင်မြင့် ဥက္ကဌအဖြစ်တာ ၀န်ယူဆောင်ရွက်တဲ့ အလုပ်ရှင်၊ အလုပ်သမား အခွင့်အရေး မျှတရေးကော်မရှင်ကနေ ပြည်ထောင်စုလွှတ်တော်ကို အစီရင်ခံစာ တင်သွင်းထားတာ ဖြစ်တယ်လို့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင်က ပြောပါတယ်။

“ကျနော်တို့ အလုပ်ရှင်အလုပ်သမားနဲ့ ပတ်သက်တဲ့ ပြည်ထောင်စု
လွှတ်တော်ရဲ့ အစီရင်ခံစာမှာရှိတဲ့ အပိုင်းတွေကို ပြောတာက အလုပ်သမားဝန်ကြီးဌာနက ဒုဝန်ကြီးပါ၊ ကျနော်တို့က အစီရင်ခံစာ တင်ထားတာပေါ့နော်၊ အလုပ်ရှင် အလုပ်သမားနဲ့ ပတ်သက်လို့ အစီရင်ခံစာအပေါ် မူတည်ပြီးတော့ သူတို့က ဘယ်လို ဆောင်ရွက်ထား
ပါတယ် ဆိုတာကို ဖြေကြားတာပါ။ အဓိကတော့ အလုပ်သမားဟာ အခြေခံလစာ နည်းနေတော့ အချိန်ပိုလုပ်အားခဟာ သူတို့ ပြောသလို သူတို့ခိုင်းချင်သလို ခိုင်းလို့ရတဲ့ အခြေအနေမျိုးဖြစ်နေတာ။”

အလုပ်သမားတွေ အချိန်ပို လုပ်ကိုင်တာနဲ့ပတ်သက်ပြီး ပုံမှန်လုပ်ငန်းတွေ
အတွက် တနေ့ ၃နာရီနဲ့ စနေနေ့မှာ ၅နာရီ တပတ်မှာ အချိန်ပို ၂၀နာရီသာ အလုပ်ခိုင်းစေရမဲ့အကြောင်း၊အဆက်မပြတ်လုပ်ငန်းတွေအတွက် တနေ့ ၂နာရီ ၄၀မိနစ်နဲ့ ၆ရက်မှာ ၁၆နာရီသာ အချိန်ပို အလုပ်ခိုင်းစေရမယ်လို့ ပါရှိပါတယ်။

အချိန်ပို အလုပ်ခိုင်းစေမယ်ဆိုရင်လည်း အလုပ်သမားတွေရဲ့ သဘောတူညီချက်လက်မှတ်ကို တင်ပြရမှာဖြစ်ပြီး လိုက်နာမှုမရှိရင် အလုပ်ရှင်ကို အရေးယူသွားမယ်လို့ ပြောပါတယ်။

အလုပ်သမား အလုပ်ရှင်ပြဿနာတွေ၊ အချိန်ပို အလုပ်ကိစ္စနဲ့ အနိမ့်ဆုံး လုပ်အားခတွေသတ်မှတ်နိုင်ရေးနဲ့ ပတ်သက်ပြီး ဥပဒေသစ်ရေးဆွဲရေး
အတွက်လည်း ကြိုးစားနေပြီး သက်ဆိုင်ရာဝန်ကြီးဌာနက ပြန်လည်
စီစစ်နေပြီလို့ ဦးဖုန်းမြင့်အောင်ကပြောပါတယ်။

မြန်မာနိုင်ငံက စက်ရုံ အလုပ်သမားတွေအနေနဲ့ အလုပ်ချိန်အကြာကြီး
လုပ်ကြရပြီး လုပ်အားခ အနည်းငယ်သာ ရရှိနေတဲ့အခြေအနေတွေကို အလုပ်သမားရေးဆောင်ရွက်နေသူတွေက စစ်တမ်းကောက်ယူပြီး ခေတ်သစ်
ကျွန်သဘောက်လို့ အမည်ရတဲ့ အစီရင်ခံစာတစောင်ကို ထုတ်ပြန်ခဲ့တဲ့
အကြောင်းလည်း ရေဒီယို သြစတြေးလျသတင်းထောက် မြတ်မိုးက သတင်းပေးပို့ ထားပါတယ်။

ABC Radio

No comments:

Post a Comment