Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 30, 2013

အဓမ္မပြုကျင့်ခံရသော ကလေးငယ်၂၆ ဦးအား ပင်ဆယ်လ်ဗေးနီးယားတက္ကသိုလ်မှ အမေရိကန်ဒေါ်လာ သန်း ၆၀ ပေးအပ်


Jerry Sandusky

ပင်ဆယ်လ်ဗေးနီးယား၊ အောက်တိုဘာ ၂၉။ 

အမေရိကန်ပြည်ထောင်စု၊ ပင်ဆယ်လ်ဗေးနီးယားပြည်နယ်တက္ကသိုလ်သည် အဓမ္မပြုကျင့် ခံသော ကလေးငယ် ၂၆ဦးအား အမေရိကန် ဒေါ်လာ သန်း ၆၀ပေးအပ်ခဲ့ကြောင်း၊ အဓမ္မပြုကျင့်သူမှာ အမေရိကန် ဘောလုံးအသင်း နည်းပြ ဂျာရီဆန်ဒူစကီ
ဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကလေးငယ်များကို အဓမ္မပြုကျင့်သည့် အမှုပေါင်း ၄၅မှုဖြင့် ပင်ဆယ်လ်ဗေးနီးယားပြည်နယ်၊ ဘယ်လီ ဖွန်တီခရိုင်တရားရုံး
သည် ဂျာရီဆန် ဒူစကီအား ထောင်ဒဏ်နှစ်-၆၀ကျခံစေရန် ၂၀၁၂အောက်တိုဘာ ၉ရက်တွင် အမိန့်ချမှတ်ခဲ့ရာ အမိန့်ချ
အပြီး တစ်နှစ်အကြာတွင် ပင်ဆယ်ဗေးနီးယားတက္ကသိုလ်မှ ယခုကဲ့သို့ ဒေါ်လာ သန်း၆၀ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

ဆန်ဒူစကီသည် ကလေးငယ် ၁၀ဦးအား ၁၉၉၄ခုနှစ်မှ ၂၀၀၈
ခုနှစ်အတွင်း အဓမ္မပြုကျင့်ခဲ့မှုနှင့်စပ်လျဉ်း၍ ပြစ်မှုထင်ရှားကြောင်း စစ်ဆေး တွေ့ရှိကာ စီရင်ချက်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

အသက်-၆၉နှစ်ရှိပြီဖြစ်သော ဆန်ဒူစကီသည် ၎င်း၏ကျန်ရှိသော ဘ၀သက်တမ်းအား အကျဉ်းထောင် အတွင်းမှာပင် ကုန်ဆုံးရဖွယ်
ရှိသည်။

လူပန်းအိမ်
People power

Source

No comments:

Post a Comment