Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 21, 2013

အဆိုတော်စန္ဒီ(၁၅၀ဝ)၏ မိခင် ပြောစကား



အောက်တိုဘာလ ၁၆ နံနက် ၂ နာရီအချိန်က အစာ အိမ်ရောဂါဝေဒနာဖြင့် ကွယ်လွန်သွားခဲ့သည့် အဆိုတော် စန္ဒီ(၁၅၀ဝ) (ခ) အေးမြတ်စန္ဒီသော်၏ ရုပ်ကလာပ်ကို အောက်တိုဘာ ၁၈ ရက်နေ့ ညနေ ၄ နာရီအချိန်တွင် ရေဝေးသုသာန်သို့ ပို့ဆောင်မီးသဂြိုဟ်ခဲ့ကြောင် သိရသည်။

အဆိုတော်စန္ဒီ(၁၅၀ဝ)၏ မိခင်ဖြစ်သူက စန္ဒီကွယ်လွန်သွားခြင်းနှင့်ပတ်သက်၍ “အခုလိုဖြစ်မယ်မှန်း သမီးက သူ့ကိုယ် သူတောင် မျှော်လင့်ထားမှာမဟုတ်ဘူး။ အစာအိမ်ရောင်တာကို နှစ်ပတ်လောက် ခံစားသွားရရှာတယ်။ နေမကောင်းဖြစ်တာကတော့ လွန်ခဲ့တဲ့တစ်နှစ်လောက်က စတာပါ။ သူက အစာအိမ်ရောဂါရှိတယ်။ ဒါပေမဲ့ သူကလည်း ဆူရှီ၊ ထိုင်းအစား အစာတွေ၊ အသားပြားတေ အရမ်းစား တာ။ အမှန်တော့ မတဲ့ဘူးလေ။ သူကမိုးရှင်းပွဲလေးမှာ ဝတ်ဖို့ဆိုပြီး နောက်ဆုံး အန်တီ့အတွက် ဝတ်စုံလေးတောင် ဝယ် ပေးသွားတယ်။ သူကိုယ်တိုင်ကလည်း အလှအပကိုကြိုက်တော့ အန်တီ့ကိုလည်း သူနဲ့မှီအောင် လှစေချင်တယ်လေ။ အဲဒါ လေးတွေကို ခုချိန်မှာတွေးပြီး ငိုလိုက် ရတာ။ မိဘကို တကယ်သိတတ်တဲ့ ကလေးလေးပါ။ တစ်ဦးတည်းသောသမီးလေး ဒီလို ဖြစ်သွားတော့ တကယ့်ကို ရင်ထဲမမျှ အောင် ခံစားရတယ်။ ဒုတိယစီးရီးပရို ဒုတိယစီးရီးအတွက် သီချင်းတွေ ၈ ပုဒ်လောက် သွင်းပြီးသွားပြီ။ အဲဒီ အခွေထွက်ဖို့အတွက်လည်း ဘဏ်မှာငွေ တွေ စုထားရှာတယ်။ အခုထိ ဘာမှ မလုပ်ရသေးပါဘူး။ အဲဒီပိုက်ဆံကို အန်တီ လုံးဝမထိဘူး။ အဲဒီသီချင်းခွေလေးကို အန်တီဆက်ပြီး ပရိသတ်ဆီ အရောက် ပို့ဖို့ စီစဉ်ပေးချင်လို့ပါ။ သူ့အတွက် ကောင်းမှုကုသိုလ်တွေကို ရရင် ရသ လောက် အချိန်တိုင်း လုပ်ပေးသွားမှာ ပါ” ဟု ဝမ်းနည်းစွာနှင့် News Watch သို့ ပြောကြားခဲ့ပါသည်။

ကောင်းမြတ်ပိုင်၊ အေးမြတ်သီ
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

No comments:

Post a Comment