Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, October 7, 2013

လိင်ပြောင်းခွဲစိတ်ကုသမှုအဆင်မပြေ၍ ကိုယ့်ကိုယ်ကို အဆုံးစီရင်





ပြီးခဲ့တဲ့တနင်္လာနေ့ က အသက် ၄၄ နှစ်အရွယ် လိင်ခွဲစိတ်ပြုပြင်ထားတဲ့ ဘယ်လ်ဂျီယံအမျိုးသား တဦးဟာတရားဝင် သူ့ ကိုယ်သူသတ်သေသွားခဲ့ ပါတယ်။
နာသန်ဗာဟက်စ်ဟာ နန်စီ ဆိုတဲ့အမည်နဲ့ အမျိုးသမီးတယောက်အဖြစ်မွေးဖွားလာခဲ့ပြီး သူ့ ကိုယ်သူ အမျိုးသမီးခန္ဒာကိုယ် ထဲမှာပိတ်မိနေတဲ့ ယောက်ျားလေးတစ်ယောက်အဖြစ်အမြဲခံစားနေရတာပါ။ ဒါနဲ့  ၂၀၀၉ ခုနှစ်မှာ ဟော်မုန်း ဆေးတွေနဲ့ ယောက်ျားအဖြစ်ပြောင်းဖို့ ကုသခြင်းကိုစတင်ခဲ့ပါတယ်။၂၀၁၂ ခုနှစ်မှာ တော့နောက်ထပ် ခွဲစိတ်ကုသမှုအတော်များများပြုလုပ်ခဲ့ပါတယ်။
ခွဲစိတ်ကုသမှုတွေမပြီးခင်မှာတော့ သူဟာယောက်ျားတစ်ယောက်အဖြစ်အသစ်မွေးဖွားလာဖို့ အတွက် အတော်မျှော်လင့်ချက်ကြီးခဲ့တာပါ။ ဒါပေမယ့် ခွဲစိတ်မှုတွေအပြီး သူ့ ကိုယ်သူမှန်ထဲမှာပြန်ကြည့်တော့ "မှန်ထဲကြည့်ရတာ ကျနော့်ကိုယ် ကျနော်တောင်စိတ်ပျက်ပါတယ်ဗျာ။ကျနော့်ရင်အုပ် ကမျှော်လင့် ထားသလို ဖြစ် မလာဘူး။ခွဲစိတ်ပြုပြင်ထားတဲ့လိင်အင်္ဂါ ကလည်းအဆင်မပြေ တဲ့လက္ခဏာတွေပြနေ တယ် ဗျာ။"   (symptoms of rejection ဖြစ်နေတယ်လို့ ဆိုပါတယ်။လိင်အင်္ဂါခွဲစိတ်ကုသခံရာမှာ သူ့ ရဲ့ ကိုယ်ခံအားစနစ်က ခွဲစိတ်တပ်ဆင်လိုက်တဲ့လိင်အင်္ဂါတစ်ရူးတွေကိုတိုက်ခိုက်တာလို့ ဆိုပါတယ်)

စိတ်ဓာတ်အကျကြီးကျနေတဲ့  နာသန်ဟာနောက်ဆုံး သူ့ ကိုယ်သူ တရားဝင်သတ်သေ ဖို့ ဆုံးဖြတ် လိုက်ပါတယ်။ဘယ်လ်ဂျီယမ်ဟာ ကမ္ဘာပေါ်မှာကိုယ့်ကိုယ်ကို သတ်သေဖို့ ခွင့်ပြုတဲ့ ဥရောပ သုံးနိုင်ငံထဲကတနိုင်ငံဖြစ်ပါတယ်။
ပြီးခဲ့တဲ့လပေါင်းများစွာကတည်းကသူ့ ကိုယ့်သတ်သေခွင့်ပြုဖို့ လျှောက်လွှာတင်ထားခဲ့ပြီးဘယ်လ်ဂျီယမ် ရဲ့ ၂၀၀၂ခုနှစ်ဥပဒေအရ သူ့ ကိုသေခွင့်ပြုလိုက်ပါတယ်။ တနင်္လာ နေ့ နာသန်ဟာ ဘရပ်ဆဲလ် ကဆေးရုံမှာသေဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

သေခွင့်လျှောက်ထားသူတွေဟာစိတ်ကူးပေါက်ပြီး လုပ်တာမျိုးမဖြစ်ရလေအောင် ဆရာဝန်တွေနဲ့  အကြိမ်ကြိမ်တိုင်ပင်ဆွေးနွေးရပါတယ်။ သေခွင့်လျှောက်ထားချိန်နဲ့ ခွင့်ပြုချိန်အကြား အနည်းဆုံးတစ်လကြာပါတယ်။
သူတို့ ကို သေစေနိုင်တဲ့အကြောဆေးထိုးပေးလိုက်တာပါပဲ။ စက္ကန့် ပိုင်းအတွင်းမှာ သတိလစ်သွားပြီး ငါးမိနစ်အတွင်းငြိမ်ငြိမ်သက်သက်နဲ့ ပဲသေဆုံးသွားပါတယ်။
ဒီဥပဒေက လူသားတွေကို သိက္ခာရှိရှိသူတို့ ဘ၀ကိုအဆုံးသတ်ခွင့်နောက် ဆုံးအခွင့်အရေးကိုပေးခြင်းဖြစ် တယ်လို့ ဆိုပါတယ်။လူသားတိုင်းမှာသူတို့ ဘ၀ကို သူတို့ အဆုံးသတ်ချင်ရင် အဆုံးသတ်လိုက် ဖို့ ဆုံးဖြတ်ချက်ချနိုင်တယ်။  ဒီလိုအဆုံးသတ်တဲ့ကိစ္စမှာ ဂုဏ်သိက္ခာရှိရှိနဲ့ အဆုံးသတ်နိုင် ဖို့ ဒီဥပဒေကအာမခံပါတယ်လို့ ဆိုပါတယ်။
ဒီဥပဒေထုတ်ပြန်ပြီး ၂၀၀၂ နောက်ပိုင်းမှာ သတ်သေဖို့ ခွင့်တောင်းမှုတွေတနှစ်ထက်တနှစ်ပိုပို တိုးလာတယ်လို့ သိရပါတယ်။ 
၂၀၁၀ နဲ့  ၂၀၁၁ခုနှစ်မှာသတ်သေခွင့်တောင်းသူတွေဟာ  အသက်၆၀နဲ့ ၇၀ကြား သက်ရွယ်ကြီးရင့် သူတွေဖြစ်ပြီး ၇၅ ရာခိုင်နှုန်း ကပြင်းထန်တဲ့ ကင်ဆာရောဂါခံစားနေကြရသူတွေဖြစ်ပါတယ်။
မှတ်တမ်းတွေအရ၂၀၁၂ခုနှစ်မှာတရားဝင် သတ်သေသူ ၁၄၃၂ ဦးရှိတယ်လို့ သိရပါ တယ်။ ဥရောပတိုင်းပြည်တွေဖြစ်တဲ့ နယ်သာလန်၊ဘယ်လ်ဂျီယန်နဲ့ လူဇင်ဘတ်နိုင်ငံတွေမှာ ဒီလိုသတ်သေခွင့်ကိုတရားဝင်ခွင့်ပြုထားပြီး အမေရိကန်မှာတော့ဝါရှင်တန်၊အော်ရီဂွန်၊ မွန်တာနား နဲ့ ဗားမောင့်ပြည်နယ်တွေမှာ ဆေးပညာရှင်ရဲ့ အကူအညီနဲ့ သတ်သေခွင့်ကို ဥပဒေအရခွင့်ပြုထားပါတယ်။
the melting pot 4 U
(ကူးယူဖော်ပြပါက the melting pot 4 u မှကူးယူကြောင်းခရက်ဒစ်ပေးပါရန်မေတ္တာရပ်ခံပါသည်)



Source


1 comment:

  1. ထူးထွေသော်တည့် အံဘွယ်ရာပါတစ်ကား။ ရခဲ့လှတဲ့ လူ့ဘ၀ သတ်သေဘို့တောင် အစိုးရဆီ ခွင့်ပြုချက်တောင်းပြီးမှ သတ်သေခွင့်ပေးသတဲ့.. ဘုရားဘုရားဘုရား

    ReplyDelete