Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 16, 2013

မယ်စကြ်ာဠာပြိုင်ပွဲနှင့် နိုင်ငံရေး


မြန်မာပြည်က တရုတ်၊မြန်မာ၊ရှမ်းကပြားမလေးမိုးစက်ဝိုင် ကိုမြန်မာပြည် ကိုယ်စားပြုမယ်အဖြစ်မသတ်မှတ်ဖို့   အချို့ က ကန့် ကွက်ကြချိန်မှာ  ကိုဆိုဘိုက အလှမယ်လေးကတော့ မိုးစက်ဝိုင်လောက်ကံမကောင်းရှာပါဘူး။
သြဂုတ်စ်လမှာ မီရီဂျက်တာဟာ ကိုဆိုဘိုအလှမယ်အဖြစ်အရွေးခံခဲ့ရပါတယ်။
 ဒီနှစ်မယ်စကြ်ာပြိုင်ပွဲမှာ  ၂၀၁၃ ရဲ့ သရဖူကိုသူရနိုင်ချေရှိတယ်လို့ ထင်ကြေးပေးမှုတွေရှိပြီး ထိပ်တန်း၅ ယောက်ထဲမှာထည့်သွင်းခန့် မှန်းခြင်းခံရသူလည်းဖြစ်ပါတယ်။
ဒါပေမယ့် မယ်စကြ်ာပြိုင်ပွဲမှာ ကိုဆိုဘိုက အလှမယ်ပါဝင်ယှဉ်ပြိုင်ခွင့်ကိုရုရှားကလက်မခံခဲ့ပါဘူး။
ရုရှားက ကိုဆိုဘိုကို ပြောလိုက်တဲ့စကားကတိုတိုတုတ်တုတ်ပါပဲ။
"ဘာဖြစ်လို့ လဲဆိုတော့ ကိုဆိုဘိုဟာမလွတ်လပ်လို့ ပဲ"တဲ့။
"Because you are not independent." - Russia to Kosovo
ကိုဆိုဘိုက ၂၀၀၈ ခုနှစ်မှာ ဆားဘီးယားထံကလွတ်လပ်ရေးကြေငြာခဲ့ပေမယ့်  ကိုဆိုဘိုနိုင်ငံလွတ်လပ်ရေးဟာ ကမ္ဘာပေါ်အငြင်းပွားစရာကိစ္စတခုအဖြစ်ရှိနေတုန်းပါ။ ရုရှားနဲ့ အချို့ သောနိုင်ငံတွေက ကိုဆိုဘိုရဲ့ လွတ်လပ်ရေးကို လက်မခံကြပါဘူး။တိတိကျကျပြောရရင် ကုလသမဂ္ဂအဖွဲ့ ဝင်နိုင်ငံ ထဲက နိုင်ငံပေါင်း ၈၀ကဖြစ်ပါတယ်။
the melting pot 4 U 
(ကူးယူဖော်ပြပါက the melting pot 4 u မှကူးယူဖော်ပြကြောင်း ခရက်ဒစ်ပေးရန်မေတ္တာရပ်ခံပါသည်။)
 



Photo : beautypageantnews.com

No comments:

Post a Comment